ပြည်သူတွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ၂၀၁၇ ထူးခြားမှုခင်းဖြစ်စဉ် မှတ်စု(၄)

 

“ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်လိုက်ပါလာသည့် ပရာဒိုယာဉ်သည် ဘားအံဂေါက်ကွင်းရှေ့တွင် တိုက်ရော့ပြုတ်၍ ကျွန်းပင်ကိုဝင်တိုက်မိရာဝန်ကြီးချုပ်တွင် ၀ဲခြေသလုံးအရိုးကျိုးဒဏ်ရာ(ပြင်းထန်)ရသဖြင့်ဘားအံမြို့ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသ။”

(၂၄-၁၂-၂၀၁၇ မှ အဆက်)

ဇွန် ၁၉ ရက် ညပိုင်းက အမျိုးသားရှစ်ဦးနှင့် မိန်းကလေးသုံးဦး ပါ ၁၁ ဦးအဖွဲ့သည် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားအနီး ထမင်းဆိုင်တွင် ထမင်းဖိုးကုန်ကျငွေ ကျပ် ၃၅၀၀၀ မရှင်းနိုင် သဖြင့် ပရိုဘောက်ယာဉ် ၀ှီးတက်နှင့်ယာဉ်မောင်းလိုင်စင် တို့ကို အပေါင်သဘောပေးကာ ပိုက်ဆံမရှိ၍ လမ်းပေါ်တွေ့ရှိ သူများကို လုယက်ရန် ပူးပေါင်းကြံစည်ရာ ပြည်သူ့ရင်ပြင်၌ အမျိုးသားတစ်ဦးထံမှ ဖုန်းကို လေးဦးက လုယက်စဉ် ၀ိုင်းဖမ်း သဖြင့် ထိုအဖွဲ့မှ ကျော်ဇင်လတ်(ခ)မွှေးနီ (၂၆) နှစ်မှာ ဖမ်းခံရ ပြီး ကျန်သူများပါ ဆက်လက်ဖမ်းမိခဲ့ရာ ၎င်းအပါ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အနောက်ပိုင်းခရိုင်တရားရုံး က ရာ/ကြီးအမှတ် ၈၈ / ၂၀၁၇၊ ပြစ်မှုဥပဒေပုဒ်မ-၃၉၅(ဓားပြမှု)/ ၄၁၂ (ဓားပြတိုက်ရာတွင်ရရှိသည့် ခိုးရာပါပစ္စည်းကို မရိုးဖြောင့်သော သဘောဖြင့်လက်ခံမှု) ဖြင့် လည်းကောင်း၊ ကျန်ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးနှစ်ဦးမှာ အသက် မပြည့်သေးသည့်အတွက် ကလေးသူငယ် တရားရုံး၌ တရားစွဲခံရ။

-Ads-
-Ads-

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွံတေး မြို့နယ် တွံတေးဝကျေးရွာ အုပ်စုနေ အသက်ရှစ်လမှ လေး နှစ်ခန့်ရှိ ကလေးလေးဦးတွင် မကောင်းဆိုးဝါး၊ သရဲ၊ တစ္ဆေများ ၀င်ပူးနေသည်ဟုဆိုကာ ကန်ကျောက်၊ ထိုးနှက်၊ ပုဆိန်ဖြင့် ထုကာ ပယောဂကုစဉ် ကလေးသုံးဦး သေဆုံးပြီး အသက် လေးနှစ်အရွယ် ကလေးကို ပြင်းထန်နာကျင်ဒဏ်ရာများရရှိစေ ခဲ့သူ ထွန်းနိုင် အသက် (၃၀) ကို ပြစ်မှုဥပဒေပုဒ်မ-၃၀၂ (၁)(ခ)အရ မသေမချင်းကြိုးကွင်းစွပ်သတ်ရန်နှင့် ပြစ်မှုဥပဒေ ပုဒ်မ-၃၂၅ အရ ထောင်ဒဏ်ခုနစ်နှစ် သီးခြားကျခံစေရန် တောင်ပိုင်းခရိုင်တရားရုံးက ၂၀၁၇ ခုနှစ် ဇွန် ၂၀ ရက်တွင် အမိန့်ချ။

