ပြည်သူစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ၂၀၁၇ ထူးခြားမှုခင်းဖြစ်စဉ် မှတ်စု(၂)

 

“မကွေးမြို့ မြင်သာရပ်ကွက် သစ္စာလမ်းနှင့် ၂၉ လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေ အဆင့်မြင့်အအေးခန်း စားသောက်ဆိုင်၌ နာရီဝက်ခန့်အကြာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အာရ်စီနှစ်ထပ်တိုက်တစ်ခုလုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး အမျိုးသား ၁၁ ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၁၅ ဦး သေဆုံး။”

မတ် ၈ ရက်က “ဒီတစ်ကြိမ် လိုအပ်လို့ စစ်တပ်က အာဏာ သိမ်းရင် သမိုင်းတရားခံက ဗိုလ်ချုပ်သမီးပဲ″ဟူသော စာသား များကို ဖေဖော်ဝါရီ ၂၆ ရက်တွင် လူမှုကွန်ရက်စာမျက်နှာသို့ တင်ခဲ့သူ ကျော်မျိုးရွှေကို ရန်ကုန်မြို့နေ ဒေါ်မြမြဌေးက စမ်းချောင်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှုဖွင့်။

မတ် ၈ ရက်က Myanmar Now သတင်းဌာနရုံးခန်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ပြောဆိုချက်များသည် မဘသအဖွဲ့အစည်းနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဝီရသူကို ထိခိုက်စေသည်ဟုဆိုကာ ကြည့်မြင်တိုင်မြို့နယ်နေ သက်မျိုးဦးဆိုသူက ဦးဝီရသူ၏ သြ၀ါဒကို ခံယူပြီးနောက် ကိုဆွေဝင်းကို ဘာသာ၊ သာသနာ ညှိုးနွမ်းစေမှု၊ ပြစ်မှုဥပဒေပုဒ်မများဖြင့် ထိရောက်စွာအရေးယူ ပေးရန် ကျောက်တံတားမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား။

-Ads-
-Ads-

မတ် ၉ ရက် ည ၆ နာရီခွဲခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၄၇)ရပ်ကွက် ရသာရုံလမ်း၌ အမျိုးသားတစ်ဦးငှားရမ်း နေထိုင်ခဲ့သည့် နေအိမ်တစ်အိမ်ကို အိမ်ရှင်က သန့်ရှင်းရေး ပြုလုပ်စဉ်ကျပ် ၁၀၀၀၀တန် ငွေစက္ကူအတု ကျပ် ၁၀သိန်း အုပ် ကျပ်သိန်း ၁၀၀၀ အစည်း ၁၃ စည်း (ကျပ် သိန်းပေါင်း ၁၃၀၀) တွေ့ရှိ။

မတ် ၁၂ ရက်က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် တိုက်နယ်အမှတ်(၁)တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက် ဦးစီးမှူးဦးမြင့်သိန်း(၄၂)နှစ်ကို မြောက်ရေကြည်ကျေးရွာ အုပ်စုရှိ လယ်သမားများထံမှ ငွေကျပ် ၂၅ သိန်းကျော်လာဘ် ငွေအဖြစ် တောင်းယူခဲ့ကြောင်း နေပြည်တော်ရှိ အဂတိတိုက် ဖျက်ရေးကော်မရှင် ဦးစီးအရာရှိ ဦးအေးဝင်းအောင်(စစ်ဆေးရေး) ၏ တိုင်ကြားချက်အရ တောင်ငူအမှတ်(၂)နယ်မြေ ရဲတပ်ဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၇ ဖြင့် အမှုဖွင့်ဖမ်းဆီး။

မတ် ၁၃ ရက် နံနက် ၃ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင် မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ ဆွေညီနောင်စတိုးဆိုင် အလုပ်သမ မထက်ထက်ဇော်(၁၂)နှစ်နှင့် မမေသဇင်(၁၀)နှစ်တို့ကို မီးဖုတ်ထားသည့်သံချောင်း ဖြင့် ခန္ဓာကိုယ်အနှံ့တို့ခြင်း အပါအ၀င်နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခဲ့သူ ဆိုင်ပိုင်ရှင် မဖြူဖြူထွန်း(ခ)ဒေါ်ငယ်အသက်(၄၀)ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ။

