ရွှေကမ္ဘာလုံးဆုနှစ်ဆုအတွက် တစ်ပြေးနေတဲ့ ဂျိုလီရဲ့ ဇာတ်ကားသစ်နှစ်ကား

ကမ္ဘာကျော်သရုပ်ဆောင်မင်းသမီး အင်ဂျလီနာဂျိုလီကိုတော့ ဟောလီးဝုဒ်နိုင်ငံခြားမီဒီယာအဖွဲ့က ကျိန်းသေကြိုက်နှစ်သက်မှု ရှိနေပါတယ်။ အသက် (၄၂)နှစ်ရှိပြီဖြစ်တဲ့ ဂျိုလီရဲ့ First They Killed My Father နဲ့ The Breadwinner ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားဟာ ရွှေကမ္ဘာလုံးဆုရရှိဖို့ တစ်ပြေးနေပါတယ်။

First They Killed My Father ဇာတ်ကားဟာ နိုင်ငံခြားဘာသာစကားသုံးနှုန်းထားတဲ့ ဇာတ်ကားဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွင်း ခမာနီတို့လက်ထပ်က ရက်စက်ယုတ်မာမှုတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ကာ The Breadwinner ဇာတ်ကားကတော့ အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားနှစ်ကားစလုံးဟာ A-list စာရင်းဝင်တွေဖြစ်ပြီး ဒီဇာတ်ကားတွေသာ ဆုရရှိမယ်ဆိုရင် ဂျိုလီက စင်မြင့်ထက်မှာ ကျေးဇူးတင်စကားပြောကြားမယ်လို့ ဆိုပါတယ်။

-Ads-
-Ads-
-Ads-
-Ads-