ပဲခူးတိုင်းဒေသကြီး ကေတုမတီမြို့ မင်းကြီးစွာရပ်ကွက် မြစေတီ (၃) လမ်း၌ အမကကေတု (၂)မူလွန်မှ ဆဋ္ဌမတန်း ကျောင်းသူ မနယုန်မိုး(၁၂)နှစ်သည် ဇွန် ၂၀ ရက်က ကျောင်းမတက်ချင်သည့် အတွက် မိဘများမရှိခိုက် အိမ်သို့ပြန် လာစဉ် ဖခင် ဖြစ်သူ နေ့လယ်စာစားချိန် အိမ်ပြန်လာ၍ ကျောင်းပြေးသည်ကို သိမည်စိုးသဖြင့် သံသေတ္တာထဲ ၀င်ပုန်း နေစဉ် သေတ္တာအဖုံးနှင့် ပတ္တာချိတ်မိပြီး ပြန်ထွက်မရဘဲ အသက်ရှူကျပ်သေဆုံးနေသည် ကို အလုပ်မှ ပြန်လာသည့် မိခင်ဖြစ်သူသိရှိ။

ဇွန် ၂၀ ရက် နံနက် ၁၀ နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မူကြိုတက်နေသည့် မောင်တစ်ဝမ်းကွဲကို ထမင်းဘူး ပို့ပြီး ပြန်လာသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး အား မုန့်ဝယ်ကျွေးမည်ဟုဆိုကာ ဘူးဘုရားပေါ်ရှိ စောင်းတန်းသို့ ခေါ်သွားပြီး သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့သူ မြိတ် တောင်နယ်မြေ မြို့သစ်(၃) ရပ်ကွက်ရာအိမ်မှူး ဥာဏ်မြင့်ကိုပြည်သူများက ၀ိုင်းဝန်းဖမ်းဆီးပြီး ရဲလက်အပ်။

ဇွန် ၂၂ ရက် ည ၉ နာရီခန့်က အရက်သေစာသောက်စား ထားသူ အဆိုတော်နှစ်ဦး မူးယစ်ရမ်းကားနေကြောင်း လူမှုကွန် ရက်သတင်းအရ ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ရွှေတိဂုံဘုရားလမ်း ထောင့်၌ သတင်းပါအချက်များအရ စိုးလှိုင်ရှိန်(ခ) ထူးအယ် လင်း (၄၈) နှစ်နှင့် နေလင်းသင်း(ခ) ကော်ဘရာ (၃၅)နှစ်တို့ကို တွေ့ရှိခဲ့သော်လည်း ယာဉ်တိုက်မှုဖြစ်စဉ်မှ တက္ကစီ ယာဉ်ကို မတွေ့ရှိရဘဲ ၎င်းင်းတို့စီးနင်းလာသည့် ယာဉ်ရှေ့ ခန်း ထိုင်ခုံ နှစ်ခုကြား၌ အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲတင်း တစ်လက်တွေ့ရှိသိမ်းဆည်းရမိသဖြင့် (ပ) ၁၀၃/၂၀၁၇၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်။

ဇွန် ၂၆ ရက်က ဒီဗွီဘီသတင်းဌာနမှ အကြီးတန်းသတင်း ထောက်ဦးအေးနိုင်နှင့် သတင်းထောက်ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနမှ သတင်းထောက်ဦးသိန်းဇော်တို့ အကြိမ် (၃၀)မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ TNLA လက်နက်ကိုင်အဖွဲ့၏ မူးယစ်ဆေးဝါးဖျက်ဆီးမှု သတင်းသွား ရောက်ယူပြီးနောက်အပြန် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ နမ့်ဆန်-သီပေါ ကားလမ်း နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာ အနီး၌ တပ်မတော်၏ ဖမ်းဆီး ထိန်းသိမ်းခံရပြီးမတရားအသင်း အက်ဥပဒေ ပုဒ်မ- ၁၇ (၁) ဖြင့် အမှုဖွင့်ခံရပြီး ဇွန် ၂၈ ရက် မွန်းလွဲပိုင်းတွင် သီပေါအကျဉ်းထောင်ပို့ဆောင်။

ဇွန် ၃၀ ရက် ညနေ ၄ နာရီခွဲခန့်က လက်ပံ တန်းမြို့နယ် ရေကြည်ကျေးရွာနေ မိန်းမစိတ် ပေါက်နေသည့် သားဖြစ်သူ ဇင်ကိုလတ် အသက် ၂၀ ကို မိန်းမအ၀တ်အစားများ ၀တ်ဆင် လျက် သွားလာနေသည့်ကိစ္စနှင့်ပတ်သက်၍ ဖခင်ဖြစ်သူ ဦးအေးလှိုင် (၅၄) နှစ်က ပြောဆိုရာမှ သားအဖ နှစ်ဦးစကား များ ရန်ဖြစ်စဉ် ဇင်ကိုလတ်က ထရံတွင်ထိုးထားသည့် တံစဉ်ကိုယူ၍ ပစ်ပေါက်ရာ ဦးအေးလှိုင်၏၀ဲဘက်ရင် အုံစိုက်ဝင်ပြီး ဒဏ်ရာဖြင့် သေဆုံး။