မတ် ၁၈ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂၅)ရပ်ကွက်ပြည်ထောင်စုလမ်း အမှတ် (၁၁)ရှိ ပျဉ်းကတိုးနှင့် အင်အမျိုးအစား သစ်နှစ် တန်ခန့်ဖြင့် တည်ဆောက်ထားသည့် နေအိမ်တစ်လုံးကို မတ် ၁၇ ရက်တွင် လူ ၁၀ ဦးခန့်၏ ဖြိုဖျက် အခိုးခံရခြင်းနှင့်ပတ်သက်၍ အိမ်ရှင်ဒေါ်စိမ့်(ခ) ဒေါ်စိမ့်စိမ့် သွယ်အောင်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းသို့ တိုင်တန်း။

မတ် ၂၂ ရက် နံနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၇၁ လမ်းနှင့် ၇၂ လမ်းကြား ကျန်စစ်သားလမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာသည့် ဦးရဲဝင်း(၃၇ )နှစ်၏ နဖူးတည့်တည့်တွင် ကျည်ဆန်မှန်သေဆုံးခဲ့ခြင်း သည် လုပ်ကြံခံရခြင်းမဟုတ်ဘဲ တစ်နေရာမှတွင်ဖြစ်ပြီး မတော်တဆ လာထိမှန်သည့် သဘောဟု ယူဆကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်း(ပင်စင်မယူမီ)က မတ် ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် ပထမအကြိမ် မြန်မာနိုင်ငံ အမျိုးသား အဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ မူကြမ်းဆွေးနွေးပွဲ ခေတ္တနားချိန်တွင် သတင်းမီဒီယာများကို ပြောဆို။

မတ် ၂၈ ရက် နံနက် ၈ နာရီခန့်က ရန်ကုန် မြို့ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်း ကြားလမ်း(၅၀) ကွန်ဒိုရှေ့အမှတ်- (၁၅)ငါးလွှာရှိ New Wave Service အိုင်တီ ကုမ္ပဏီရုံးခန်း၌ ကုမ္ပဏီပိုင်ရှင် ဗိုလ်မှူး ဟောင်း ဦးမင်းဆွေအသက် (၇၀ )ကို မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးကာ(မစိုးရိမ်ရ)ပိုက်ဆံအိတ်နှင့် ရွှေလက်စွပ်တို့ကို အနုကြမ်းစီး လုယက်ယူဆောင်။

မတ် ၂၈ ရက် ည ၁၁ နာရီခွဲခန့်က လှိုင်သာယာမြို့နယ် အောင်မြေသာယာဘုရားအနီး ဘောလုံးကွင်း၌ ပွဲသွား ကြည့်ရန် အိမ်နီးချင်းအမျိုး သားတစ်ဦးက မောင်….(၁၅)နှစ်ကို ခေါ်သွား ပြီးနောက် နောက်တစ်ရက်တွင် သားဖြစ်သူမှာ အိမ်သာတက်မရကြောင်း ပြောကြားသဖြင့် မေး မြန်းရာ ပွဲသို့ခေါ်သွားသူ အမျိုးသားက အဓမ္မပြု ကျင့်ကြောင်းသိရ သဖြင့် မိခင်ကတရားလိုလုပ် အမှုဖွင့်တိုင်တန်း။

မတ် ၃၁ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်က မရမ်းကုန်းမြို့နယ် ပြည်လမ်းမကြီး၌ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ မ…. (၂၆)နှစ် (သမီးတစ်ဦးနှင့် စိတ်ကျန်းမာရေးချို့ယွင်းနေသည့် သားတစ်ဦးရှိ)သည် အိမ်ထောင်ရေး၊ စီးပွားရေးနှင့် သားသမီး ရေးစသည့် စိတ်ဖိစီးမှုများကြောင့် သတိလက်လွတ်ဖြစ်ကာ အ၀တ်ဗလာကျင်းလျက် လမ်းလျှောက်သွားလာနေ။

