ကိုယ့်သားသမီးအတွက် ကျန်းမာရေးလက်ဆောင်ပေးဖြစ်တယ်ဆိုတဲ့ ဝမ်း

ဓာတ်ပုံ - နဒီ

ရန်ကုန်၊ ဒီဇင်ဘာ-၂၂

အဆိုတော် R ဇာနည် ၏ဇနီးဖြစ်သူ သရုပ်ဆောင်ဝမ်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလလယ်ခန့်တွင် ဒုတိယမြောက်ရင်သွေးကို မွေးဖွားမည်ဖြစ်ပြီး ပင်မဆဲလ်ကိုသိမ်းဆည်ရန် စီစဉ်ထားကြောင်း စံတော်ချိန်သို့ ပြောဆိုသည်။

“ပထမသားကြီးတုန်းက ပင်မဆဲလ်ကို အဲဒီလိုမျိုးတွေတောင် မသိမ်းဖြစ်လိုက်ဘူး။ အခုသားငယ်မွေးချိန်မှ ဒီလိုသိမ်းဆည်းလို့ရတာ တွင်ကျယ်လာတယ်။ သားငယ်ကျတော့ လုပ်ဖို့အခွင့်အရေးရလို့လုပ်ဖြစ်တာပါ။ သက်သက်ချဲ့ကားပြီးလုပ်တာလည်း မဟုတ်ပါဘူး။ အဓိကကတော့ ရောဂါတော်တော်များများကို ဆွေမျိုးသားချင်းတွေလည်း ကုသနိုင်တာကြောင့်ပါ။ ဥပမာ – သွေးလိုအပ်တာကအစ ဒီထုပ်ထားတဲ့အချင်းလေးနဲ့ လုပ်နိုင်တယ်။ ကိုယ့်သားသမီးအတွက် ကျန်းမာရေးလက်ဆောင်ပေးဖြစ်တယ်လို့လည်း ပြောလို့ရပါတယ်”ဟု သရုပ်ဆောင်ဝမ်းက ပြောဆိုသည်။ ဝမ်း၏သားကြီး ဉာဏ်ဘုန်းဇာနည် (ခ) ဖစ်ဖစ်တုန်သည် အသက်ရှစ်နှစ်ဖြစ်ပြီး၊ ဝမ်းမှာ လက်ရှိကိုယ်ဝန်ဖြင့် ကျန်းမာရေးအတွက် ယောဂလေ့ကျင့်ဖြစ်ပြီး ဒေါက်တာမေသူမျိုးညွန့်နှင့် ပန်းလှိုင်ဆေးရုံ၌ ရိုးရိုးမွေးဖွားမည်ဖြစ်ကြောင်း သိရသည်။

-Ads-
-Ads-
-Ads-
-Ads-