ဇွန် ၃၀ ရက် ညပိုင်းက မြန်မာ့ရိုးရာ လက်ဝှေ့ကျော်ဟောင်း ဒေါင်းညိုလေး၏ ယောက္ခမ ဦးခင်မောင်ဝင်း (၆၄) နှစ်သည် One Championship (MMA) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် မြန်မာကိုယ်စားပြုအောင်လအင်န် ဆန်းနှင့် ရုရှားနိုင်ငံသား ဗစ်တာလီတို့ ထိုးသတ်မှုကိုရန်ကင်း မြို့နယ် (၁၂) ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းလက်ဖက်ရည် ဆိုင်ရှိ ရုပ်မြင်သံကြားမှတစ်ဆင့် အားပေးနေစဉ်နှလုံးအမော ဖောက်သေဆုံးခဲ့။

ဇူလိုင် ၂ ရက် နံနက် ၄ နာရီခွဲခန့် နှင့် နံနက် ၆ နာရီခွဲခန့်တို့ တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်ရှိ သီပေါရဲစခန်း အတွင်းသို့ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးက လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ရာလုံခြုံရေး ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မတရားအသင်းပုဒ်မ-၁၇(၁)အမှုမှ လင်ခရူဆာ ယာဉ်တစ်စီးပျက်စီးမှုနှင့် ကျောက်မဲမြို့နယ် မန် တိုင်းရွာအနီးရှိ မီးရထားသံလမ်း မိုင်းဖောက်ခွဲခံရ။ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရ သီရိမြို့နယ်ရှိ ကျောက်စိမ်းမြို့တော်ဟိုတယ် (Jade City Hotel) ၌ တရားမ၀င်အနှိပ်ခန်း၊ ကာရာအိုကေနှင့် လိုင်စင်မဲ့အရက် ဘီယာများ ရောင်းချနေကြောင်းသတင်းအရ ဇူလိုင် ၃ ရက် ည ၁၁ နာရီကျော်တွင် ဥတ္တရသီရိခရိုင်ထွေ/အုပ်နှင့်ရဲတပ်ဖွဲ့တို့ ၀င်ရောက်ဖမ်းဆီးရာ တရားမ၀င်အနှိပ်ခန်းပြုလုပ်သူမန်နေဂျာ ဦးထွန်းထွန်း ၀င်း (၃၁) နှစ်အပါအ၀င် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့ကို သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးပြီး ပြစ်မှုဥပဒေပုဒ်မ-၁၈၈/ယစ်မျိုးအက်ဥပဒေ ပုဒ်မ ၃၀(ခ)၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ-၃၂(က) တို့ဖြင့် အမှုဖွင့်။

ဇူလိုင် ၅ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် နမ့်ပေါင်းကျေးရွာ ရဲကင်းစခန်း၌ တာဝန်ကျ ရဲတပ်သားသီဟ (၂၆) နှစ်က ၎င်းင်းအား ထုတ်ပေးထားသည့် BA – ၆၃ မောင်းပြန် ရိုင်ဖယ် သေနတ်ဖြင့် ရဲအုပ်အေးသန်းအား ခုနစ်ချက် ပစ်ခံ ရ၍ သေဆုံး။

ဇူလိုင် ၅ ရက် နံနက် ၇ နာရီ ခွဲခန့်က ရှမ်းပြည်နယ် နောင်ချို မြို့အ၀င် အိုရီယမ်တယ်တိုးဂိတ် အနီးကျော်ဝင်း(ခ)လျိုရုန်းချမ်း နှင့်ဇနီး မဖူးဝေခိုင် မောင်းနှင်လိုက်ပါလာသည့်ယာဉ်ကို ရှာဖွေရာ မူးယစ်ဆေးဝါးများသိမ်းဆည်းရ မိမှုကွင်းဆက်အရ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည် နယ် ကွတ်ခိုင်မြို့နယ်တို့တွင် အိုက်စ်နှင့် စိတ်ကြွဆေးပြားများ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၈၄၄၀၉ ဒသမ ၆၅ သိန်း၊ရွှေတုံး၊ ရွှေထည် ၂ ပိဿာ ၆ ကျပ်သား၊ မြန်မာ ငွေကျပ်သိန်း ၃၆၀ နှင့် ယာဉ်ခုနစ်စီး သိမ်းဆည်း ရမိရာ ၎င်းလင်မယားအပါ လေးဦးနှင့် တိမ်းရှောင်နေသူ လောက်ဝူး(ခ)လောက်ရှန်းတို့ကို မူး/စိတ် ဥပဒေအရ အမှုဖွင့်။

