သောကြာည ပရီးမီးယားလိဂ်ပွဲစဉ်(၁၉) သုံးသပ်ချက်

အာဆင်နယ် VS လီဗာပူး
ကစားမည့်အချိန် – နံနက် ၂း၁၅

အာဆင်နယ် နောက်ဆုံးသုံးပွဲရလဒ်
၂၀-၁၂-၂၀၁၇ အာဆင်နယ် ၁-၀ ၀က်စ်ဟမ်း
၁၆-၁၂-၂၀၁၇ အာဆင်နယ် ၁-၀ နယူးကာဆယ်
၁၄-၁၂-၂၀၁၇ ၀က်စ်ဟမ်း ၀-၀ အာဆင်နယ်

လီဗာပူး နောက်ဆုံးသုံးပွဲရလဒ်
၁၇-၁၂-၂၀၁၇ ဘုန်းမောက် ၀-၄ လီဗာပူး
၁၄-၁၂-၂၀၁၇ လီဗာပူး ၀-၀ ၀က်စ်ဘရွန်း
၁၀-၁၂-၂၀၁၇ လီဗာပူး ၁-၁ အဲဗာတန်

နှစ်သင်း နောက်ဆုံး သုံးပွဲရလဒ်
၂၇-၀၈-၂၀၁၇ လီဗာပူး ၄-၀ အာဆင်နယ်
၀၅-၀၃-၂၀၁၇ လီဗာပူး ၃-၁ အာဆင်နယ်
၁၄-၀၈-၂၀၁၆ အာဆင်နယ် ၃-၄ လီဗာပူး

ပရီးမီးယားလိဂ်ရာသီဝက်ပြည့်တဲ့ ပွဲစဉ်(၁၉)ရဲ့ အဖွင့်ပွဲကို သောကြာညမှာ အာဆင်နယ်-လီဗာပူးပွဲနဲ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ အသင်းတိုင်းဟာ တစ်ပတ်သုံးပွဲနှုန်းနီးပါး ကစားကြရပြီး လီဗာပူးကတော့ လိဂ်ဖလားပွဲကနေ စောစောစီးစီးထွက်ခဲ့ရတာကြောင့် ကြားရက်မှာ ပွဲမရှိဘဲ အာဆင်နယ်ထက် နားရက်ပိုရခဲ့ပါတယ်။ အာဆင်နယ်ဟာ ကြားရက် ၀က်စ်ဟမ်းနဲ့လိဂ်ဖလား ကွာတားဖိုင်နယ်မှာ တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့ပြီး ဒီပွဲမှာ တိုက်စစ်မှူး ဂီရော့ဒ်တံကောက် ကြောဒဏ်ရာရသွားတာကြောင့် အနည်းဆုံးသုံးပတ်နားရမှာဖြစ်လို့ အသင်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ တိုက်စစ်မှူးဆိုလို့ လာကာဇက်တီတစ်ဦးသာရှိတော့လို့ ၀ဲလ်ကော့၊ ဆန်းချက်ဇ်စတဲ့ ကစားသမားတွေကို တိုက်စစ်မှူး အဖြစ် သုံးကောင်းသုံးရမယ်လို့ နည်းပြအာစင်ဝင်းဂါးက ဖွင့်ဟထားပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ အဆင့်(၄) အပြင်ကိုရောက်နေပြီး အဆင့် (၆)နေရာက ဘန်လေထက် တစ်မှတ်သာ အသာရတာကြောင့် အခုလီဗာပူးနဲ့ပွဲမှာ ရှုံးခဲ့ရင် အခြေအနေဆိုးသွားမှာပါ။ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်လေးပွဲမှာ တစ်ပွဲသာနိုင်ပြီး နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးခဲ့ရာမှာ သုံးဂိုးသာသွင်းနိုင်ခဲ့လို့ အာဆင်နယ်တိုက်စစ်ပိုင်းဟာ အားနည်းချက် များနေပါတယ်။

နောက်ဆုံးအဝေးကွင်း လေးပွဲဆက်နိုင်ခဲ့ရာမှာ ၁၆ဂိုးအထိ သွင်းထားနိုင်တဲ့ လီဗာပူးမရှုံးနိုင်လို့ လီဗာပူးကိုပဲ အကြိုက် တွေ့မိပါတယ်။