ပြည်သူစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ၂၀၁၇ ထူးခြားမှုခင်းဖြစ်စဉ် မှတ်စု(၃)

 

“မေ ၃၀ ရက်က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီး ဒေါ်ဝင်းဝင်းထိန် (၄၂) နှစ်ကို တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက တရားခွင်၌ စီးထားသည့်ဖိနပ်တစ်ဖက်ချွတ်ကာ ပစ်ပေါက်ပြီး ညစ်ညမ်းစွာ ပြောဆိုသည်ဟုဆိုကာ မြို့နယ်တရားသူကြီးက တရားစီရင်ရေး အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်မှုအပါအ၀င် ပုဒ်မသုံးခုဖြင့် အမှုဖွင့်။”

၂၃-၁၂-၂၀၁၇ မှ အဆက် -မေ ၄ ရက် ည ၁၁ နာရီခွဲခန့် က ဦးထုပ် အနီရောင်ဆောင်းထားသူ ခေါင်းဆောင်လျက် ဆိုင်ကယ်လေးစီးဖြင့် မျက်နှာဖုံးတပ်လူအုပ်စုသည် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ လိပ်ပြာကန်အနီးတွင် တွေ့သမျှလူများကို တုတ်၊ ဓားလက်နက်များကိုင်ဆောင်ကာ ရန်ပြုတိုက်ခိုက်ခြင်း၊ မင်းလမ်း၌ ဆိုင်ကယ်စီးလာသူများကို ရိုက်နှက်ခြင်း၊ဆိုင်ကယ်ကို မီးရှို့ခြင်း၊ ကားမှန်ကို သံတုတ် ဖြင့် ရိုက်ခွဲ ခြင်း စသည့် အုပ်စုဖွဲ့ရမ်းကားမှုများ ကျူးလွန်ခဲ့သဖြင့် တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိစေခဲ့သည့် ဖြစ်စဉ်မှ သားကြီး(ခ)သားသီဟ (၁၇)နှစ်အပါအ၀င် လူငယ်ခြောက်ဦးကို ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး ကျန်လူငယ်နှစ်ဦးကို မေ ၈ ရက် ညပိုင်းတွင် ဖမ်းဆီးရမိ။

မေ ၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့နယ် ဂွေးချိုကျေးရွာအုပ်စုအတွင်း စိုက်ပျိုးရေးစရိတ်ချေးငွေများပေးရန်လာသည့် ပက်စ်မြန်မာ ချေးငွေလုပ်ငန်း မှ ၀န်ထမ်းများကို သစ်သားတုတ်များဖြင့် ၀ိုင်းဝန်း ရိုက်နှက်ပြီး ငွေကျပ် ၁၆၂ သိန်းကျော်နှင့် လက် ကိုင်ဖုန်းများကို လုယက်ခဲ့သူ ၀င်းကြိုင်(၃၇)နှစ်ပါ သုံးဦးကို ဖမ်းဆီးရမိ။

