၂၀၁၇ ခုနှစ် ကမ္ဘာ့သတင်း မှန်ကူကွက်များ (သြဂုတ်)

 

“ဒိုကလမ်းဒေသ၌ တရုတ်နိုင်ငံက စစ်ရေးအရ ခိုင်ခိုင်မာမာ ခြေကုပ်ယူနိုင်ခဲ့လျှင် အိန္ဒိယနိုင်ငံ ကျန်ဒေသများနှင့် အရှေ့မြောက်ဒေသ ပြည်နယ်များကို ချိတ်ဆက်ပေးထားသော မဟာဗျူဟာအရ အလွန်အရေးပါသည့် ကြက်လည်ပင်းစင်္ကြံလမ်းကြောင်း (Siliguri Corridor) ကိုလည်း တရုတ်နိုင်ငံက စစ်ရေးအရ စိုးမိုးထားနိုင်သည်။”

အာရှကို ကိုင်လှုပ်လိုက်သည့် စကားတစ်ခွန်း(၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက်)

ရန်ဘက်နိုင်ငံများအပေါ် သဘောထားတင်းမာသည့် အမေရိကန်သမ္မတအချို့ ရွေးချယ်သုံးစွဲသည့် ဝေါဟာရများ သည် တစ်ခါတစ်ရံ ကမ္ဘာသိပေါရာဏဝေါဟာရများဖြစ်သွား တတ်သည်။ ဥပမာအားဖြင့် ဆိုဗီယက်ပြည်ထောင်စုအပေါ် သဘောထား တင်းမာသည့် အမေရိကန်သမ္မတ ရေဂင်သည် ၁၉၈၃ ခုနှစ်အတွင်းက ဆိုဗီယက်ပြည် ထောင်စုကိုရည်ညွှန်း၍ မိစ္ဆာအင်ပါယာ Levil Empire ဟူသောစကားလုံးကို ရွေးချယ်သုံးစွဲခဲ့သည်။ ထိုစကားလုံးသည် ဆိုဗီယက်ပြည် ထောင်စု ပြိုကွဲသွားချိန်အထိ ကမ္ဘာ့နိုင်ငံရေးဗန်းစကားဖြစ်ခဲ့သည်။

-Ads-
-Ads-

အမေရိကန်သမ္မတဂျော့ဒဗလျူဘုရှ်သည် ၂၀၀၂ ခုနှစ် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုအား အန်တုဗလပြုနေကြသည့် အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့ကို မိစ္ဆာ ၀င်ရိုးတန်းနိုင်ငံများ ((Axis of evil)အဖြစ် ကင် ပွန်းတပ်ခဲ့သည်။ ထိုစကားလုံးသည်လည်း ကမ္ဘာ့ သတင်းမီဒီယာများ၌ အသုံးများသော ကမ္ဘာ့နိုင်ငံရေးဗန်း စကားဖြစ်လာခဲ့ရသည်။

၂၀၁၇ခုနှစ် သြဂုတ် ၉ ရက်တွင်လည်း အမေရိကန်သမ္မတ တစ်ဦးကြောင့် ကမ္ဘာ့နိုင်ငံရေးလောက ဗန်းစကားသစ်တစ်လုံး ထပ်မံထွက်ပေါ်လာပြန်ပြီ ဖြစ်သည်။ နယူးဂျာစီပြည်နယ် ဂေါက်ကလပ်တစ်ခု ၌ ၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက်တွင် ကျင်းပခဲ့သည့် အော့ပီးယော့ (Opioids)ဆေးသုံးစွဲမှုကပ်ဘေး ဆိုင်ရာ အစည်းအဝေးတစ်ရပ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိ ကန်ပြည်ထောင်စုကို ဆက်မခြိမ်းခြောက်ဘူးဆိုလျှင်အကောင်း ဆုံးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အကယ်၍အမေရိကန်ပြည် ထောင်စုကို ဆက်၍ခြိမ်းခြောက်နေမည်ဆိုလျှင် မြောက်ကိုရီး ယားနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် မကြုံဖူးသေးသည့် ပစ်အားနှင့် ဒေါသမာန်ဟုန်(Fire and Fury)နှင့် ရင်ဆိုင်ရ လိမ့်မည်ဖြစ်ကြောင်း” ကောက်ခါငင်ခါ ပြောချခဲ့သည်။

