ပြည်သူစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ၂၀၁၇ ထူးခြားမှုခင်း ဖြစ်စဉ်မှတ်စု(၁)

 

“ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူများသည် အစွန်းရောက် မျိုးချစ်စိတ်နှင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကပြောကြား။”

 

သဘာဝဘေး ဖြစ်စဉ်များအပြင် လူတို့၏ အလိုဆန္ဒ၊ ဒေါသ အမျက်၊ ရန်ငြိုး၊ အရက်သေစာ၊ ငွေကြေး၊ ပေါ့ဆမှု၊ လူမှုရေး ကိစ္စရပ်များနှင့် မျှော်လင့်မထားသည့် မတော်တဆမှုများ ကြောင့် လူသတ်မှု၊ ရိုက်နှက်မှု၊ လိမ်လည်မှု၊ မုဒိမ်းမှု၊ ခိုး/ဆိုး/လုယက်/ ခါးပိုက်နှိုက်မှု၊ မီးလောင်မှုနှင့်ယာဉ်မတော်တဆ မှုများ ကင်းစင်သည့် ရက်၊ လ၊ နှစ်ဟူ၍ မရှိခဲ့ပေ။ နှစ်စဉ် နှစ်တိုင်းထိုအမှုဖြစ်စဉ်များ ဖြစ်ပွားနေရာတွင် ၂၀၁၇ ခုနှစ် အတွင်း စံတော်ချိန် သတင်းစာဖတ်ပရိသတ်နှင့် ပြည်သူ စိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် မှုခင်းဖြစ်စဉ်အချို့နှင့် မှုခင်း ဆိုင်ရာ ထူးခြားဖြစ်စဉ်အချို့တို့ကို စုစည်းဖော်ပြလိုက်ပါသည်-

ဇန်န၀ါရီ ၅ ရက် ည ၆ နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီး၊ ၀န်ကြီးများ၏ အထူးကွန်ရက်အဖွဲ့ဟုဆိုသည့် ကတ် အတုများကိုင်ဆောင်၍ သက္ကယ်သောင်မြစ်ကူးတံတား အမြန် တည်ဆောက်နိုင်ရေး လိုက်လံဆောင်ရွက် နေသူလေးဦးကို ငပုတောမြို့နယ် သုံးခွနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိ။

-Ads-
-Ads-

ဇန်န၀ါရီ ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသ ကြီး ရွှေဘိုမြို့နယ် မြောင်းကြီးကျေးရွာသို့သွားရာ လမ်းဘေးရှိ ကုန်စုံဆိုင်တစ်ဆိုင်၌ အထူးကု ဆရာဝန်ကြီး ဒေါက်တာအောင် မျိုးသူ၊ သီတဂူနယ်လှည့် ဆေးကုအဖွဲ့၊နယ်စည်းမခြားဆရာဝန် များအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာမြင့် နိုင်နှင့် ဆရာတပည့် စသဖြင့်လိမ်လည်ပြောဆိုအယောင် ဆောင်ကာ ငွေကြေးများ လိမ်လည်ရယူခဲ့သူကို ဖမ်းဆီးပြီး မြန်မာနိုင်ငံဆေးကောင်စီဥပဒေဖြင့်အရေးယူ။

 

ဇန်န၀ါရီ ၇ ရက် မှစတင်၍ မြန်မာနိုင်ငံတွင် ပထမဆုံး မှော်ပညာသင်တန်းကျောင်းအဖြစ် အရှေ့တိုင်းပြုစားခြင်း အတတ်ပညာများနှင့် အနောက်တိုင်း အာဖရိကအောက်လမ်း ဗူးဒူး (Voodoo)ပညာရပ်များကိုသင်ကြားမည့် အင်းစိန်မြို့ နယ် ပေါက်တောဝအနီး (၁၅/က) ရပ်ကွက် ဖန်ချက်စက်လမ်း မုဒိတာအိမ်ရာ (၂) 2A – 172 &dS Wizadry School of Myanmar – မှော် ကျောင်းတော်(မြန်မာပြည်)မှ သင်တန်း ဆရာ လင်းညှို့တာရာနှင့် ကျော်သီဟ(ခ)လပြည့်ဝန်းတို့ကို အင်းစိန်မြို့နယ်နေ ပြည်သူအချို့၏ ကန့်ကွက်တိုင်ကြားမှုအရ ဇန်န၀ါရီ ၁၅ ရက်တွင် အင်းစိန်မြို့မ ရဲစခန်း၌ ခြေချုပ်ဖြင့် အရေးယူ။