-Ads-
-Ads-

မေ ၉ ရက် နံနက် ၂ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် သဲဝါကျေးရွာ၌ မိခင်ဖြစ်သူနှင့်အတူနေအိမ်၌ အိပ်ပျော်နေသည့် ခုနစ်နှစ်အရွယ် မိန်းကလေးကို တစ်ရွာ တည်းနေ နေလင်းထိုက်(ခ)ဖိုးဆူက အသာအယာမယူပြီး အိမ်နောက်ဘက်ရှိ ဥနှဲပင်ရင်းသို့ ခေါ်ဆောင်၍ သားမယား အဖြစ်ပြုကျင့်။ မေ ၉ ရက် ည ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် ၁၂၂ လမ်းနှင့် မြရာကုန်းလမ်းထောင့်ရှိ တိုက် အမှတ်(၁၀၅)မှ တိုက်ခန်းတစ်ခန်းတွင် ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေသည်ဟု ဆိုကာ အမျိုး သားရေးလှုပ်ရှားသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ထွေ/ အုပ်နှင့် လ၀ကမှ တာဝန်ရှိသူများ ၀င်ရောက်ရှာဖွေစစ်ဆေးရာ မှ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ အသွင်ဆောင်သည့် ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွား ခဲ့ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်ဖြင့် သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရမှုတွင် ဦးသုစိတ္တ နှင့် ဦးပညာဝံသအပါအ၀င် လှုံ့ဆော်သူ ခုနစ်ဦးကို ဖမ်းဝရမ်း ထုတ်ခဲ့ရာ ကိုလတ်(ခ)တင်ထွဋ်ဇော်နှင့် ဇနီးဖြစ်သူ မအောင်(ခ)မအောင် အောင်မြင့်၊ တင်လင်းထိုက်(ခ)လင်းလင်း၊ အကြီး ကောင်(ခ)တင်ဌေးအောင်နှင့် မြတ်ဘုန်းမိုရ်တို့ကို ဖမ်းဆီးရမိ ခဲ့ပြီး တရားရုံးတင်စစ်ဆေးလျက်ရှိ။

လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ဂုဏ်သိက္ခာကျဆင်းစေသော စာသားများ ရေးသားခဲ့သူ ပဲခူးမြို့ ကလျာဏီရပ်ကွက်နေ စန္ဒီမြင့်အောင် (၁၉) နှစ်ကို မလင်းလဲ့လဲ့လှိုင်(၁၈)နှစ်က ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် အမှတ်(၂ )ရဲစခန်း၌ တရားလို ပြုလုပ်တိုင်တန်းရာ ရဲစခန်းက (ပ) ၈၆၂/၂၀၁၆၊ ဆက်သွယ် ရေး ဥပဒေပုဒ်မ-၆၆ (ဃ)ဖြင့် အမှုဖွင့်ပြီး ပဲခူးမြို့နယ် တရားရုံး သို့ ရုံးတင်စစ်ဆေးရာ ၂၀၁၇ ခုနှစ် မေ ၂၆ ရက်တွင် အလုပ် နှင့် ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချ။

မေ ၂၆ ရက် ည ၈ နာရီခန့်က လှည်းကူးမြို့နယ် လှည်းကူး-ဖောင်ကြီးလမ်းအတိုင်း ဖောင်ကြီး ဘက်မှ လှည်းကူးဘက်သို့ မက်စ်ဝင်းအထည်ချုပ် စက်ရုံမှ အလုပ်သမများ တင်ဆောင် လာပြီး ယာဉ်မောင်း ကိုကိုကျော် (၂၂)နှစ်မောင်းနှင်သည့် ၀ိုင်ဘီအက်စ်(၄၄)မီနီဘတ်စ်ယာဉ်နှင့် စခန်းကြီး ကျေးရွာ မိုင်တိုင်အမှတ် ၁/၂ အရောက် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်းကိုမျိုး(ခ)ကျော်မျိုးသိန်း (၃၂)နှစ်မောင်းနှင်ပြီး ဆိုဟိုးအထည်ချုပ်စက်ရုံမှ အလုပ်သမများ တင်ဆောင် လာသည့် ၀ိုင်ဘီ အက်စ် (၄၅)ဒိုင်နာယာဉ်တို့ ခေါင်းချင်းဆိုင် တိုက် မိမှုဖြစ်စဉ်တွင် ယာဉ်မောင်းကိုမျိုး(ခ)ကျော်မျိုး သိန်းအပါအ၀င် အလုပ်သမ ၁၀၃ဦးခန့် ထိခိုက်ဒဏ်ရာရ။