သမ္မတဒေါ်နယ်ထရန့်၏ နျူကလီးယားပစ်အားနှင့် ဒေါသမာန် ဟုန်ဝေါဟာရ စတင်ထွက်ပေါ် လာချိန်သည် ကိုရီးယားကျွန်း ဆွယ်ဒေသ၌ စစ်ရေးအခြေအနေတင်းမာနေချိန်၊ အမေရိကန် ပြည်ထောင်စုအချုပ်အခြာပိုင်ဂူဟမ်ကျွန်းအနီးသို့ ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်မည်ဟူ၍ မြောက်ကိုရီးယားက ခြိမ်းခြောက် ထားချိန်ဖြစ်သည်။ သို့ဖြစ်ရာ သမ္မတဒေါ်နယ်ထရန့်၏ နျူကလီး ယားပစ်အားနှင့် ဒေါသမာန်ဟုန်မှတ်ချက်စကားကြောင့် အာရှ ဒေသတွင်းရှိ အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်များရော၊ ရန်သူများပါ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည်။ အချို့သောလေ့လာ သူများကဆိုလျှင် မြောက်ကိုရီးယားနျူကလီးယားအစီအစဉ်ကို အကြောင်းပြု၍ ကိုရီးယားကျွန်းဆွယ်ဒေသစစ်ဖြစ်မည့်အရေး သည် စိတ်ကူးထင်ကြေးမျိုး မဟုတ်တော့ကြောင်း သုံးသပ် ထားကြသည်။

တစ်ဖန် တစ်ဖက်၏ဒေါသမာန်ပါသော ကြေညာချက်ကို တစ်ဖက်က အယူအကောက်လွဲခဲ့ပါက မမျှော်လင့်ဘဲ စစ်ဖြစ် သွားနိုင်သည့် အခြေ အနေမျိုးရှိရာ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေးများနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှာလည်း သမ္မတဒေါ်နယ်ထရန့်၏ နျူကလီးယား စစ်ဘေးနှင့် ဒေါသမာန်ဟုန်မှတ်ချက်စကားအတွက် ဖုံးရဖိရ၊ နှစ်သိမ့်ရဖြင့် အတော်လေးအလုပ်များခဲ့ရသည်။

မည်သို့ဖြစ်စေ ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးကာလတွင် အမေရိ ကန်လေတပ်က ဂျပန်နိုင်ငံ နာဂါဆာကီမြို့ကို အဏုမြူဗုံးကြဲ ချခဲ့သော သြဂုတ် ၉ ရက်တွင် တေ့တေ့ဆိုင်ဆိုင်ထွက်ပေါ် လာသော နျူကလီးယားပစ်အားနှင့် ဒေါသမာန်ဟုန်မှတ်ချက် သည် မြောက်ကိုရီးယားပြဿနာရှိနေသေးသမျှ နိုင်ငံရေးဗန်း စကားတစ်လုံးအဖြစ် ရပ်တည်နေဦးမည်ဖြစ်သည်။

ဟိမ၀န္တာတောင်မင်းပေါ်မှ ရန်ပွဲတစ်ပွဲ၏ နိဂုံး

(၂၀၁၇ ခုနှစ် သြဂုတ် ၂၈ ရက်)