ဇန်န၀ါရီ ၉ ရက် ညနေ ၄ နာရီခွဲခန့်က နေပြည်တော်-မကွေး -ကံပြားကားလမ်း မိုင်တိုင် အမှတ်-၉/ ၄၌ ၀ါးများ သယ်ဆောင် မောင်းနှင်လာသည့် နစ်ဆန်းဒီဇယ်အမျိုးအစား ခြောက်ဘီး ယာဉ်တစ်စီး စက်ချွတ်ယွင်းပြီး ချောက်ထဲထိုးကျရာမှ ၀ါးခုတ် လုပ်သား ၁၃ ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်း အပါ ၁၉ ဦး ဒဏ်ရာရရှိခဲ့။

ဇန်န၀ါရီ ၁၁ ရက် ည ၇ နာရီခန့်က ရန်ကုန်မြို့ပန်းဘဲတန်းမြို့ နယ် ရွှေတိဂုံဘုရားလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့်အနော် ရထာလမ်းကြားရှိ စီးတီးစင်တာဒုတိထပ်တွင် ဖွင့်လှစ်ထား သည့် အကြွေစေ့ဂိမ်းဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၀င်များက ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ ဆိုင်ဝန်ထမ်းနှင့် လာရောက်ကစားသူ စုစုပေါင်း ၆၇ ဦး အဖမ်းခံရ။

YBS ယာဉ်လိုင်းများမပြေးဆွဲမီ ဇန်န၀ါ ရီ ၁၃ ရက် ည ၈ နာရီ ခန့်က ရန်ကုန်မြို့တာမွေမှ သန်လျင်သို့မောင်းနှင်မည့် အနောက်ပိုင်းခရိုင်စာသားပါ မီနီဘတ်စ်ခရီးသည်တင်ယာဉ်မှ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်သုံးဦးနှင့် ခရီးသည် အမျိုး သားနှစ်ဦးတို့ ယာဉ်မောင်းနှင်မှု ကြန့်ကြာနေသည့် ကိစ္စ အပြန်အလှန်စကားများရာမှ ယာဉ်နောက်လိုက်တစ်ဦးက သံတုတ်၊ ကျမ်းတုံးတို့ဖြင့် ရိုက်နှက်ရာ ခရီးသည်တစ်ဦးသေဆုံး ပြီး တစ်ဦးဒဏ်ရာရ။

ဇန်န၀ါရီ ၁၃ ရက် ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဗောဓိ တစ်ထောင်နှင့် ကျောက်ကာညောင်ပင်ရွာဖြတ်လမ်းဘေး ယာခင်းအတွင်း အသက် (၂၀)ခန့်ရှိ လူငယ်စုံတွဲ တစ်တွဲချိန်း တွေ့စဉ် မိန်းကလေးမှာ မြွေပွေးအကောင်ပေါက် ၃၀ ခန့် အကိုက်ခံရခြင်းကြောင့် သေဆုံး။

ဇန်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရွှေကျင်မြို့ နယ်၌ ဗိုက်ဆာသည်ဟု ပြောဆိုငိုယိုနေသည့် သုံးနှစ်အရွယ် သမီးဖြစ်သူ၏ နှာခေါင်းနှင့် ပါးစပ်တို့ကို (၂၂ )နှစ်အရွယ် မိခင်ဖြစ်သူက ဦးထုပ်ဖြင့် ပိတ်ထားစဉ်အသက်ရှူကျပ်သေဆုံး ခဲ့ခြင်းနှင့်ပတ်သက်၍ သေမှုသေခင်းမှ လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ခဲ့။