မေ ၂၉ ရက် နံနက် ၉ နာရီခွဲခန့်က ကရင်ပြည်နယ် ဘားအံမြို့ နယ် ကျုံဒိုးနှင့် အိန္ဒုနယ် မြေရဲစခန်းတို့တွင် မူး/စိတ်ဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည့် မသန်းသန်းဝင်း (၃၂)နှစ်ကို ဘားအံမြို့နယ်တရားရုံးမှ ရုံးထုတ်ပြီးနောက်ကော့ကရိတ် အချုပ်ထောင်သို့ ပြန်ပို့စဉ် ညနေ ၆ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့နယ် ကျုံဒိုး-ကော့ကရိတ် ကားလမ်း ခုနစ်တိုင် အနီးရှိ ၎င်း၏မိခင်အိမ်နား အရောက်မိခင်ကိုမမြင်တွေ့ရ သည်မှာကြာပြီဖြစ်၍ ခဏလေးနှုတ်ဆက်လိုသည် ပြောဆိုခြင်း ကြောင့် ၎င်းအားခေါ်ဆောင်လာသည့် ဟွန်ဒါဖစ်ယာဉ်ကိုရပ် ကာ နေအိမ်အတွင်းသို့ လုံခြုံရေးလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် သုံးဦး(လက်နက်မပါ)နှင့် အတူ ၀င်ရောက်စဉ် မီးဖိုချောင်၌ စားသောက်ရင်း အသင့်စောင့်နေဟန်ရှိသည့် အရပ်ဝတ် လူငါးဦးက လက်နက်ဖြင့်ချိန်ရွယ်ပြီး မသန်းသန်းဝင်းနှင့် ကလေးအား အပြင်သို့ခေါ်ထုတ်သွားစဉ် ဒုရဲအုပ်စိုင်းမျိုးဝင်းက သေနတ်ကိုင်ထားသူကို ၀င်ရောက်လုံးထွေးပြီး ရဲတပ်ကြပ် သိန်းဦးနှင့် ရဲတပ်ကြပ် ၀င်းထွန်းတို့ကခေါ်ဆောင်သွားသူများ နောက်သို့ပြေးလိုက်၍ လုံးထွေးသတ်ပုတ်နေစဉ် ထိုအဖွဲ့မှ လက်နက်ကိုင်တစ်ဦးက သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ကြပ်ဝင်းထွန်းမှာ ယာဘက်ဝမ်းဗိုက်ကျည်ဖောက်ထွက် ဒဏ်ရာ နှစ်ချက်ဖြင့်သေဆုံး။

မေ ၃၀ ရက်က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တရား ရုံးတွင် မြို့နယ်တရားသူကြီး ဒေါ်ဝင်းဝင်းထိန် (၄၂) နှစ်ကို တရားလွှတ်တော် ရှေ့နေဦးဇော်ဝင်းက တရားခွင်၌ စီးထား သည့် ဖိနပ်တစ်ဖက်ချွတ်ကာပစ်ပေါက်ပြီး ညစ်ညမ်းစွာ ပြောဆိုသည် ဟုဆိုကာ မြို့နယ်တရားသူကြီးကတရားစီရင် ရေး အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်မှုအပါအ၀င်ပုဒ်မသုံးခု ဖြင့် အမှုဖွင့်။

၂၀၁၆ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းက ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ် မြို့နယ် ရွှေညောင်ပင် ကျေးရွာ အလက(ခွဲ)မှ အသက် (၁၅) နှစ်အရွယ်နှင့် အသက် (၁၄) နှစ် အရွယ်ရှိ ရှစ်တန်းကျောင်းသူနှစ်ဦးကို ဆရာများ နားနေခန်းနှင့် စာသင်ခန်းအတွင်း သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သော သမိုင်းဘာသာ ပြဆရာ ရန်နိုင်ကို ဖျာပုံခရိုင်တရားရုံးက ရာ/ကြီး အမှု အမှတ် ၆၉ နှင့် ၇၀၊ ပြစ်မှု ဥပဒေပုဒ်မ-၃၇၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၄၀ ကျခံစေရန် ၂၀၁၇ ခုနှစ် မေ ၃၁ ရက်တွင် အမိန့်ချ။

