အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခြင်း

ဓာတ်ပုံ - Eaindra Kyaw Zin Facebook

“ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်မယ့်ဖက်ရှင်မျိုးပဲ ၀တ်ဆင်ဖြစ်ပါတယ်”

အကယ်ဒမီအိန္ဒြာကျော်ဇင်သည် ရင်သွေးနှစ်ဦးမွေးထားသော်လည်း အပျိုတစ်ယောက်ကဲ့သို့ခန္ဓာကိုယ်အလှကို ထိန်းသိမ်းထားနိုင်ပြီး ဖက်ရှင်ဘုရင်မဟူ၍လည်း တင်စားခေါ်ဝေါ်ခြင်း ခံထားရသူဖြစ်သည်။ အမြဲတမ်းဖက်ရှင်ကျကျ ၀တ်စားတတ်သည့်အတွက် ပရိသတ်စိတ်ဝင်စားမှုကို ခံထားရသူဖြစ်ပြီး လှပနုပျိုနေတဲ့အကြောင်းနှင့်စပ်လျဉ်း၍ အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့်တွေ့ဆုံခိုက် မေးမြန်းခဲ့သည် –

ဓာတ်ပုံ – Eaindra Kyaw Zin Facebook

မေး။ လတ်တလောမှာ ဘယ်လိုဖက်ရှင်ကို သဘောကျဖြစ်နေလဲပြောပါဦး။

-Ads-
-Ads-

ဖြေ။ အူဝဲ ခုနောက်ပိုင်း ဖက်ရှင်နဲ့ပတ်သက်ပြီး ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဖက်ရှင်မျိုးပဲ ၀တ်ဆင်ဖြစ်ပါတယ်။ အရမ်းကြီး cute ဖြစ်မယ့် ဖက်ရှင်မျိုးတော့ မကြိုက်ဘူး။ ပွဲနဲ့လိုက်ဖက်မယ့် ပုံစံမျိုး၊ ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့်ပုံစံမျိုးကို ၀တ်ဖြစ်တယ်။ အရောင်ဆိုရင်လည်း ဒီဇိုင်နာ တွေနဲ့တိုင်ပင်ပြီး ကိုယ့်သွားမယ့် Theme ပေါ်မူတည်ပြီး ရွေးချယ်
ဝတ်ဆင်ဖြစ်ပါတယ်။

မေး။ ဖက်ရှင်အပေါ်မှာရော သရုပ်ဆောင်အနေနဲ့ဘယ်လိုမြင်မိလဲ။

ဖြေ။ ဖက်ရှင်နဲ့ပတ်သက်ရင် အူဝဲကိုယ်တိုင်လည်း လေ့လာဖြစ်တယ်။ ၀ါသနာလည်းပါတယ်။ ကိုယ်နဲ့လိုက်ဖက်တာကို လေ့လာတယ်။ လူတစ် ယောက်အတွက် ဖက်ရှင်ဆိုတာလည်း အရေးကြီးတဲ့အပိုင်းအစတစ်ခုလို့ အူဝဲမြင်တယ်။

ဓာတ်ပုံ – Eaindra Kyaw Zin Facebook

 

မေး။ အူဝဲရဲ့ဖက်ရှင်ဆိုတာမျိုး တစ်ချိန်က လူစိတ်ဝင်စားခံခဲ့ရဖူးတော့ အခုအချိန်မှာရော ဖက်ရှင်နဲ့ပတ်သက်ရင် ဘယ်လိုမြင်လဲ။

ဖြေ။ အူဝဲကို သဘောကျပေးလို့ ကျေးဇူးတင်တယ်လို့ အရင်ပြောပြ ချင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကတော့ အားလုံး လိုလိုက ဖက်ရှင်ကျကျဝတ်တတ်လာကြပါပြီနော်။ အကုန်လုံးလည်း ခေတ်မီ လာကြပါပြီ။ အူဝဲတစ်ယောက်တည်း ဖက်ရှင်ကျတာမဟုတ်တော့ပါဘူး။ အကုန်ဝတ်တတ်၊ စားတတ်ဖြစ်လာကြတာ အရမ်းကောင်းပါတယ်။ အွန်လိုင်းတွေက တစ်ဆင့် လေ့လာပြီး Up to Date ဖက်ရှင်တွေ ၀တ်ဆင်နိုင်လာကြတယ်လေ။

