မန်စီးတီး နားရက်ပိုရခြင်းကို မန်ယူနည်းပြမော်ရင်ဟို မကျေမနပ်စကားဆို

မန်ယူနည်းပြမော်ရင်ဟိုက မိမိတို့အသင်းသည် ဒီဇင်ဘာ ၂၆ ရက် ဘောက်ဆင်ဒေးနေ့တွင် ဘန်လေနှင့် ပရီးမီးယားလိဂ် ပွဲကစားရပြီး မန်စီးတီးက တစ်ရက်ပို အနားရကာ ဒီဇင်ဘာ ၂၇ ရက်မှ နယူးကာဆယ်နှင့် ကစားရခြင်း၊ အာဆင်နယ် အသင်းဆိုလျှင် ဒီဇင်ဘာ ၂၈ ရက်မှ ပဲလေ့စ်နှင့်ကစားရခြင်းတို့ကြောင့် ပွဲစဉ်ရေးဆွဲမှုကို အပြစ်တင်ဝေဖန်ကာ ပြိုင်ဘက်များ နားရက်ပိုရပြီး မျှတမှုများရှိနေသည်ဟု မကျေမနပ်ပြောကြားသွားခဲ့သည်။

ခရစ္စမတ်အင်တာဗျူးအစီအစဉ်တွင် မော်ရင်ဟိုက ‘ကျွန်တော်က အသာစီးရတဲ့သူတွေအကြောင်းတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ တချို့က ခြောက်ရက်လောက်နားချိန်ရပြီးမှ နောက်တစ်ပွဲကို ကစားရတယ်။ ဒါကြောင့် သူတို့ ပြင်ဆင်ချိန်ပိုရတာပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့က ဘောက်ဆင်ဒေးနေ့မှာ ကစားရတယ်။ သူတို့ကတော့ နောက်တစ်ရက်မှ ကစားရတာဖြစ်လို့ တစ်ရက်ပိုပြီး အနားရတယ်။ ပြဿနာက တစ်သင်းနဲ့တစ်သင်းအကြား မတူညီတဲ့ဖြစ်စဉ်တွေ ရှိနေခြင်းပါပဲ။ အင်္ဂလန်ဘောလုံးလောကမှာ ဒီလိုဖြစ်စဉ်တွေကို ကျွန်တော်က ဒီဇင်ဘာ ဒဏ်ရာများလို့ သုံးနှုန်းချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီဇင်ဘာဒဏ်ရာကြီးဖြစ်နေပေမယ့် ကိုယ်တွေက တံခါးဖွင့်လက်ခံရတာပဲလေ’ဟု ပြောကြားခဲ့သည်။