ဇူလိုင် ၁၄ ရက် နံနက် ၇ နာရီခန့် က ဘားအံတောင်ကလေး ဆရာတော်ဒေါက်တာ အရှင်ပညာသာမိ၏ (၅၇) နှစ်ပြည့် မွေးနေ့ပွဲသို့ သွားရောက်မည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်လိုက်ပါလာသည့် ပရာဒိုယာဉ်သည် ဘားအံဂေါက်ကွင်းရှေ့တွင် တိုက်ရော့ ပြုတ်၍ ကျွန်းပင်ကို ၀င်တိုက်မိရာ ၀န်ကြီးချုပ်တွင် ၀ဲခြေသလုံးအရိုးကျိုးဒဏ်ရာ(ပြင်းထန်)ရသဖြင့် ဘားအံမြို့ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ကုသ။

ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်မြို့ တောင်ဥက္က လာပမြို့နယ် (၁၂) ရပ်ကွက် ဘရဏီလမ်းနေ အသက် (၆၀) ကျော် အငြိမ်းစားမူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်း တစ်ဦးတည်းရှိစဉ် နေအိမ်အတွင်းပိုးလောက် လမ်းများ ရှိ၊ မရှိစစ်ဆေးမည်ဟုဆိုကာ ၀င်ရောက်လာသည့် ရန်ကုန်အရှေ့ပိုင်း ခရိုင် စည်ပင်သာယာရေးဌာနအကြီးတန်း စာရေး ဒေါ်မူမူကျော်က ဒေါ်နွယ်နွယ်ဝင်း၏ လည်ပင်းကို ဘောလ်ပင်ဖြင့် ထိုး၊ ၀တ်ဆင်ထားသည့် လက်ကောက်နှင့် ရွှေဆွဲကြိုးတို့ကို လုယူပြီးနောက် သတ်ပစ်ရမလားဟု ခြိမ်းခြောက်စဉ် ဒေါ်နွယ်နွယ်ဝင်း၏ အော်ဟစ်အကူအညီ တောင်းခံရာ ဒေါ်မူ မူကျော်ကို ပတ်ဝန်းကျင်က ၀ိုင်းဝန်း ဖမ်းဆီး။

အလုံမြို့နယ် စောရန်ပိုင်မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးဘေးရှိ တိုက်အမှတ် ၃၉၅ ခြောက်လွှာနေ ရုပ်ရှင်သရုပ် ဆောင်ဆုအိမ့်စံ၏ ဖက်ရှင်ဒီဇိုင်နာ ထွန်းထွန်းထူး (Get Ways Collection) အသက် (၄၀) ကို ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခွဲခန့်က စကားများရန်ဖြစ်စဉ် နေအိမ်မီးဖိုချောင် အပ်ချုပ် စက်များထားရာ နေရာတွင် ကတ်ကြေးဖြင့် အချက်ပေါင်းများ စွာထိုးသတ်ပြီး အ၀တ်အစားများလဲကာ အိမ်ရှေ့တံခါးမကြီးမှ ထွက်မည်ပြုစဉ် ရန်ဖြစ်သံများကြားကြောင်းသတင်းအရ လာရောက်စစ်ဆေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို တွေ့သဖြင့် အိမ်ရှေ့ဝရံတာပြတင်းပေါက်မှ ခုန်ချသေဆုံးသူ နေမင်း(ခ)နေနေ အသက် (၂၀) ထံမှ သေဆုံးသူ၏ လက်ကိုင်ဖုန်း နှစ်လုံး၊ ငွေကျပ် ၅၀၀၀ တန် ၉၂ ရွက်နှင့် အကြွေတချို့တွေ့ရှိ။