မေး။ အားလုံးက သဘောကျကြတဲ့အူဝဲရဲ့အသားအရေကို ဘယ်လို ထိန်းသိမ်းဖြစ်လဲ။

ဖြေ။ အူဝဲအသားအရေက မလှပါဘူး။ ဒါပေမဲ့ ရှုတင်က ပြန်လာတိုင်း မိတ်ကပ်ကို Romoverနဲ့ သေချာဖျက်တယ်။ တစ်ခါတလေ ရိုက်ကူးရေးက ပြန်လာတာ မိုးချုပ်တယ်ဆိုလည်း ညဥ့်နက်နေလို့ အရမ်းအိပ်ချင်နေပြီဆိုပြီး ထိုးအိပ် လိုက်တာမျိုး မရှိဘူး။ အမြဲတမ်း Cleaning လုပ်တယ်။ ပြီးရင် Night Cream လိမ်းပြီးမှ အိပ်တယ်။ နေပူထဲထွက် ရမယ်ဆိုရင်လည်း Sun Creamကို သေချာလိမ်းတယ်။ အဲဒါမျိုးကြောင့် ထင်ပါတယ်၊ ဒီနေ့အထိ အသားအရေက နည်းနည်းခံနေသေးတာထင်ပါတယ်။ အူဝဲတို့က မီးထိုးမှန်ထိုးအပူရှိန်တွေကြောင့်အသားအရေက ပိုပျက်စီးစေတာ ဆိုတော့လေ။ Skin Careတော့ ပုံမှန်လုပ်ဖြစ်ပါတယ်။

ဓာတ်ပုံ – Eaindra Kyaw Zin Facebook

 

မေး။ ကျန်းမာရေးအတွက် အစားအသောက်ရှောင်တာမျိုးရှိလား။

ဖြေ။ အူဝဲက အစားအသောက်တော့ သိပ်မရှောင်ဘူး။ ကိုယ်ကြိုက်တာ ကိုယ်စားတာပဲ။ တစ်ခုတော့ရှိတယ်။ အူဝဲကြိုက်တဲ့ အစားအစာတွေက အဆီအဆိမ့်များတာတော့မရှိဘူး။ အဲဒါကြောင့် အစားအသောက်ကို တကူးတကကြီး ရှောင်စရာမရှိပါဘူး။ အရည်ရွှမ်းတဲ့ သစ်သီးတွေ ဖျော်သောက်တာတို့၊ စားတာတို့ လုပ်ဖြစ်ပါတယ်။

မေး။ အခုနောက်ပိုင်း မျက်နှာကို ခွဲစိတ်ပြုပြင်တာတွေ လုပ်ကြတယ်။ အူဝဲအနေနဲ့ရော ပြုပြင်ဖို့ရှိမလား။

ဖြေ။ အူဝဲက လှတော့လှချင်တယ်။ ဒါပေမဲ့ အဲဒီလိုမျိုးတွေတော့ ကြောက်လို့ မလုပ်ရဲဘူး။ ပြီးတော့ အူဝဲရဲ့အသားအရေက အဖုထွက်တတ်တဲ့အရေပြားမျိုးဆိုတော့ အဲဒီလိုလုပ်လို့လည်း မရပါဘူး။

မေး။ ခန္ဓာကိုယ်အတွက် ထိန်းသိမ်းတာမျိုးရှိလား။

ဖြေ။ အူဝဲက Exerciseတော့ ပုံမှန်လုပ်ဖြစ်တယ်။ ၄၅ မိနစ်၊ တစ်နာရီလောက်တော့ ပြေးစက်ပေါ်မှာ ပြေးဖြစ်တယ်။ Gym ကစားတာ အရင်ကတော့ ပုံမှန်လုပ်ဖြစ်ပါတယ်။ ကလေးမွေးပြီးနောက်ပိုင်း သိပ်မလုပ်ဖြစ်တော့ဘူး။ ကလေး တွေကို အချိန်ပေးနေရလို့ အခု နောက်ပိုင်း Gym သွားမကစားဖြစ်တော့ဘူး။ အိမ်မှာပဲ ကစားဖြစ်ပါတယ်။

မေး။ ဖက်ရှင်ချစ်ပရိသတ်အတွက် အူဝဲအနေနဲ့ စကားလက်ဆောင်ပြောပေးပါဦး။

ဖက်ရှင်အတွက် စကားလက်ဆောင်ဆိုရင်တော့ ကိုယ့်ဝတ်ဆင်တဲ့ ဖက်ရှင်ဟာ တန်ဖိုးများတယ် ၊ နည်းတယ်နဲ့ မဆိုင် ပါဘူး။သပ်သပ်ရပ်ရပ်နဲ့လှပအောင် ၀တ်ဆင်နိုင်တာလည်း ဖက်ရှင်တစ်ခုပါပဲ။ လူတိုင်းဖက်ရှင်ကျကျ လှပနိုင်ပါစေလို့ ပြောချင်ပါတယ်။

ဓာတ်ပုံ – Eaindra Kyaw Zin Facebook
-Ads-
-Ads-