သာကေတမြို့နယ် ၁၀ တောင်/၁၃ ရပ်ကွက်ရှုခင်းသာမြို့ပတ် လမ်း မြရည်နန္ဒာအိမ်ရာ ၀င်း ခြံအမှတ် (၈) ၌ ငှားရမ်းနေ ထိုင်သည့် အိန္ဒိယနိုင်ငံသား Mr.Victo Raj (၄၃) နှစ်နှင့် ဇနီး မြန်မာ နိုင်ငံသူ မခိုင်စံပယ်နှင်းအောင် (၂၃) နှစ်တို့နှစ်လောင်း ပြိုင် အသတ်ခံရမှုတွင် အိန္ဒိယနိုင်ငံသားသည်ငွေရေးကြေးရေး နှင့် အကြွေးကိစ္စများ အဆင်မပြေမှုကြောင့် မေ ၃၁ ရက် ညပိုင်းတွင် ဇနီးဖြစ်သူ၏ ဦးခေါင်းကို တူဖြင့်ထု၊ လည်ပင်းကို ဓားဖြင့်ခုတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကို ရင်ညွန့်ကို ဓားဖြင့် ထိုး၊ လက်ကောက်ဝတ်နှင့် လည်ပင်းတို့ ကိုလှီးဖြတ်အဆုံးစီရင် ခဲ့ ခြင်းဖြစ်ကြောင်း အလောင်းများကို တွေ့ရှိခဲ့သည့် ဇွန် ၁ ရက်တွင် ရန်ကုန်ရဲ တပ်ဖွဲ့ သတင်းထုတ်ပြန်။

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးငြိမ်းအောင်၊ သစ်တောရဲတပ်ဖွဲ့ ရဲဒုတပ်ကြပ် များဖြစ်ကြသည့် အောင်ကျော်မိုးနှင့် သန်းမြင့်တို့သုံးဦး ဇွန် ၅ ရက် ည ၁၁ နာရီခွဲခန့်က ဘန်းကုန်း Check Point သစ်တော စခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စီးနင်း လာသည့် ဆိုင်ကယ်ကို အမျိုးသားငါးဦးက ရှေ့မှတား၍ “မင်းတို့လားကွ ထင်းကားတွေကိုတားတာ”ဟု ပြောဆိုပြီး ၀ိုင်းဝန်း ရိုက်နှက်သဖြင့် ရဲဒုတပ်ကြပ်သန်းမြင့်မှာ ဆေးကုသ နေစဉ်သေဆုံး။

ဇွန် ၁၀ ရက်မှစ၍ လူမှုကွန်ရက်စာမျက်နှာများတွင် နာမည် ကြီးနေသည့် မတင်ညွန့်အပါ ခုနစ်ဦးက ဆဲဆိုခြင်း၊ မဖွယ်မရာ လှစ်ပြခြင်းကြောင့်ဆိုကာ ကိုဝင်းအေးဆိုသူက ဇွန် ၁၃ ရက် ညနေ ၆ နာရီတွင် ကညွတ်ကွင်းနယ်မြေရဲစခန်းသို့ တိုင်တန်း ရာ ပြစ်မှုပုဒ်မ-၂၉၄/၅၀၆/၅၀၉/၁၁၄ ဖြင့် အမှုဖွင့်ခံရသူ ဒေါ်တင်ညွန့်၏ခင်ပွန်း ဦးရဲဝင်းကလည်း မတင်ညွန့်ဗီဒီယိုဖိုင် ရိုက်ကူးသူ ကိုဝင်းအေးနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တင် ခဲ့သူ ကိုတင်ထွဋ်တို့ကို အဆိုပါရဲစခန်းတွင် တိုင်တန်းရာ (ပ)၁၅၉/၂၀၁၇ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)ဖြင့် ရဲစခန်းက အမှုဖွင့်။ ဇွန် ၁၁ ရက် ညပိုင်းက မွန်ပြည်နယ် ကျိုက် မရောမြို့နယ် ဖနုံကျေးရွာ အနောက်ပိုင်းရှိ ခရမ်း စိုက်ခင်း ၀ါးတဲအတွင်း အသက်ကိုးနှစ်အရွယ် ခယ်မကို ခဲအိုဖြစ်သူ ကျော်သက် အသက် (၂၀) က သားမယားအဖြစ် ပြုကျင့်။