ဧပြီ ၂ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်က မကွေးမြို့ မြင်သာ ရပ်ကွက် သစ္စာလမ်းနှင့် ၂၉ လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေ အဆင့်မြင့် အအေးခန်းစားသောက်ဆိုင်၌ နာရီ ၀က်ခန့်အကြာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အာရ်စီနှစ်ထပ်တိုက် တစ်ခုလုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး အမျိုးသား ၁၁ ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၁၅ ဦး သေဆုံး။

ဧပြီ ၂ ရက်က ရွှေပြည်သာမြို့နယ် အမှတ် (၄)လမ်းမကြီး ကွန်ပျူတာတက္ကသိုလ်နှင့် MAX ဆီဆိုင်ကြား၌ စိတ်ကျန်း မာရေးဆေးရုံမှ ဆင်းလာသူ အသက်(၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး အ၀တ်ဗလာဖြင့် လမ်းလျှောက်နေ။

ဧပြီ ၅ ရက် နံနက် ၇ နာရီခန့်က နေပြည်တော် လယ်ဝေး မြို့နယ် ချောင်းခွအုပ်စု နနွန်းကျင်းကျေးရွာ၌ ဖခင်ဖြစ်သူ မှတ်ကြီး(ခ)ထွန်းဝင်းက အသက်ခြောက်နှစ်အရွယ် သားဖြစ်သူ မောင်ပြည့် ပြည့်နှင့် လေးနှစ်အရွယ် သမီး မမြင့်မြင့်မိုးတို့ကို ဓားဖြင့်ခုတ်သတ်ပြီး ၎င်းကိုယ်တိုင်လည်း ဓားဖြင့် ထိုးသွင်းသေကြောင်းကြံ။

ဧပြီ ၇ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့င၀န်မြစ်အတွင်း ကျောက်ငူဆိပ်ကမ်းအနီး နဒီရွှေဇင်အမည်ရှိ ကျောက်တင် CB တွဲသင်္ဘောရေယာဉ်က ပုသိမ် မြို့မှ သမန်းချောင်းကမ်းသို့ မင်္ဂလာဆောင်အပြန် စင်းလုံးငှားခရီးသည် ၆၀ ၀န်းကျင်ဖြင့် ထွက်ခွာလာသည့် ငွေကြယ်ပွင့်မော်တော်ယာဉ်၏ ရှေ့မှ ဖြတ်မောင်းစဉ် ရေယာဉ်နှစ်စင်းတိုက်မိခြင်းကြောင့် ငွေကြယ်ပွင့်သင်္ဘော နစ်မြုပ်သွားမှုတွင် အမျိုးသား/အမျိုးသမီး ၃၀ကျော်၏ ရုပ် အလောင်းများကို ဆယ်ယူရရှိခဲ့ပြီး အသက်ရှင်သူ အမျိုးသား ၁၈ဦး၊ အမျိုးသမီးလေးဦးကို ကယ်ဆယ်နိုင်။

ဧပြီ ၉ ရက် ည ၈ နာရီခန့်က ဗဟန်းမြို့နယ် အရှေ့ ရွှေဂုံတိုင်လမ်းအတိုင်း မောင်းနှင်လာသည့် ၀ိုင်ဘီအက်စ်(၂၉)ယာဉ်လိုင်းမှ ယာဉ်တစ်စီးက ငါးထပ်ကြီးဘုရား အနီး လမ်းဖြတ်ကူးသည့် MRTV-4 (For Sport) သတင်းဌာနမှ အား ကစားသတင်း တင်ဆက်သူ ကိုအောင်တင့်လွင်ကို ၀င်တိုက်မိရာ အတိုက်ခံရသူ သေဆုံး။

ဧပြီ ၁၀ ရက် နံနက် ၁ နာရီ မိနစ် ၄၀ ခန့် က မြတ်သဲခကို အရှုံးပေးကြောင်း ၀ဲဘက်လက်ဝါး တွင် စာရေးသားထားသည့် အမျိုးသားတစ်ဦး ရန်ကုန်မြို့ ဗဟန်းမြို့နယ် EXCEL Tower ရှေ့ ရွှေဂုံတိုင်ခုံးကျော်တံတားပေါ်မှ ခုန်ချသေဆုံး။