ဇန်န၀ါရီ ၁၅ ရက်တွင် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဝတ်မှုန် ရွှေရည်(ခ)ကစ်ကစ်က Cele Cele Small အမည်ရှိ လူမှု ကွန်ရက်စာမျက်နှာတွင် ၎င်းနှင့်ပတ်သက်၍ ဖော်ပြခဲ့မှု များသည်အားပေးသည့် ပရိသတ်များ ထင်ယောင်ထင်မှား ဖြစ်စေ ခြင်းနှင့် ယုံကြည်မှုကင်းမဲ့စေသည့် အထင်အမြင် လွဲမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အရေးယူစုံစမ်းပေးရန် ရန်ကင်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာတွင် ရဲတပ်ဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး ယင်းလူမှုကွန်ရက်စာမျက်နှာ၏ Admin (စုံစမ်းဆဲ) ဟုယူဆရသည့် Miss Inter-national Queen 2014 ဂေး အလှမယ်မျိုးကို ကိုစန်းကို ဗန်ကောက်ခရီးမှ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ဇန်န၀ါရီ ၁၇ ရက် ညပိုင်းတွင်ဖမ်းဆီး။

ဇန်န၀ါရီ ၁၇ ရက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက်စောဆံတော်ရှင်စေတီ (ခ) စက်စဲရေ လယ်ဘုရား စိန်ဖူးတော်ခိုးယူခံရမှုနှင့် ပတ်သက်၍ အသက် (၂၇)နှစ်အရွယ် တံငါလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးကို စက်စဲရဲကင်း စခန်းမှ တပ်ဖွဲ့ဝင်များက ဇန်န၀ါရီ ၁၈ ရက်တွင် ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး ဇန်န၀ါရီ ၂၀ ရက်တွင် စိန်ဖူးတော်အား ကပ္ပလီ ပင်လယ်အတွင်း ရေကျချိန်၌ ပြန်လည်တွေ့ရှိ။

ဇန်န၀ါရီ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်း ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို အမည်မသိ၊ မျက်နှာကာ ဦးထုပ်ဆောင်းထားသည့် လူငယ် သုံးဦးက လာရောက်ခေါ်ဆောင်သွားပြီးနောက်ပိုင်း နံနက် ၁၀ နာရီတွင် ဦးအောင်ဇင်ထွန်းကို မလန်းကျေးရွာနှင့် ဂျာရာ ယန်သွားလမ်း စွန့်ပစ်မြေစာပုံ ဟောင်းအနီးတွင် သေနတ် ကျည်ဆန်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ။

ဇန်န၀ါရီ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄/ ၁-၂ ၌ ပုဂံ-ညောင်ဦး ဘုရားဖူးခရီးစဉ်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ဟိုက်အေ့စ် အမျိုးအစား ယာဉ်သည် ယာ-ရှေ့ဘီးပေါက်၍ လမ်းလယ်ကျွန်း နှင့် အလူမီနီယံတန်းများကို ၀င်တိုက်မိပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ သင်္ဃန်းကျွန်းမြို့နယ် ဆဌဂံဆောက် လုပ်ရေးကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦးနှင့် ၀န်ထမ်းများဖြစ် ကြသည့် အမျိုးသား တစ်ဦး၊ အမျိုးသမီးခုနစ်ဦး စုစုပေါင်းကိုးဦး တို့ အနက်ရှစ်ဦးမှာ ယာဉ်အတွင်း မီးလောင်သေဆုံးခဲ့ပြီးအခင်း ဖြစ်ချိန်က ယာဉ်ကိုမောင်းနှင်ခဲ့ပြီး လွတ်မြောက်ခဲ့သည့် အမျိုးသားဝန်ထမ်း အောင်ခန့်(ခ)ဇွဲမြန်မာကို စီအိုင်ဒီမှ စစ်ဆေးခဲ့ပြီးနောက် ပြစ်မှု ဥပဒေပုဒ်မ-၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ။