မရမ်းကုန်းမြို့နယ် ရွှေကမ္ဘာအိမ်ရာနေ အငြိမ်းစားဒုတိယ ဗိုလ်မှူးကြီးတစ်ဦး၏ဇနီးဖြစ်သူ ဒေါ်ခင်နန်းတင့်၏ နေအိမ်၌ အိမ်အကူလုပ်ကိုင်စဉ် နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်ခံရမှု အမှုမှ အိမ် အကူ မနန်းမို့မို့အေးသည် မရမ်းကုန်းမြို့နယ် တရားရုံး ချိန်း သက်သေခံရန် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေး ပြေးဝင်းသို့ ရောက်ရှိသည့် ဇူလိုင် ၄ ရက်မှ ဇူလိုင် ၂၆ ရက် အထိ ပျောက်ဆုံး နေခြင်းမှာ ရဲထွဋ်ဆိုသူက ခြိမ်းခြောက်ခေါ် ဆောင်ထားမှုနှင့် သားမယားအဖြစ် ပြုကျင့်ခံရမှု၊ လွတ်မြောက် အောင်ကြိုးပမ်းခဲ့ရမှုများကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄ (အောက် ဘလောက်)ရှိ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်ရုံးခန်း၌ သတင်းစာရှင်းလင်းခဲ့ပြီးနောက် ည ၁၀ နာရီခန့်တွင် ရက် ပေါင်း ၂၀ ခန့် အဓမ္မပြုကျင့်ခဲ့သူ မင်္ဂလာဒုံမြို့နယ် ပေါင်းကူ ဥာဏရပ်ကွက် အင်းကြင်းလမ်းသွယ် မြသုခအဆောင်နေ ရဲထွဋ် (ခ) အောင်ဆန်းလင်း(ခ)ကုလားလေး အသက်(၂၀)ကို ဖမ်းမိ။

ဇူလိုင် ၂၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က လှိုင်မြို့ နယ် ၁၃ ရပ်ကွက် အင်းစိန်လမ်းမပေါ်နှင့် ကြည့်မြင်တိုင်မြို့ နယ် ဆင်မလိုက်ရှိ ၂၄ နာရီ ဖွင့်လှစ်သည့် abc စတိုးဆိုင်နှင့် g&g စတိုးဆိုင် များတို့မှ လက်ကိုင်ဖုန်းများ၊ ပိုက်ဆံတို့ကိုအေဒီဗင် အငှားယာဉ်ကို အသုံးပြု၍ လိုက်လံခိုးယူနေသည့် ရှစ်ဦး အဖွဲ့ကို နံနက် ၅ နာရီခန့်တွင် ဖမ်းမိ။

သန်လျင်မြို့မရဲစခန်းမှ လုယက်မှုဖြင့် အလိုရှိနေသည့် အောင်ဝေဖြိုး (ခ) ၀က်ပုတ်ကို ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ် ၌ အမှတ် (၂ )နယ် မြေရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ရာ ပြစ်မှုဥပဒေ ပုဒ်မ- ၃၂၆ ဖြင့် တရားစွဲဆိုရန် ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခန့်က မြို့နယ်တရားရုံးသို့ ရုံးထုတ် ချုပ်ရမန် ယူပြီးနောက် ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်ဖြင့် စခန်းသို့ လက်ထိပ်ခတ် ခေါ်လာစဉ် ရွှေသာလျောင်းလမ်းမကြီးအနီးပိတောက်မြိုင် လမ်း ထိပ် အရောက် လူငယ်နှစ်ဦးစီးလာသည့် ဆိုင်ကယ်က ၀င်တိုက်၊ ဓားရှည်ဖြင့်ခုတ်ပြီး ဖမ်းဆီးထားသူကို လုယက်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အာနန္ဒာဘုရားတောင် ဘက်မုခ် သဗ္ဗညုဘုရား ရင်ပြင်တော်ပေါ်နှင့်ဆင်များရှင်ဘုရား ပေါ်သို့ ရုရှားနိုင်ငံသူ Ms.Borzova Tatiana (၄၁) နှစ်သည် ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခွဲခန့်နှင့် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီခန့်တို့တွင် ဖိနပ် စီးဝင်။တက်ရောက်ခဲ့သဖြင့်ပုဂံနယ်မြေ ရဲစခန်းမှ (ပ)၃၆/ ၂၀၁၇၊ ပြစ်မှုပုဒ်မ-၂၉၅ ဖြင့်လည်း ကောင်း၊ သြဂုတ် ၁ ရက်တွင် (ပ)၃၈/၂၀၁၇၊ လ၀ကအက် ၁၃(၁) ဖြင့် လည်းကောင်း ထပ်မံအမှုဖွင့်ပြီး ညောင်ဦးမြို့နယ်တရားရုံးသို့ တရားစွဲတင်ခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်များအရ ဒဏ်ငွေ ကျပ် ငါးသိန်းပေးဆောင်ရန်နှင့် မဆောင်ပါက ထောင်ဒဏ် တစ်လ ကျခံရန် အမိန့်ချရာ ဒဏ်ငွေပေးဆောင်ခြင်းမရှိ၍ ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ကာ ညောင်ဦးအကျဉ်းထောင်သို့ ပို့ဆောင်။

-Ads-
-Ads-