ဧပြီ ၁၀ ရက် ည ၉ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ရွှေဘိုတက္ကသိုလ်အနီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တပ်ဖွဲ့ဝတ်စုံနှင့် အဆင့်တံဆိပ်များ ၀တ်ဆင်အသုံးပြုပြီး ဒုတိယ ရဲမှူးကြီးဟုလည်းကောင်း၊ ဒေါက်တာဟုလည်းကောင်း လိမ်လည်ပြောဆိုကာ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ခဲ့သူ စိုင်းပြည့်စုံချမ်း(ခ)မြတ်သာချမ်း(၄၂)နှစ်ကို လိုင်စင်မဲ့ယာဉ်နှင့် အတူဖမ်းဆီး။

ဧပြီ ၁၄ ရက်နှင့် ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့)အတွင်းက ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် (၂)ရပ်ကွက်ဗိုလ်တထောင် ဈေးလမ်း အမှတ် (၂၀၈-ဘီ) ပထမထပ်၌ ဖွင့်လှစ်ထားသည့် သံမဏိနှင်းဆီဂျာနယ်ရုံးခန်းအတွင်း၌ ထုတ်ဝေသူ ကိုဝေယံဟိန်း(၂၈)နှစ် ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁၅ ချက်ခန့် ဖြင့် အသတ်ခံရ။

ဧပြီ ၁၉ ရက် ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အေးသာယာရပ်ကွက် ရွှေသိမ်တော် ကြီးကျောင်းတိုက်အနီး ချက်ကြိုးတန်းလန်းဖြင့် ရက်သားကလေးငယ်(ယောက်ျားလေး) တစ်ဦးကို ခြင်အုပ်မွေ့ရာ၊ ငွေကျပ်နှစ်သောင်း၊ သြဇာညွန့်နှင့် အတူ စွန့်ပစ်ထားခဲ့ရာ မုံရွာ(တောင်)နယ်မြေ ရဲကင်းမှူးက စာချုပ်စာတမ်းဖြင့် မွေးစား။

ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်က မန္တလေး မြို့အောင်မြေသာ စံမြို့နယ် လမ်း ၈၀ နှင့် ၁၃ လမ်း ကြားရှိ ကျုံးရေပြင်အတွင်း သို့ မအေးစုစုထွေး(ခ)အိုင်အေးရှား အသက်(၂၀)သည် သားဖြစ်သူ ရှိုင်းအာကာအောင်(ခ)မွတ်စ်တာဖာရ်(ခုနစ်လ)ကို ပွေ့ချီ၍ ခုန်ချသေကြောင်းကြံစည်ခဲ့ရာ မအေးစုစုထွေး (ခ)အိုင်အေးရှား (အသက် ၁၄ နှစ်အရွယ်ခန့်ကငှက်ဖျားရောဂါပိုး ကြောင့် စိတ်ကျန်းမာရေးချို့တဲ့သဖြင့် ဆေးကုသခဲ့ဖူးပြီး မီးဖွားပြီးနောက် ရောဂါပြန်ဖြစ်လာသူ)မှာ အခင်းဖြစ်နေ့တွင် သေဆုံးခဲ့ပြီး အသက်မသေဘဲ ဆယ်ယူရရှိခဲ့သည့် ၎င်း၏သား ဖြစ်သူမှာလည်း ဆေးကုသမှုခံယူနေစဉ် ဧပြီ ၂၂ ရက် မွန်းတည့်ချိန်တွင် သေဆုံး။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းတွင် အမှုစစ်တာဝန်ထမ်း ဆောင်စဉ် ပြစ်မှုကျူးလွန်သူ၏ သမက် ဖြစ်သူ သက်ထွန်းအောင်ထံမှ လာဘ်ငွေကျပ်နှစ်သိန်းခန့်ကို တာဝန်မှူးရုံးခန်း၌ တောင်းယူခဲ့သည့် ဒုရဲ အုပ်ခင်မောင်ညိုကို နေပြည်တော် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးစိုးသန်းက၂၀၁၇ ခုနှစ် ဧပြီ ၂၁ ရက် တွင်လည်း ကောင်း၊ ယင်းသက်ထွန်းအောင်ထံမှပင် လာဘ် ငွေကျပ်သိန်း ၂၀ ကို တောင်းခံပြီး အာဏာကို အလွဲသုံးစား ပြုကာ အမှုအား တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပြု ပြန်ကြားရန် ဆောင်ရွက်ခဲ့သည့် အဆိုပါမြို့နယ်ဥပဒေရုံး မြို့နယ်ဥပဒေအရာရှိ ကျော်သူယျာဝင်း (ယခု-ဒက္ခိဏခရိုင် ဥပဒေရုံး ဦးစီးအရာရှိ)ကို ထိုကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က ဧပြီ ၂၂ ရက်တွင်လည်းကောင်း အသီးသီးစစ်ဆေးပေါ်ပေါက်ချက်များအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ များဖြင့် အမှုဖွင့်

