အဲဗာတန် Vs ချယ်လ်ဆီး

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုရလဒ်

၂၆-၁၀-၁၇ ချယ်လ်ဆီး ၂-၁ အဲဗာတန် (လိဂ်ဖလားပွဲ)
၂၇-၀၈-၁၇ ချယ်လ်ဆီး ၂-၀ အဲဗာတန် (ပရီးမီးယားလိဂ်ပွဲ)
၃၀-၀၄-၁၇ အဲဗာတန် ၀-၃ ချယ်လ်ဆီး (ပရီးမီးယားလိဂ်ပွဲ)

အဲဗာတန် နောက်ဆုံးသုံးပွဲရလဒ် ချယ်လ်ဆီး

-Ads-
-Ads-

အဲဗာတန် ၃-၁ ဆွမ်ဆီး
နယူးကာဆယ် ၀-၁ အဲဗာတန်
လီဗာပူး ၁-၁ အဲဗာတန်
ချယ်လ်ဆီး ၂-၁ ဘုန်းမောက်
ချယ်လ်ဆီး ၁-၀ ဆောက်သမ်တန်
ဟက်ဒါစဖီးလ် ၁-၃ ချယ်လ်ဆီး

အဲဗာတန်ဟာ နည်းပြသစ် ဆမ်အလာဒိုက်စ်လက်ထက်မှာ အရင်နည်းပြ ရော်နယ်ကိုးမန်းလက်ထက်က အသင်းစိတ်ဓာတ်နဲ့ ခြေစွမ်းဆိုးရွားမှုကို ချက်ချင်းရပ်တန့်လိုက်နိုင်ပြီး အသင်းကြီးအဆင့်ခြေစွမ်းရှိကြောင်း နိုင်ပွဲတွေတောက်လျှောက်ရယူရင်း သက်သေပြနိုင်ခဲ့ပါတယ်။ အလာဒိုက်လက်ထက် နောက်ဆုံးပရီးမီးယားလိဂ် လေးပွဲဆက်မှာ အဲဗာတန်ဟာ ခြောက်ဂိုးသွင်းပြီး တစ်ဂိုးသာပြန်ပေးရလို့ လေးပွဲစလုံးအနိုင်ရခဲ့တဲ့အတွက် အမှတ်ပေးဇယား (၉)နေရာအထိ တက်လှမ်းလာနိုင်ပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲမှာလည်း အဲဗာတန်ဟာ ငါးပွဲအနိုင်ရခဲ့ပြီး လီဗာပူးနဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ တစ်ဂိုးစီသရေကျတဲ့တစ်ပွဲသာ နိုင်ပွဲပျောက်ဆုံးခဲ့တယ်။ ဒီလိုအကောင်းဆုံး ခြေစွမ်းရနေချိန် ပရီးမီးယားလိဂ်ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲဟာ အလာဒိုက်လက်ထက် အဲဗာတန်ကို မှတ်ကျောက်တင်ရမယ့်ပွဲဖြစ်နေပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ကြားရက်က ဘုန်းမောက်နဲ့ ကာရာဘာအိုဖလား ကွားတားဖိုင်နယ်ပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီပွဲမှာ ချယ်လ်ဆီးအတွက် အနိုင်ဂိုးကို ပွဲစဉ်နောင်းပိုင်းမှ လူစားဝင်ကစားတဲ့ တိုက်စစ်မှူး မိုရာတာက ပွဲသိမ်းခရာမှုတ်ခါနီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာချယ်လ်ဆီးအတွက် အရေးအပါဆုံးဂိုးဖြစ်ခဲ့ပေမယ့် မိုရာတာဟာ ဘောလုံးကိုပြန်မပေးဘဲ အချိန်ဆွဲတဲ့အတွက် အဝါကတ်ထိခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒီအဝါကတ်ဟာ အခုရာသီမှာ ငါးကြိမ်မြောက်ထိတဲ့ အဝါကတ်ဖြစ်လို့ မိုရာတာဟာ အလိုအလျောက် အနီးစပ်ဆုံးတစ်ပွဲပွဲပယ်ခံရပြီး အဲဗာတန်နဲ့ပွဲကို လွဲချော်ရပါပြီ။ အသင်းရဲ့အဓိက ဂိုးသွင်းရှင် မိုရာတာကို အဲဗာတန်လို အစွမ်းကုန်ခြေတက်နေတဲ့အသင်းနဲ့ပွဲမှာ ဆုံးရှုံးရခြင်းဟာ ချယ်လ်ဆီးအတွက် ကြီးမားတဲ့ထိုးနှက်ချက်လို့ နည်းပြကွန်တီကိုယ်တိုင်က ဖွင့်ပြောထားပါတယ်။ မိုရာတာကို အသုံးပြုနိုင်မှာမဟုတ်တဲ့အတွက် ချယ်လ်ဆီးဟာ အဲဗာတန်နဲ့ပွဲမှာ အရန်တိုက်စစ်မှူး ဘတ်ရှုဝါရီကိုသာ အားထားရပါတော့မယ်။ နောက်ထပ်ထိုးနှက်ချက်တစ်ရပ်ကတော့ အဓိကဗဟိုခံစစ်မှူး ဒေးဗစ်လုဇ် ဒဏ်ရာကြောင့် အခုပွဲ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်တဲ့အတွက် ချယ်လ်ဆီးဟာ တိုက်စစ်ရောခံစစ်အပိုင်းမှာပါ အားနည်းချက်တွေရှိနေခဲ့ပြီဖြစ်ပါတယ်။ အဲဗာတန်ဘက်မှာ လိုက်တန်ဘိန်းစ်၊ ရော့စ်ဘာကလေနဲ့ ဆီမက်ကိုးလ်မန်းတို့လည်း ဒဏ်ရာတွေရနေကြတယ်။

ဖွင့်လှစ်မှုအနေအထားကတော့ ချယ်လ်ဆီးက တစ်ဂိုးအသာနဲ့နိုင်ရင် ၃၀ ရာခိုင်နှုန်းပဲ အကျိုးရှိမယ်။ ဂိုးပေါင်းကိုတော့ နှစ်ဂိုးအရှုံးသာ ဖွင့်လှစ်ထားပါတယ်။ အဲဗာတန်ဟာ အခုနောက်ပိုင်းပွဲစဉ်တွေမှာ အသင်းခေါင်းဆောင် ရွန်နီ ကွင်းလယ်ကို ဆင်းကစားပြီး ကစားကွက်ကို ဦးဆောင်နေနိုင်သလို ပွဲတိုင်းလိုလို ဂိုးတွေလည်းသွင်းနေနိုင်ပါတယ်။ ချယ်လ်ဆီးက အဝေးကွင်းစိတ်မချရတဲ့ အနေအထားမှာရှိသလို မိုရာတာ ပါဝင်မှာမဟုတ်တာကြောင့် တိုက်စစ်ပိုင်း အားနည်းချက်ရှိနေမှာဖြစ်လို့ နှစ်ဂိုးပြတ် ရှုံးစရာအကြောင်းမရှိတဲ့ အဲဗာတန်ကို ရဲရဲရွေးချယ်အားပေးသင့်ပါတယ်။

-Ads-
-Ads-