ဇန်န၀ါရီ ၂၁ ရက် နံနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသ ကြီးတောင်သာမြို့နယ် ဆီမီးကန်ကျေးရွာနေ ကျော်ကျော်ထွန်း ၃၇ နှစ်နှင့် ဇနီး ဖြစ်သူ မပု(၃၈)နှစ်၊ သားဖြစ်သူ ဇင်ကိုထက် ရှစ်နှစ်နှင့် ၀င်းထက် လေးနှစ်၊ သမီးဖြစ်သူ ၀င်းစန္ဒာတစ် နှစ် အပါအ၀င် မိသားစုငါးဦးတွင် တီဘီဆေးယဉ်ပါး ရောဂါရှိပြီး ဆေးမကုသနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးသည့် ဒဏ်မခံနိုင်ခြင်းတို့ ကြောင့် လင်မယားနှစ်ဦး တိုင်ပင်ပြီး သားသမီးသုံးဦးကို ကြွက် သတ်ဆေးတိုက်၊ ဓားဖြင့်ခုတ်ရာ ၀င်းစန္ဒာမှာ သေဆုံးခဲ့ပြီး သားနှစ်ဦးမှာ ပေါက်ပြဲပြတ်ရှဒဏ်ရာများနှင့် လင်မယားနှစ်ဦး တစ်ယောက်တစ်လှည့် ဓားဖြင့်ခုတ်ကိုယ်တိုင်အဆုံးစီရင်ရာ တွင်လည်း ပေါက်ပြဲ ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် ထိုလင်မယားကို တောင်သာမြို့မ ရဲစခန်းတွင် ပြစ်မှုဥပဒေ ပုဒ်မ- ၃၀၂/၃၀၇/၃၀၉/ ၃၂၆တို့ဖြင့် အမှုဖွင့်။

ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal-1 ၌ ပြန်ကြားရေးဝန်ကြီးဌာန ဒေါက်တာဖေမြင့်အဖွဲ့နှင့်အတူ အင်ဒိုနီးရှားနိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးတရားလွှတ် တော်ရှေ့နေ ဦးကိုနီကို သေနတ်သမားကြည်လင်းက ပစ္စတို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သတ်ဖြတ်ပြီးနောက်ထွက်ပြေး စဉ် အုတ်နီခဲကျိုးဖြင့် ပစ်ပေါက်ဖမ်းဆီးခဲ့သည့် လေဆိပ်တက္ကစီ ယာဉ်မောင်းအဖွဲ့မှ ကိုနေ၀င်းကိုလည်း ထပ်မံပစ်ခတ်ရာ ကိုနေ၀င်းသေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးကျော်ဆွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းတို့က ရန်ကုန်မြို့ရှိ မူးယစ်ဆေး ၀ါးပြတိုက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူများသည် အစွန်း ရောက်မျိုးချစ်စိတ်နှင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရ လုပ်ကြံ သတ်ဖြတ်ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောကြား။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၌ ကျေးလက်ရတနာ ပရဟိပညာရိပ်သာဖွင့်လှစ်ထားသည့် ဦးတော်မီအောင်(၇၂)နှစ်က ထိုပညာရိပ်သာတွင် ကျောင်းတက်နေသူ ကိုးတန်း ကျောင်းသူကို ဇန်န၀ါရီ ၂၂ ရက် ညပိုင်းတွင် နှစ်ကြိမ်တိုင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ဇန်န၀ါရီ၃၀ ရက် တွင် ကလောမြို့မရဲစခန်းသို့ တိုင်ကြား။

ဇန်န၀ါရီ ၃၁ ရက် ညနေ ၅ နာရီခွဲခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့၌ အငယ်ဆုံးသားဖြစ်သူ ထက် ဝေအောင်(ခ)ဖိုးသားက ဖခင်ကိုပေါက်ပြားဖြင့် ထုသတ်မှု။ ဖေဖော်ဝါရီ ၂ ရက် ည ၉ နာရီ မိနစ် ၄၀ ခန့် က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက် ဇေယျာခေမာလမ်း ရဲဘော် ဟောင်းမှတ်တိုင်အနီးရှိ ကုန်ခြောက်ဆိုင်မှစတင်၍ တစ်နာရီ နီးပါးအကြာမီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၅၀ ကျော် မီးလောင်ဆုံးရှုံး။

ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏ ကမာကြည်လမ်းအတိုင်း ညောင်အိုင်လမ်း သွယ်မှ ထွက်လာသည့် ဆူဇူကီးအမျိုးအစားယာဉ်နှင့် YBS 75 ယာဉ်လိုင်းမှ တစ်စီးတို့ ဘုရင့်နောင်လမ်းမှတ်တိုင်၌ တိုက်မိရာမှ တိုယိုတာဘယ်လ်တာယာဉ်နှင့် မှတ်တိုင်၌ဘတ်စ် ကားစောင့်နေသည့် အမျိုးသမီးတစ်ဦးအပါ သုံးဦးကိုထပ်မံဝင် တိုက်မိရာ ဘတ်စ်ကားစောင့်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရ။

ဖေဖော်ဝါရီ ၁၅ နံနက် ၂ နာရီက မန္တလေး တိုင်း ဒေသကြီး မိတ္ထီလာမြို့ ထမုန်ကန်ကျေးရွာအုပ်စု စက်ပြစ်တောင်ကျေးရွာ နေအောင်သူ(ခ)ဒေ၀ (၂၄)နှစ်သည် အရက်မူးပြီး ဇနီးဖြစ်သူ နှင့် စကားများရန်ဖြစ်ရာ ဖေဖော်ဝါရီ ၉ ရက်တွင် မွေးဖွားခဲ့ သည့် အသက် ခြောက်ရက်သာရှိသေးသော သမီးဖြစ်သူ၏ ဦးခေါင်းကို ကော်လက်နှိပ်ဓာတ်မီးဖြင့် ရိုက်သတ်ပြီး ခင်လူး ချောင်းထဲသို့စွန့်ပစ်ခဲ့။

ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခန့်က ကရင်ပြည်နယ် ဘားအံမြို့နယ် ပေ ၁၇၀ အမြင့်ရှိ ဇွဲကပင်တောင်ပေါ်မှ ရည်းစားဖြစ်သူနှင့် စကားများခဲ့သူ ပြင်သစ်နိုင်ငံသား Yan Nick Nornah Din (၃၇)နှစ်ဆိုသူ ခုန်ချသေဆုံး။

ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ရီမြင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးသည့် ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ် အတွက် အကယ်ဒမီ ဆုရရှိခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ဇော်မျိုးနောင်(ခ) နောင်နောင် (၃၂)နှစ်ကို မန္တလေးရှိ၎င်း၏နေအိမ်ခြံဝင်းအတွင်း ၌ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ။

ဖေဖော်ဝါရီ ၂၂ ရက်က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အိုးပုတ်ကုန်းကျေးရွာအုပ်စု ထန်းပင်ကုန်းကျေးရွာ၌ အသက်(၇၃)နှစ်အရွယ် မိခင်ဖြစ်သူထံမှ ငွေကျပ် ၁၅၀၀၀ ပေးရန် တောင်းရာ မရသဖြင့် လည်ပင်းညှစ်သတ်ပြီး အိမ်သာကျင်း ပျက်ထဲသို့ပစ်ချကာ အလောင်းဖျောက်ဖျက်ခဲ့သည့် အသက်(၃၈)နှစ်အရွယ်သမီးဖြစ်သူကို မတ် ၄ ရက် တွင် ဖမ်းဆီးရခဲ့။

ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံသားများပါဝင် သည့် မူးယစ် ဆေးဝါး မှောင်ခိုဂိုဏ်းကို တန်ဖိုးငွေကျပ်သန်း ပေါင်း ၄၃၃၄၈ ဒသမ ၃၁ ရှိ မူးယစ်ဆေးဝါး အမြောက်အမြား နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ။

ဖေဖော်ဝါရီ ၂၈ ရက် ည ၈နာရီ ခွဲခန့်က ရန်ကုန်တိုင်းဒေသ ကြီး ကြည့်မြင်တိုင်မြို့နယ်ဈေး ကလေးရပ်ကွက် ရိပ်သာ(၇)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ဆောက်လက်စကန်ထရိုက် တိုက်ဘေး၌ စွန့်ပစ်ခံရသည့် မွေးကင်းစရက်သာ(ယောက်ျား) တစ်ဦးအားတွေ့ရှိ။