၁၉ ရာစုကို ကိုလိုနီနယ်ချဲ့ခဲ့စဉ်က အာရှအတွက် ထားရစ်ခဲ့ သည့် အမွေအနှစ်များထဲတွင် အငြင်းပွားဖွယ်နိမိတ်စည်းများ လည်း အပါအ၀င်ဖြစ်သည်။ ကိုလိုနီခေတ်နေ၀င်ခဲ့ပြီဖြစ်သည့် တိုင် အငြင်းပွားဖွယ် နယ်နိမိတ်စည်းများကြောင့် အာရှအိမ်နီး ချင်းနိုင်ငံများအကြား နယ်စပ်စစ်ပွဲများအကြိမ်ကြိမ်ဖြစ်ခဲ့ဖူး သည်။ ကုလသမဂ္ဂ၌ တိုင်ဟယ်တောဟယ်လည်းလုပ်ခဲ့ကြ ဖူးသည်။ ၂၁ ရာစု အတွင်းသို့ ၀င်ရောက်လာခဲ့ပြီဖြစ်သည့် တိုင် ၁၉ ရာစုနယ်နိမိတ်စည်းပြဿနာအချို့မှာ စစ်မီးထ တောက်နိုင်သည့် ပြဿနာပွိုင့်များအဖြစ် ကျန်ရှိနေဆဲဖြစ် သည်။ ထိုကဲ့သို့ စစ်မီးထတောက်နိုင်သော နယ်နိမိတ်ပြဿနာ ပွိုင့်များထဲတွင် တရုတ်၊ အိန္ဒိယနှင့် ဘူလ်တန်နယ်စည်းသုံးပွင့် ဆိုင်ဒေသဖြစ်သော ဟိမ၀န္တာဒေသ ဒိုကလမ်းကုန်းမြင့် သို့မဟုတ် တုစ်လန်းကုန်းမြင့်နယ်မြေလည်းအပါအ၀င်ဖြစ် သည်။

ဒိုကလမ်းဒေသ၌ လမ်းဖောက်လုပ်လျက်ရှိသော တရုတ် အင်ဂျင်နီယာတပ်များကို အိန္ဒိယတပ်ဖွဲ့ဝင်များက ဒိုကလမ်း နယ်မြေအတွင်း ၀င်ရောက်တားဆီးခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန် ၂၆ ရက်မှစ၍ ဒိုကလမ်းကုန်းမြင့်ဒေသ၌ တရုတ်နှင့်အိန္ဒိယတပ် များ နှစ်လကြာထိပ်တိုက်ရင်ဆိုင်မှု စတင်ခဲ့ရသည်။ ထိပ်တိုက် ရင်ဆိုင်မှုကား လရှည်ကြာလာသည်နှင့် အမျှ နှစ်ဖက်စလုံးက လည်း စစ်သံပေးလာကြသည်။ အိန္ဒိယနိုင်ငံကဟိမ၀န္တာနယ် စပ်တစ်လျှောက်၌ တပ်အင်အားများ တိုးမြှင့်ခဲ့သလို တရုတ် နိုင်ငံကလည်း တိဗက်ကုန်းမြင့်ဒေသ ကျည်စစ်သုံး စစ်ရေး လေ့ကျင့်မှုများနှင့် အိန္ဒိယကို သတိပေးလာခဲ့သည်။ သို့ဖြစ်ရာ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကာလ က နယ်မြေပိုင်နက်အငြင်းပွား မှုပြဿနာအတွက် ရက်တိုစစ်ပွဲဖြစ်ပွားခဲ့ဖူးသော တရုတ်နှင့် အိန္ဒိယတို့အကြား ဒိုကလမ်းနယ်မြေပြဿနာနှင့်ပတ်သက်၍ စစ်ပွဲတစ်ပွဲ ထပ်မံပေါ်ပေါက်လာမည့်အရေးကိုဒေသတွင်း နိုင်ငံများက စိုးရိမ်တကြီးစောင့်ကြည့်ခဲ့ရသည်။