။ဧပြီ ၂၂ ရက် ညနေပိုင်းက ရွှေပြည်သာမြို့ နယ် အမှတ်(၅)ရပ်ကွက် ပုလဲလမ်းအတိုင်းကိုယ်လုံးတီးလမ်းလျှောက်လာ သည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ၀ိုင်းဝန်းထိန်းသိမ်း။

ဧပြီ ၂၄ ရက်က မြန်မာ့ခရမ်းပြာအမည်ရှိ မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယိုဟုဆိုကာ Art of Myanmar Production အမည်ရှိ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် နမူနာရုပ်သံဖိုင် ကြော်ငြာ Link ပြသကာ တည်းဖြတ်ထားသည်ကို ကြည့်ရှု လိုသူများအတွက် ကျပ် ၅၀၀၀ နှင့် အပြည့်အစုံကြည့်ရှုလို သူများအတွက် ကျပ် ၁၀၀၀၀ဖြင့် ရောင်းချမှုများ လူမှုကွန်ရက် တွင် ပျံ့နှံ့နေခြင်းအပေါ် ပြည်သူများဝေဖန်မှုမြင့်တက်ခဲ့သည့် အပြင် ယင်းဗီဒီယိုဖိုင်တွင် သရုပ်ဆောင်အမျိုးသမီး ၀တ်ဆင် ထားသည်မှာ သူနာပြုဝတ်စုံနှင့် ဆင်တူနေသည့်အတွက် အရေးယူပေးရန် မြန်မာ နိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီက တိုင်တန်း။

ဧပြီ ၂၇ ရက် ည ၉ နာရီခန့်က မော်ဒယ်လ် သရုပ်ဆောင် စုဒါလီသန်းထွန်း(ခ)ရွှေမြင့်မိုရ် (၂၈)နှစ်နှင့် အမျိုးသားသုံးဦးကို တာမွေမြို့နယ် နတ် ချောင်းရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ငါးလွှာတိုက် ခန်းတစ်ခန်း၌ မူးယစ်ဆေးဝါးများ၊ ဆက်စပ် ပစ္စည်း များနှင့်အတူ မူးယစ်တပ်ဖွဲ့စု(၄၂)မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိ။ မေ ၂ ရက် ည ၁၁ နာရီခန့်က နေပြည်တော် ကောင် စီနယ်မြေ လယ်ဝေးမြို့နယ် အေလာမြို့နေပြည်တော် လေဆိပ်လမ်း မိုင်တိုင်အမှတ် ၇/၃ ပိတောက်ချောင်းကျေး ရွာအုပ်စု ချောင်း စောက်ရိုးအနီးယာဉ်များကို တားကာ စစ်ဆေးနေသူ ယာဉ်ထိန်းရဲအယောင်ဆောင် ဒုတပ်ကြပ် အဆင့်ဝတ်စုံ ၀တ်ဆင်ထားသည့် ရန်နိုင်ဦး(၂၅) နှစ်ကို ၀တ်စုံ/ ရောင်ပြန်အင်္ကျီ၊ ငွေကျပ် ၁၀၅၀၀၊ ချလန်စာအုပ်အတု တစ်အုပ်၊ ဓာတ်မီး၊ ဘောလ်ပင် တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျော် မင်းသူနှင့် ကိုရင်(ခ)ဇင်အောင်တို့မှာ ထွက်ပြေး တိမ်းရှောင်။

-Ads-
-Ads-