ကြယ်ပေါင်းရံခနှုတ်ဆက်ညတိုင်

“ဆရာသော်တာဆွေက မိမိကိုဂုဏ်ပြုမည်ဆိုက ကောင်းပါပေ့ဟုပြန်ပြောရာ ကမ်းလှမ်းသူများက မိမိတို့တွင်ငွေမရှိ၍ စာပေဗိမာန်ဆုအတွက် ဆရာသော်တာဆွေရရှိမည့်ငွေထဲမှ
အနည်းငယ်မျှတပေးမှ ဂုဏ်ပြုနိုင်မည်ဟု ပြောသည်ဆို၏၊၊
ဤတွင် ဆရာသော်တာဆွေက “ငွေတော့မပေးပါရစေနဲ့၊ ဂုဏ်ပြုမယ့်အစား ဓားနဲ့သာခုတ်သွားပါတော့”ဟု ပြောလိုက်သည်ဆို၏၊ ဖတ်ရတာ ရယ်စရာ၊ ပြုံးစရာလေးပါ၊၊

မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ ၁၉၆၂ ခုနှစ်က ကျင်းပခဲ့တဲ့ စာပေညီလာခံရဲ့ ဆွေးနွေးပွဲတွေထဲမှာ ဆရာဒေါင်း (ကဗျာဆရာကြီးဒေါင်းနွယ်ဆွေ)က စာတမ်း တင်ပြခဲ့ပါတယ်။

“ကဗျာအရေးအသားပြဿနာစာတမ်း”ကို တင်ပြခဲ့ရာမှာ ကဗျာကိုဘယ်လိုရေးကြမလဲ၊ ရေးရမလဲ။ ကဗျာနဲ့ တိုင်းပြည် ကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတဲ့အချက် လုံးဝမပါဘဲ ပုဂ္ဂိုလ်ရေး”ချကွက်”တွေသာပါနေတယ်လို့ ၁၈-၁၁-၁၉၆၂ ရက်မှာ ဆက်ပြီးကျင်းပတဲ့ စာပေညီလာခံမှာ ဆရာဒေါင်း (ကဗျာဆရာကြီးဒေါင်းနွယ်ဆွေ)ရဲ့ တင်ပြချက်နဲ့ပတ်သက်ပြီး “မန်းခေတ်ကိုသာနိုး”က ဝေဖန်သွားတယ်ဆိုပြီး ၁၉-၁၁- ၁၉၆၂ ရက်ထုတ် ကြေးမုံသတင်းစာမှာ သတင်းရေးသားဖော်ပြ ခဲ့ပါတယ်။

အဲဒီနေ့က ဆက်ပြီးကျင်းပတဲ့ စာပေညီလာခံမှာ ရသစာပေ ပုံသဏ္ဌာန်ပြဿနာ၊ ၀တ္ထုအရေးအသားပြဿနာ၊ ကဗျာ အရေးအသားပြဿနာ၊ စာပေဝေဖန်ရေးအတတ်ပညာနဲ့ လူမျိုးစုပုံပြင်တေးကဗျာတွေရဲ့အကြောင်းကို အသီးသီး အသက တင်ပြခဲ့ကြပါတယ်။

အဲဒီတင်ပြချက်တွေနဲ့ပတ်သက်လို့ ဝေဖန်ဆွေးနွေးဖို့ အတွက် စာရေးဆရာပေါင်း ၇၀ ကျော်က စာရင်းပေးခဲ့ကြပြီး မဲစနစ်နဲ့ ၂၈ ဦးကိုရွေးခဲ့ပါတယ်။ ၂၈ ဦးက ဝေဖန်ဆွေးနွေးခဲ့ကြ ပါတယ်။ မဲစနစ်အရ ဆွေးနွေးဝေဖန်ခွင့်ရတဲ့ ကယားပြည်နယ် မှ စာရေးဆရာ ဦးကြည်ညိုက ဝေဖန်တဲ့အခါမှာ ရန်ကုန်က စာရေးဆရာတွေဟာ ကယားပြည်နယ်ကိုလေ့လာဖို့ ရောက် လာခဲ့ကြပါတယ်။ လေ့လာပြီးတဲ့နောက် ပြန်သွားကြတဲ့အခါမှာ သူတို့ရေးသားကြတဲ့ စာတချို့မှာ ဘာကိုဖတ်ရ၊ တွေ့ရလဲဆို တော့ ကယားပြည်နယ်က မိန်းကလေးတွေလှပပုံနဲ့ ကယား ပြည်နယ်ရဲ့သာယာပုံတွေကိုပဲ ရေးကြ၊ သားကြတာကို သူ တွေ့ရ၊ ဖတ်ရပါတယ်တဲ့။