စင်စစ်အားဖြင့် ဒိုကလမ်းကုန်းမြင့်ဒေသအငြင်းပွားမှုပြဿနာ သည် အိန္ဒိယနှင့် တရုတ်အကြားဖြစ်ပွားနေသည့် နယ်စပ် ပြဿနာမဟုတ်ပါ။ တရုတ်နှင့် အိန္ဒိယ၏ သြဇာထီးရိပ်အောက် တွင်ရှိသည့် ဘူလ်တန်ဘုရင့်နိုင်ငံတို့အကြား ပေါ်ပေါက်နေ သောပြဿနာဖြစ်သည်။ ဒိုကလမ်းဒေသကို တရုတ်နိုင်ငံက ၁၈၉၀ ပြည့်နှစ် အင်ဂလို ဇိနသဘောတူညီချက်အရ တိဗက် ဒေသတွင် ပါဝင်သော နယ်မြေအဖြစ် သတ်မှတ်ထားပြီး ဘူလ်တန်နိုင်ငံကမူ ဒိုကလမ်းနယ်မြေဒေသမှာ တရုတ်နှင့် ဘူလ်တန်အကြား ဆွေးနွေးအဖြေရှာရန် လိုအပ်ဆဲဖြစ်သည့် ပိုင်ဆိုင်ခွင့်အငြင်းပွားနယ်မြေအဖြစ် မှတ်ယူထားသည်။

သို့ရာတွင် ဒိုကလမ်းဒေသသည် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရ အလွန်အရေးပါသည့် ဒေသဖြစ်သည်။ အထူးသဖြင့် ဒိုကလမ်းဒေသ၌ တရုတ်နိုင်ငံလမ်းများ ဖောက်လုပ်လာခြင်းသည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် သည့်ပြဿနာတစ်ရပ် ဖြစ်လာသည်။ ဒိုကလမ်း ဒေသ၌ တရုတ်နိုင်ငံက စစ်ရေးအရ ခိုင်ခိုင်မာမာခြေကုပ်ယူ နိုင်ခဲ့လျှင် အိန္ဒိယနိုင်ငံ ကျန်ဒေသများနှင့် အရှေ့မြောက် ဒေသပြည်နယ်များကို ချိတ်ဆက်ပေးထားသောမဟာဗျူဟာ အရ အလွန်အရေးပါသည့် ကြက်လည်ပင်းစင်္ကြံလမ်းကြောင်း (Siliguri Corridor)ကိုလည်း တရုတ်နိုင်ငံကစစ်ရေးအရ စိုးမိုးထားနိုင်သည်။ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံ ဒိုကလမ်းဒေသ၌ တရုတ်နိုင်ငံက ပြုလုပ်နေသောလမ်း ဖောက်လုပ်သူများကို တားဆီးခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် တရုတ်နှင့် အိန္ဒိယတို့သည် ၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက်တွင် ကြေညာချက်များ အသီးသီးထုတ်ပြန်၍ နှစ်လကြာဒို က လမ်းနယ်မြေစစ်ရေးတင်းမာမှုကို နိဂုံးချုပ်ရန် သဘောတူ ခဲ့ကြသည်။ ထိုနည်းအားဖြင့် ဟိမ၀န္တာကုန်းမြင့်ပေါ်၌ စစ်ပွဲ တစ်ပွဲဖြစ်ပွားမည့်အရေးကို တရုတ်နှင့်အိန္ဒိယနိုင်ငံတို့က ယာယီအားဖြင့် ရှောင်ရှားနိုင်ခဲ့ပြီဖြစ်သည်။

သို့တိုင်အောင် ဒိုကလမ်းဒေသသည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် အမျိုးသား လုံခြုံရေးအရ၊ အမျိုးသား အကျိုးစီးပွားအရ အရေးပါသည့် ဒေသဖြစ်နေဆဲဖြစ်ရာ ဒိုကလမ်းဒေသ တိတ်ဆိတ်မှုသည်လည်း ယာယီမျှသာဖြစ် နိုင်ပါသည်။

အရှေ့တစ်ခွင် နီလာပြီ(၂၀၁၇ ခုနှစ် သြဂုတ်)