ဇွန် ၁၂ ရက် နံနက် ၈ နာရီက နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ် ဈေးအနီး မိုးသောက်ပန်းလမ်းဆုံ ၌ မန္တလာမင်းခရီး သည်တင်ယာဉ်နှင့် ပန်းရန်အလုပ်သမားများ တင် ဆောင်မောင်းနှင်လာသည့် ဖောကားတို့ တိုက်မိရာ ဖောကားမှာ ရှစ်ပေခန့်အနက် မြောင်းထဲ ပြုတ် ကျသွားပြီး နှစ်ဖက်ယာဉ်မောင်းများအပါ ၄၁ ဦး တွင် အမျိုးသမီးနှစ်ဦး သေဆုံး၊ ၃၉ ဦး ဒဏ်ရာရ။

ဇွန် ၁၃ ရက် နံနက် ၁၁ နာရီ မိနစ်၂၀ ခန့်က မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဈေးဆိုင်များ တွင် ကားတစ်စီးနှင့် လူငါးဦးက ကျပ်တစ်သောင်း တန်၊ ငါးထောင်တန် ငွေအတုများဖြင့် ဈေးဝယ်ခဲ့ ကြောင်းသတင်းအရ ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရာ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း ဇော်နိုင်အေးအပါ အမျိုးသားငါးဦးကို ငွေစက္ကူ အတု ကျပ်တစ်သောင်းတန်အရွက် ၁၀၀ ပါ ၁၅ ထုပ်နှင့် အရွက် ၃၀၊ ကျပ်ငါးထောင်တန်အရွက် ၁၀၀ ပါ လေးထုပ် စုစုပေါင်း ၁၇၃ သိန်းနှင့် လူသုံးကုန်ပစ္စည်း များအား ငွေစက္ကူအတုဖြင့် ၀ယ်ယူပြီး နောက်ပြန်အမ်းငွေ ငွေစက္ကူအစစ် ကျပ် ၁၀၁၄၃၅၀၊ လက်ကိုင်ဖုန်း ခြောက်လုံးနှင့် ခရီး ဆောင်အိတ်သုံးလုံး သိမ်းဆည်းရမိ။

ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်း (အထက်ဘလောက်)ရှိ MK ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီဝန်ထမ်းမမိုးပွင့်ဖြူတစ်ဦးတည်းရှိ နေစဉ် လေယာဉ်လက်မှတ်ဝယ် ဟန်ဆောင်ကာဝင်ရောက် လာသည့် ဦးထုပ်ဆောင်းထားပြီး နှာခေါင်းစီးအုပ်ထားသူ အမျိုးသားနှစ်ဦးက မမိုးပွင့်ဖြူကို တစ်ယောက်ကအနောက်မှ ချုပ်၊ ပါးစပ်နှင့်မျက်စိ တို့ကို တိပ်ဖြင့်ပိတ်၊ လက်ကိုနောက်ပြန် ကြိုးတုပ် ကာ နောက်ဖေးခန်းထဲသို့ ခေါ်ဆောင်သွားပြီး နောက် ကုမ္ပဏီပိုင်ငွေကျပ် သိန်း ၅၀၊ မမိုးပွင့်ဖြူ၏ လက်ဝတ်လက်စား များကိုပါ အနုကြမ်းစီးမှုတွင် အဆိုပါကုမ္ပဏီဝန်ထမ်း မြတ်သီဟ ထွန်း (ခ)သီဟ နှင့် သူငယ်ချင်းဖြစ်သူ ဇွဲမာန်ဦးတို့ကို အခင်း ဖြစ်နေ့ ညပိုင်းတွင် ဖမ်းဆီး။

-Ads-
-Ads-