စပွန်ဆာပြည်ပလေကြောင်းလိုင်းတစ်ခုနှင့် မြန်မာဘောလုံးအဖွဲ့ချုပ် သဘောတူညီမှုရရှိ

ရန်ကုန်၊ စက်တင်ဘာ-၂၅

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် Official Airline စပွန်ဆာအဖြစ် ပြည်ပလေကြောင်းလိုင်း တစ်ခုနှင့် သဘော တူညီမှုရရှိထားပြီး အပြီးသတ်စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောဆိုသည်။

‘ကျွန်တော်တို့ လက်ရှိမှာတော့ Official Airline စပွန်ဆာအနေနဲ့ ပြည်ပလေကြောင်းလိုင်းတစ်ခုကနေ စပွန်ဆာရဖို့ ၉၀ရာခိုင်နှုန်းလောက် သေချာနေပြီ။ ဘယ် Airline ဆိုတာတော့ မပြောနိုင်သေးဘူး။ Airlineစပွန်ဆာဆိုပေမယ့် ငွေကြေးကိုရဖို့ ဆွေးနွေးထားတယ်။ စပွန်ဆာအမောင့်ကတော့ ဘယ်လောက် ဖြစ်နိုင်မလဲဆိုရင် လက်ရှိရနေတဲ့ Co စပွန်ဆာတွေထက်တော့ များမှာပါ’ ဟု ဦးဘုန်းနိုင်ဇော်က ပြောဆိုသည်။

-Ads-
-Ads-

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လက်ရှိတွင် Co စပွန်ဆာတစ်ခု လျှင် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့်အထက် ရရှိထားသောကြောင့် လက်ရှိ Airline စပွန်ဆာမှာ ဒေါ်လာငါးသိန်းခန့် ရရှိဖွယ်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အဓိက စပွန်ဆာအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅သန်းရရှိထားကြောင်း သိရသည်။

မင်းကိုဇင်

-Ads-
-Ads-