၂၀၁၇ ခုနှစ် သြဂုတ် ၃၁ ရက်တွင် တရုတ်နိုင်ငံရေးရာသီ၏ အရေးအကြီးဆုံးနေ့တစ်နေ့ကို တရုတ်အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးအင်အား ရှင်နိုင်ငံ အဖြစ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ တရုတ်နိုင်ငံ ရယူထားနိုင်သည့် သြဇာရပ်ဝန်းအတိုင်းအဆ၊ ထို နေ့သည် တရုတ်နိုင်ငံရေးရာသီအတွက်သာမက ကမ္ဘာကြီးအတွက် လည်းအရေးကြီးသော နေ့တစ်နေ့ဖြစ်လာပါလိမ့်မည်။

တရုတ်ကွန်မြူနစ်ပါတီ၏ (၁၉)ကြိမ်မြောက် အထွေထွေ ညီလာခံကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်အစိုးရက သြဂုတ် ၃၁ ရက်တွင် ကြေညာခဲ့သည်။ သြဂုတ် ၃၁ ရက်ကြေညာချက်နှင့်အတူ အောက်တိုဘာ ၁၈ ရက်တွင် စတင်တော့မည့် တရုတ်ကွန်မြူ နစ်ပါတီ၏ နန်းပလ’င်ကစားပွဲ (Home of Thrones)နှင့် ပတ် သက်ပြီး စောင့်ကြည့်လေ့လာသူများ၏ တွေးဆချက်အမျိုးမျိုး လည်း ပေါ်ထွက်လာခဲ့ရသည်။

၂၀၁၇ ခုနှစ်အတွင်း ဖြစ်စဉ်အမျိုးမျိုးကြောင့် ကမ္ဘာကြီး၏ အခင်းအကျင်းမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားပုံရသည်။ လစ်ဘရယ်စံနှုန်းများကို ဒုတိယကမ္ဘာစစ် စစ်လွန်ခေတ် တစ် လျှောက်လုံး ကာကွယ်လာသည့်အမေရိကန်ပြည်ထောင်စု သည် သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် စီးပွားရေး အမျိုးသားရေးဝါဒ အသိုက်အမြုံတွင်းသို့ ပြန်ဝင်မည့် အရိပ် အယောင်ပြလာသည်။ ဥရောပတစ်တိုက်လုံး အမျိုးသားရေး ၀ါဒမုန်တိုင်းထန်လာသည်။ ထိုကဲ့သို့ တစ်ကမ္ဘာလုံး ယောက် ယက်ခတ်နေချိန်တွင် ကွန်မြူနစ်ပါတီ၏ ဆိုရှယ်လစ်အိုင်ဒီယို လော်ဂျီကို မမှိတ်မသုန် ယုံကြည်သည့် တရုတ်သမ္မတရှီကျင်း ပင်က တရုတ်နိုင်ငံအနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် နှင့် ကုန်သွယ်ရေးလွတ် လပ်မှုသဘောတရားတို့ကို ကာကွယ် သွားမည်ဖြစ် ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ ကြွေးကြော်လိုက်သည်။

သို့ဖြစ်ရာ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကုန်သွယ်ရေးလွတ်လပ် မှုတို့ကို ကာကွယ်လိုသည့် လစ်ဘရယ်ဝါဒီများ၏ မျှော်လင့် ချက်သည် အမေရိကန်ပြည်ထောင်စုထံမှသည် တရုတ်နိုင်ငံ ဘက်သို့ အရွေ့ပြသွားသည်။ ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ကွန်မြူနစ်ပါတီညီလာခံသည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှု အပြောင်းအလဲ၊ မူဝါဒအပြောင်းအလဲများကို ချမှတ်မည်ဖြစ်ရာ (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံမှ ထွက်ပေါ် လာမည့် ရလဒ်များကို တစ်ကမ္ဘာလုံးက စောင့်ကြည့် နေ ပါလိမ့်မည်။

တစ်နည်းအားဖြင့် ကမ္ဘာကြီး၏ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် အသက်ဆက်ရေးနှင့် စီးပွားရေးအလားအလာများသည် (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေညီလာခံမှ ထွက်ပေါ်လာမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ကမ္ဘာ့အမြင်များ အပေါ်တွင် မူတည်နေနိုင်လောက်ပါသည်။

-Ads-
-Ads-