ရီးရဲလ်အသင်း ယခုရာသီ ပထမဆုံး လာလီဂါအိမ်ကွင်းနိုင်ပွဲ စတင်ရရှိ

 

ရီးရဲလ်အသင်းသည် အောက်တိုဘာ ၁ ရက် တနင်္ဂနွေညတွင် ယှဉ်ပြိုင်ကစားခဲ့သော အက်စ်ပန်ညိုနှင့် စပိန်လာလီဂါပွဲစဉ်တွင် နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းကြောင့် ယခုရာသီ ပထမဆုံး လာလီဂါအိမ်ကွင်းနိုင်ပွဲစတင်ရရှိခဲ့သည်။

ထိုပွဲတွင် ရီးရဲလ်အတွက် အဖွင့်ဂိုးကို ပွဲချိန်နာရီဝက်မတိုင်မီ အစ္စကိုက သွင်းယူခဲ့ပြီး နောက်တစ်ဂိုးကိုလည်း ၎င်းကပင် သွင်းယူပေးခဲ့ခြင်းကြောင့် နည်းပြဇီဒန်းက ချီးကျူးသွားခဲ့သည်။

ဇီဒန်းက ‘အစ္စကိုဟာ သူ့ကိုယ်သူ အရမ်းယုံကြည်မှု ပြည့်ဝနေ တယ်။ သူဟာ ရီးရဲလ်မှာ ဘယ်လောက်အရေးပါ သူဆို တာကို သူ့ကိုယ်သူသိတယ်။ စိတ်ရှည်စွာနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ လို့လည်း သူ့စွမ်းဆောင်ရည်အတွက် ချီးကျူးမိပါတယ်။သူဟာ ပိုပြီးကောင်းသထက် ကောင်းလာဦးမှာပါ’ဟု ဆိုခဲ့သည်။

-Ads-
-Ads-
-Ads-
-Ads-