မတ် ၁ ရက်က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီးရှိ ဟိန်း အာကာအပ်ချုပ်ဆိုင်၌ လာရောက်လုပ်ကိုင်နေသည့် အိမ်အကူ လားရှိုးမြို့နယ် နမ့်မွန်ကျေးရွာနေ မအေးကျင်(ပအိုးဝ်တိုင်းရင်းသူ)အား လက်နှင့်ဒူး ခေါင်းတို့ကိုအပ်ဖြင့်စိုက်ကာ ပလာရာဖြင့် ဆွဲနုတ် ခြင်းအပါအ၀င် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်နေသည့် အဆိုပါအပ်ချုပ်ဆိုင်ပိုင်ရှင် နိုင်အောင်(ခ)အားချိုင်(၂၅)နှစ်နှင့် ဇနီးဖြစ်သူ ဆောင်းနှစ်သစ်ဦး (၂၁)နှစ်တို့ကို အမရပူရမြို့မ ရဲစခန်းတွင် ဖမ်းဆီးအရေးယူ။

မတ် ၂ ရက်က ရန်ကုန်မြို့မှ ကျိုက်ထီးရိုးစေတီသို့ မိသားစု ဖြင့် ဘုရားဖူးခရီးထွက်လာသူ ဦးလှနုမောင်(၄၃)နှစ်သည် ကျီးကန်းပါးစပ်ဂူမှ ရင်ပြင်တော်သို့ ခြေကျင်တက်ရာတွင် အမောဆို့ သေဆုံးခဲ့။

မတ် ၆ ရက်က ခိုးရာလိုက်ပြေးလာသည့် န၀မတန်းကျောင်းသူ တစ်ဦးသည် ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း)ပြည်မြို့ရှိ တည်းခိုခန်း တစ်ခန်း၌တည်းခိုနေစဉ် ၎င်းအားခိုးပြေးလာသည့် အမျိုးသား ပြန်မလာသဖြင့် ကိုကာကိုလာနှင့်ဓာတ်ဆီရော သောက်ပြီး လက်ကောက်ဝတ်အား အချို ရည်ဘူးခွံသတ္တုဖြတ် ပိုင်းဖြင့် လှီးဖြတ်ကာ မိမိကိုယ်ကိုယ်အဆုံးစီရင်။

မတ် ၇ ရက် နံနက် ၉ နာရီခန့်က တာမွေ မြို့နယ် တာမွေလေး ရပ်ကွက် လေးထောင့်ကန်လမ်းအနီးရှိ ခုနစ်ပင်လိမ်ချောင်း အတွင်း ဘက်ဟိုး ဖြင့် အမှိုက်များရှင်းစဉ် ၉ မမကျည်ဆန် ၂၇ တောင့်၊ သုည ဒသမ ၃၀၃ ကျည် နှစ်တောင့်၊ AK 47 ကျည် တစ်တောင့်နှင့် ကျည်ခွံနှစ်ခု စုစုပေါင်းကျည် ၃၂ တောင့်နှင့် ဓား အတို၊ အရှည် စုစုပေါင်း ၁၂ လက်တွေ့ရှိ သိမ်းဆည်းရမိ။

မတ် ၇ ရက် နံနက် ၁၀ နာရီခန့်က မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ပြလို့ကျေးရွာ အုပ်စု ပြလို့ကျေးရွာ အမှတ်-၅နယ်မြေ၌ အသက် (၇၅) နှစ်အရွယ် အဘိုးအိုက အသက်(၆၈)နှစ် အရွယ် ဇနီးဖြစ်သူကို စကားများ၊ ရန်ဖြစ်စဉ် ဓားဖြင့် ခုတ်သတ်။

မတ် ၇ ရက် ည ၁၀ နာရီခွဲတွင် အမျိုးသားရေးတက်ကြွ လှုပ်ရှားသည့် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူ၏ ညွှန်ကြားချက်အရ Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းကို မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့ဝင် မြတ်စိတ်ထားပရဟိတ ကျူရှင်ဆရာကျော်မျိုးရွှေက မဟာအောင် မြေမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်း၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)ဖြင့် အမှုဖွင့်တိုင်တန်း။

-Ads-
-Ads-