ပွဲချိန် ၉၄ မိနစ်မှ ချေပဂိုးပေးလိုက်ရပြီးလက်စတာနှင့် နှစ်ဂိုးစီသရေကျခဲ့၍မိမိကစားသမားများ ကလေးဆန်သည့်ဆုံးဖြတ်ချက်များလုပ်ခဲ့ဟု မော်ရင်ဟိုပြစ်တင်

ပွဲချိန် ၉၄ မိနစ်မှ ချေပဂိုးပေးလိုက်ရပြီးလက်စတာနှင့် နှစ်ဂိုးစီသရေကျခဲ့ ၍မိမိကစားသမားများ ကလေးဆန်သည့်ဆုံးဖြတ်ချက်များလုပ်ခဲ့ဟုမော်ရင်ဟိုပြစ်တင်

မန်ယူအသင်းသည် ဒီဇင်ဘာ ၂၃ ရက်တွင်
ကစားခဲ့သည့် လက်စတာနှင့်ပွဲစဉ်တွင် ပွဲချိန် ၉၄ မိနစ်
ရောက်မှ ချေပဂိုးပေးလိုက်ရပြီး နှစ်ဂိုးစီသရေပွဲသာ
ကစားနိုင်ခဲ့ခြင်းကြောင့် မန်ယူနည်းပြမော်ရင်ဟိုက
အလွယ်တကူနိုင်သင့်သောပွဲတစ်ပွဲကို မိမိကစားသမား
များ ကလေးဆန်သော ဆုံးဖြတ်ချက်များချမှတ်ကစား
ခြင်းဖြင့် သုံးမှတ်ဆုံးရှုံးခဲ့ရသည်ဟု ပြစ်တင်စကားဆို
ခဲ့သည်။

ထိုပွဲတွင် လက်စတာအတွက် ဂျေမီဗာဒီက
ပွဲချိန် ၂၇ မိနစ်တွင် ဦးဆောင်ဂိုးသွင်းသော်လည်း
မန်ယူအတွက် ပွဲချိန် မိနစ် ၄၀ နှင့် မိနစ် ၆၀ တို့တွင်
မာတာက နှစ်ဂိုးသွင်းယူပြီး ပွဲချိန် ၉၄ မိနစ်ရောက်မှ
လက်စတာအတွက် ဟယ်ရီမက်ဂွိုင်ရာက ချေပဂိုးသွင်း
ခဲ့ခြင်းကြောင့် မန်ယူအသင်းမှာ အမှတ်ပေးဇယားထိပ်
ဆုံးမှ မန်စီးတီးကို လိုက်မီရန် ၁၃ မှတ်လိုသွားခဲ့သည်။
လက်စတာအသင်းမှာ တစ်ယောက်ထုတ်ခံရသည့်
ကြားမှ ချေပဂိုးသွင်းသွားနိုင်ခြင်းကြောင့် မော်ရင်ဟိုက
မိမိအသင်းကစားသမားများကို ကလေးဆန်သည့်
ဆုံးဖြတ်ချက်အမှားများ ပြုလုပ်ခဲ့ကြသည်ဟုဆိုကာ
မာရှယ်နှင့်လင်ဂတ်တို့ ဂိုးရနိုင်သည့် အပိုင်အခွင့်အရေး
များကို ဖြုန်းတီးခဲ့ပြီး ပွဲကို အဆုံးမသတ်နိုင်ခဲ့သည်အား
အပြစ်တင်ပြောကြားသွားခဲ့သည်။

မော်ရင်ဟို”စမောလင်း ပွဲချိန်နှောင်းပိုင်း
ဒဏ်ရာနာကျင်ပြီး ကစားရခက်ခဲနေချိန်မှာ အက်ရှ်
လေယန်းကို ကျွန်တော်ခံစစ်ပြန်စုဖွဲ့ကစားဖို့ မှာခဲ့ပါ
သေးတယ်။ ကျွန်တော်တို့ နိုင်ပွဲမရခဲ့တာက အံ့မခန်း
လွယ်ကူလှတဲ့ ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးခဲ့တာကြောင့်
လည်း ဖြစ်တယ်။ လှောင်ပြောင်ချင်စရာ အခွင့်အရေး
တွေလို့တောင် ပြောချင်တယ်။ ဒီပွဲဟာ နိုင်ဖို့ လွယ်ကူ
တဲ့ပွဲလို့ ကျွန်တော်ပြောခဲ့တယ်။ ပွဲချိန်ပထမပိုင်းအပြီး
တစ်ဂိုးစီသရေကျချိန်မှာ ဒီလိုမျိုး ပြောဆိုခဲ့တာပါ။
ကျွန်တော့်ကစားသမားတချို့က ကလေးဆန်တဲ့
ဆုံးဖြတ်ချက်တွေကိုလုပ်ခဲ့ကြတယ်။ အချိန်က သူတို့ကို
ရင့်ကျက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင်
သင်ပေးသွားနိုင်ပေမယ့် တချို့သော ကစားသမားတွေ
ကတော့ ကစားသမားဘ၀ဆုံးတဲ့အထိ ဒီလိုကလေး
ကလားဆန်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်နေကြဦးမှာပဲ။
ကိုယ့်ဂိုးဧရိယာထဲမှာရော သူတို့ဂိုးဧရိယာထဲမှာပါ
ကလေးဆန်လွန်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ကြ
တယ်။ ကိုယ့်အမှားတွေကြောင့်ပဲ ပြန်ပေးဆပ်လိုက်
ရတဲ့ပွဲပါ”ဟု ပြစ်တင်ပြောဆိုသွားခဲ့သည်။