ဒီလိုသာယာတာတွေ၊ လှပတာတွေကို ရေးကြမယ့် အစား ကယားပြည်နယ်သူ၊ ပြည်နယ်သားတွေ နေထိုင်စားသောက် ကြပုံ၊ လုပ်ငန်းလုပ်ဆောင်ပုံတွေကို ရေးသားကြမယ်ဆိုရင် မြန်မာနိုင်ငံထဲမှာရှိနေကြတဲ့ ပြည်ထောင်စုသားတွေဟာ ကယားပြည်နယ်ရဲ့အကြောင်းကို သိသွားကြမှာဖြစ်ပါတယ်တဲ့။

လေ့လာဖို့ရောက်လာကြတဲ့ စာရေးဆရာတွေက လှပပုံ ကိုပဲရေးသားကြတော့ ပြည်နယ်မှာ ပင်ပင်ပန်းပန်းနဲ့ ထွန်ယက် စိုက်ပျိုးလုပ်ကိုင်ကြရတာတွေကို အားလုံးကသိနိုင်ကြတော့မှာ မဟုတ်ဘူး။ အားလုံးသိနိုင်ဖို့ဆိုရင် ပြည်နယ်တွေကိုသွားကြတဲ့ စာရေးဆရာတွေဟာ အားလုံးဗဟုသုတရပြီး အကျိုးရှိနိုင်မယ့် စာပေမျိုးတွေကိုပဲ ရေးကြစေချင်ပါတယ်လို့ ဝေဖန်အကြံပြု သွားခဲ့ပါတယ်။ ကရင်ပြည်နယ်ကနေပြီး စာပေညီလာခံကြီးကို တက်ရောက်လာတဲ့ စာရေးဆရာ]မောင်စင်ကြယ်}ကလည်း စာပေနဲ့ ဆိုရှယ်လစ်စနစ်ကို တည်ထောင်မယ်ဆိုရင် လူမျိုးစု တွေရဲ့စာပေကို ဖော်ထုတ်ပေးဖို့လိုအပ်တဲ့အကြောင်း ဝေဖန် ပြောဆိုသွားပါတယ်။

ဒီလိုမှဖော်ထုတ်မပေးဘဲ နိုင်ငံခြားစာပေတွေနဲ့ရော နှောပြီး ဆိုရှယ်လစ်စနစ်ကို ထူထောင်ကြမယ်ဆိုရင် အမျိုးသား စာပေတွေနိမ့်ကျပြီး ဆိုရှယ်လစ်စနစ်လည်း သရုပ်ပျက်သွား လိမ့်မယ်လို့ ဝေဖန်ဆွေးနွေးသွားပါတယ်။ ဒါကြောင့် နိုင်ငံခြား သရုပ်ပျက်စာပေတွေရေးသားကြမယ့်အစား ပြည်ထောင်စု သားအားလုံး သွေးစည်းရေးအတွက် လူမျိုးစုစာပေတွေ ရေးသားသွားကြဖို့ လိုအပ်ပါတယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဆရာမင်းယုဝေ၊ ဆရာမောင်ဆွေတင့်နဲ့ “မန်းခေတ်ကိုသာနိုး”တို့ကလည်း ကဗျာရေးသားမှုအကြောင်းနဲ့ ပတ်သက်ပြီး ဆရာဒေါင်းနွယ်ဆွေရဲ့ တင်ပြချက်တွေမှာ “ပုဂ္ဂိုလ်ရေးတွေသာပါပြီး”ကဗျာရေးနည်းရေးဟန်နဲ့ တိုင်းပြု ပြည်ပြု စာပေတွေရေးဖို့မပါလို့ ၀မ်းနည်းမိတဲ့အကြောင်း၊ စာပေ ညီလာခံမှာ ပုဂ္ဂိုလ်ရေးပုတ်ခတ်မှုတွေမပါဘဲ ကဗျာ စာပေရေး နည်းရေးဟန်တွေအပေါ်မှာသာ ဆွေးနွေးတင်ပြ သင့်တဲ့အကြောင်း ပြောဆိုဆွေးနွေးသွားခဲ့ကြပါတယ်။

