S ခူးဝေရဲ့ “ဆက်ချစ်ဖို့”သီချင်းခွေမိတ်ဆက်

ရန်ကုန်၊ ဒီဇင်ဘာ-၁၈

တေးသံရှင် S ခူးဝေ၏ တစ်ကိုယ်တော် “ဆက်ချစ်ဖို့” တေးအယ်လ်ဘမ်တွင် ကိုယ်ပိုင်သံစဉ်များနှင့် သီချင်းဟောင်းနှစ်ပုဒ်ထည့်သွင်းထားပြီး ဒီဇင်ဘာ ၂၃ ရက်တွင် သည်ဆန်းမြူးဇစ် ပရိုဒက်ရှင်းက ဖြန့်ချိမည်ဖြစ်ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့အော့ကစ်ဟိုတယ်၌ ကျင်းပသည်။

“ခေါင်းစဉ်သီချင်းလေးကို တေးရေးဆရာ Juno ရေးပေးထားတာပါ။ သီချင်းအဓိပ္ပာယ်လေးက ချစ်သူနှစ်ဦးအကြောင်းရေးဖွဲ့ထားတာပါ။ အရမ်းချစ်စရာကောင်းတဲ့ အကြောင်းအရာလေးတွေပါတာမို့ ဒီနာမည်လေးပေးဖြစ်တာပါ။ ဒီအခွေမှာ သီချင်းဟောင်းလေးနှစ်ပုဒ်က ကျွန်တော်အရမ်းကြိုက်လို့ ပြန်ထည့်ပြီး သီဆိုထားတာပါ”ဟု တေးသံရှင် Sခူးဝေ က ပြောဆိုသည်။

-Ads-
-Ads-

သီချင်းခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင်ပြီး တေးရေးဆရာ ဆောင်းဦးလှိုင်၊ စတုန်း၊ စောဖိုးခွား (Reggae)၊ ဂန်ဒီး၊ J Ju ၊ Moses Lay, Juno, စောဗီးနို၊ အားဖူနှင့် ဝေဖြိုးတို့က ရေးသားပေးထားကြသည်။ အချိန်တစ်နှစ်ကျော် ကြိုတင်ပြင်ဆင်ခဲ့ပြီး ရပ်ဂေး၊ ကန်ထရီးနှင့် ပေါ့ပ်ဂီတအမျိုးအစားများ ထည့်သွင်းထားကြောင်း သိရသည်။ Featuring အနေဖြင့် စောအောင်မျိုးနှင့် L ဂျာဆိုင်းပန်တို့က ပါဝင်သီဆိုထားပြီး မိဘမေတ္တာ၊ မွေးနေ့နှင့် အချစ်ရသများ ထည့်သွင်းထားသည်။

-Ads-
-Ads-