တိုင်းဒေသကြီးအဆင့် ပညာရေးနှီးနှောဖလှယ်ပွဲ မန္တလေး၌ပြုလုပ်မည်

မန္တလေး၊ဒီဇင်ဘာ ၂၁

ပညာ​ရေးစနစ်​နဲ့ပတ်​သတ်​ပြီးမန္တ​လေးတိုင်း​ဒေသကြီးအတွင်းက တက္ကသိုလ်​​ကျောင်းသားသမဂ္ဂ​တွေစုစည်းကာ တိုင်း​ဒေသကြီးအဆင့်​ ပညာ​ရေးနှီး​နှောဖလှယ်​ပွဲ ​ဖေ​ဖော်​ဝါရီလအတွင်းပြုလုပ်​မည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှသိရသည်။

လက်​ရှိပညာ​ရေးစနစ်​နဲ့ပတ်​သတ်​ပြီး တက္ကသိုလ်​​ကျောင်းသားသမဂ္ဂ​တွေ ရဲ့စုစည်းမှုရယူပြီး ပညာ​ရေးနဲ့ပတ်​သတ်​တဲ့စာတမ်း​တွေ ပြုစုသွားဖို့ စီစဉ်​​နေတယ်​လို့ ရတနာပုံတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကို​ကျော်​ရဲသီဟ​ကျော်​က ​ပြောပါတယ်​။ သတင်းထောက် ခင်ခင်ချိုက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။