ဒီလိုစာပေညီလာခံကြီးကျင်းပနေတဲ့ ရက်အတောအတွင်းမှာပဲ စာနယ်ဇင်းလောကအတွက် ထူးခြားမှုတစ်ခုကတော့ နိုဝင်ဘာ ၁၈ ရက် ၁၉၆၂ ညနေ ၅ နာရီမှာ ရန်ကုန်မြို့ပုဇွန်တောင်မှာ ရှိတဲ့ တပ်မြေရပ်ကွက်မှာနေထိုင်တဲ့ ကာတွန်းအနုပညာရှင် ဆရာကြီး “ဦးဟိန်စွန်း”ကို တပည့် ကာတွန်းအနုပညာရှင်များ က ဂါရ၀ပြုကန်တော့ပွဲ ကျင်းပခဲ့ကြတဲ့ သတင်းပဲဖြစ်ပါတယ်။

ဒီသတင်းကိုလည်း ၁၉၆၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်ထုတ် ကြေးမုံသတင်းစာက ဖော်ပြပေးခဲ့ပါတယ်။ တော်လှန်ရေး ကောင်စီအစိုးရ ယဉ်ကျေးမှုဌာနကလည်း မြန်မာ့ရုပ်ရှင် လောကကြီးတိုးတက်ရေးအတွက် ရုပ်ရှင်ဇာတ်ကားကောင်း တွေထွက်ပေါ်လာဖို့၊ ဇာတ်လမ်းကောင်းတွေကို ရေးသားတဲ့ သူတွေအနေနဲ့ “ခေတ်သစ်အမြင်”နဲ့ ဇာတ်လမ်းရေးတဲ့သူတွေ ကို ထိုက်သင့်တဲ့ ဥာဏ်ပူဇော်ခတွေချီးမြှင့်ဖို့ စီစဉ်ထားပါတယ် လို့ ပြောထားတာကိုမူတည်ပြီး ၁၉၆၂ ခုနှစ် ရန်ကုန်မြို့ ကမ္ဘာ အေးကုန်းမြေမှာကျင်းပတဲ့ စာပေညီလာခံကြီးပြီးသွားရင် ဇာတ်လမ်းကောင်းတွေ ရွေးချယ်ဝယ်ယူဖို့ အကောင်အထည် ဖော်တော့မယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပါတယ်။ ဒီလိုဇာတ် လမ်းကောင်းတွေဟာ ရုပ်ရှင်လောကအတွက်သာမကဘဲ
ဇာတ်သဘင်လောကကြီးအတွက်ပါဖြစ်တာကြောင့် ဇာတ်လမ်း ရွေးချယ်ရေးအဖွဲ့မှာ စာရေးဆရာတွေပါဝင်တဲ့ အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ စီစဉ်နေတဲ့သတင်းဟာလည်း စာနယ်ဇင်းမီဒီယာ တွေ ကတစ်ဆင့် ပေါ်ထွက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသမှာရှိတဲ့ “၀”ဒေသကို ကျော ထောက်နောက်ခံပြုပြီး ဒေသဖွံ့ဖြိုးမှုနည်းပါးနေသေးတဲ့ ဒေသခံ တိုင်းရင်းသားများ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြီးတော့ ပြည်ထောင်စုသားအချင်းချင်း စည်းရုံးဖို့၊ ညီညွတ်ဖို့ အတွက် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားရိုက်ကူးဖို့ စီစဉ်တဲ့ သတင်းဟာလည်း ထွက်ပေါ်လာခဲ့ပါတယ်။

