မက္ကဆီကိုငလျင်ကြောင့်သေဆုံးခဲ့ရသည့် ပရိသတ်ကလေးငယ်အတွက် စီရိုနယ်ဒိုဖေးမ

ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်က လှုပ်ခတ်ခဲ့သော မက္ကဆီကို ငလျင်ကြောင့် စာသင်ကျောင်းပြိုကျပြီး သေဆုံးခဲ့ရသော မိမိပရိသတ်ကလေးငယ်အတွက် ၀မ်းနည်းဖေးမကြောင်း တုံ့ပြန်သွားခဲ့သည်။ပြင်းအား၇ ဒသမ ၁ ရှိ ငလျင်ကြောင့် မက္ကဆီကိုနိုင်ငံတွင် အနည်းဆုံး ၂၇၃ ဦးသေဆုံးခဲ့ရရာ ထိုအထဲတွင် စီရိုနယ်ဒိုအမာခံ ပရိတ်သတ်ကလေးငယ် ဆန်တီယေဂိုဖလိုရက်စ်လည်း ပါသွားသဖြင့် အဆိုပါ ကလေး၏ဆွေမျိုးများက စီရိုနယ်ဒိုထံ ထိုအကြောင်း အသိပေးခဲ့ပြီးနောက် စီရိုနယ်ဒိုက မိမိဂျာစီတွင် ကိုယ်တိုင် လက်မှတ်ထားထားပြီး ဆန်တီယေဂိုအတွက် ရည်စူးရေးထားသော စာသားတချို့ရေးကာ ‘ငါ့ရဲ့ နံပါတ်(၁)ပရိသတ်တွေသို့’ဟု တွစ်တာတွင် ဓာတ်ပုံနှင့်တကွရေးတင်ပြီး စာနာဖေးမကြောင်း ပြသခဲ့သည်။

ရီးရဲလ်၏မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကလည်း မက္ကဆီကိုငလျင်ဘေးအတွက် ယူရို ၅၀၀၀၀လှူဒါန်းသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။