စာရေးဆရာ တွေထဲက အဲဒီဒေသဘက်ကိုသွားပြီး လေ့လာ ရင်း ရုပ်ရှင်ရိုက်ကူးဖို့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းရေးပြီးခဲ့ရင် တော်လှန်ရေး ကောင်စီအစိုးရအဖွဲ့ရဲ့ တော်လှန်ရေး ကောင်စီဝင်ပြန်ကြား ရေးဌာနတာဝန်ခံဗိုလ်မှူးကြီးစောမြင့်ကို တင်ပြပြီး သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရယူမယ်ဆိုတဲ့ သတင်းကို လည်း စာနယ်ဇင်းတွေက ဖော်ပြခဲ့ပါတယ်။ စာရေးဆရာ လောကနဲ့ပတ်သက်ပြီး ၁၉-၁၁-၁၉၆၂ ရက်ထုတ် ကြေးမုံ သတင်းစာက ဖော်ပြခဲ့တဲ့ “ဂုဏ်နဲ့ငွေ”သတင်းတိုကလေးမှာ တော့ ပူပူနွေးနွေးစာပေဗိမာန်တစ်ထောင်ဆုရ စာရေးဆရာ သော်တာဆွေအား စာပေကလပ်မှ စာရေးဆရာကိုကို၊ စာရေး ဆရာမ ဂျာနယ်ကျော်မမလေး၏ခင်ပွန်း ဦးအောင်ဇေယျနှင့် စာရေးဆရာမင်းကျော်တို့ကတွေ့ဆုံပြီး စာပေကလပ်မှ ဂုဏ်ပြု လိုပါသည်ဟု ကမ်းလှမ်းသည်ဆို၏။

ဆရာသော်တာဆွေက မိမိကိုဂုဏ်ပြုမည်ဆိုက ကောင်းပါပေ့ ဟုပြန်ပြောရာ ကမ်းလှမ်းသူများက မိမိတို့တွင် ငွေမရှိ၍ စာပေဗိမာန်ဆုအတွက် ဆရာသော်တာဆွေရရှိမည့် ငွေထဲမှ အနည်းငယ်မျှတပေးမှ ဂုဏ်ပြုနိုင်မည်ဟု ပြောသည်ဆို၏။

ဤတွင် ဆရာသော်တာဆွေက “ငွေတော့မပေးပါရစေနဲ့၊ ဂုဏ်ပြုမယ့်အစား ဓားနဲ့သာခုတ်သွားပါတော့”ဟု ပြောလိုက် သည်ဆို၏၊ ဖတ်ရတာ ရယ်စရာ၊ ပြုံးစရာလေးပါ။

စာပေညီလာခံနဲ့ပတ်သက်ပြီး ကာတွန်းအနုပညာရှင် ဆရာကြီး “ဦးဘထွေး”ကလည်း ကြေးမုံသတင်းစာမှာ ကာတွန်း တစ်ပုဒ် သရုပ်ဖော်ရေးဆွဲခဲ့တဲ့အခါ “စာပေညီလာခံ”မုခ်ဦးကြီးဆီကို ဦးတည်ကာ စာအုပ်တွေက လူတွေလမ်းလျှောက်သလို လျှောက်သွားနေကြတဲ့ ပုံလေးတွေရဲ့အပေါ်မှာ “မှိုင်းတိုက် စာပေ”၊ “ခေတ်နောက်ဆွဲစာပေ”၊”အကျင့်ပျက်စာပေ”၊”စိတ် ကူးယဉ်စာပေ”၊”စီးပွားရေးစာပေ”ဆိုပြီးရေးပါတယ်။ မုခ်ဦးကြီး ကိုဖြတ်သန်းပြီး ဟိုဘက်ကိုရောက်သွားတဲ့ စာအုပ်ရဲ့အပေါ်မှာ တော့ “ပြည်သူ့အကျိုးပြုစာပေ”လို့ ဆရာကြီးကရေးခဲ့ပါတယ်။ ဒီဆောင်းပါးနဲ့အတူ ဖော်ပြပေးလိုက်တဲ့ ဓာတ်ပုံမှာတော့
၂၁-၁၁-၁၉၆၂ ညပိုင်း ၇ နာရီမှာ ရန်ကုန်မြို့ပြည်လမ်းမှာ ရှိတဲ့ မြန်မာ့အသံမြက်ခင်းပြင်ရဲ့ ညစာစားပွဲကို မြင်ရမှာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စာပေညီလာခံကြီးကို တက်ရောက် ခဲ့ကြတဲ့ စာရေး ဆရာ၊ ဆရာမတွေကို တော်လှန်ရေးအစိုးရ ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးစောမြင့်က တည်ခင်း တဲ့ ညစာစားပွဲဖြစ်ပါတယ်။

ယဉ်ကျေးမှုဌာန ပေါ်လစီညွှန်ကြားရေးဝန် ဒုတိယ ဗိုလ်မှူးကြီး “ဘို”က ဗိုလ်မှူးကြီးစောမြင့်ရဲ့ကိုယ်စား အမှတ်တရ စကား ပြောကြားနေတဲ့ ပုံလည်းဖြစ်ကြောင်းပါ။

ဆောင်းဝင်းလတ်ရေးသည်။