ပြည်သူစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့်၂၀၁၇ ထူးခြားမှုခင်းဖြစ်စဉ် မှတ်စု(၅)

 

“ဒလမြို့နယ်ရှိ ကျောင်းတစ်ကျောင်းမှ မူလတန်းပြ ဆရာမတစ်ဦးသည် ကျောင်းမှဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ပြန်ရန် ၀ိုင်ဘီအက်စ်(၇)ယာဉ်ကို စီးနင်းလိုက်ပါလာစဉ်၎င်းင်း၏ဘေးခုံတွင် ၀င်ထိုင်သူ တင်နိုင်လင်း(ခ) အရှဘက်(၂၆)နှစ်က ပေါင်နှင့်ဒူးခေါင်းတို့ကို ထိတွေ့ကိုင်တွယ်ခြင်း၊ ဖုန်းထဲရှိ ညစ်ညမ်းဇာတ်ကားများ ကြည့်ရှုပြသခြင်းများပြုလုပ်လာသဖြင့် သည်းမခံနိုင်ခြင်းကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်း။”

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ် ရှမ်းရပ်ကွက် ခရေပင်လမ်းနေ ဆွံ့အ(ပိုလီ ယို)ဝေဒနာရှင် မနီနီအောင်(ခ)မီးမီးကြီး (၄၇) နှစ်ထံမှ ရွှေထည်ပစ္စည်းရလိုသဖြင့် လူကိုသတ် ကာ အလောင်းကို မီးရှို့ဖျောက်ဖျက်မှုမှ မွှေးကြီး (ခ) ပိုက်ထွေး (ခ)ကတုံးကို အခင်းဖြစ်ချိန် သြဂုတ် ၄ ရက် နံနက် ၀၀း၃၀ နာရီခန့်မှ ၁၃ နာရီအတွင်း ဖမ်းဆီးရမိ။

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို အရေးယူပေးရန် အမှုဖွင့်ခဲ့သည့် တရားလိုကျော်မျိုးရွှေသည် သြဂုတ် ၂ ရက်မှ ၅ ရက်အထိ မန္တလေးမြို့ချမ်းမြသာစည် မြို့နယ် သာသနာ ၅၀၀၀ ဗိမာန်၌အစိုးရပြုတ်ကျ ရေးသပိတ် တွင် ပါဝင်သည့်အတွက် အမှတ် (၁၀) ရဲစခန်းက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) ဖြင့် ချမ်းမြသာစည် မြို့နယ် တရားရုံး၌ တရားစွဲရာ ဖမ်းဝရမ်းထုတ်ထားသဖြင့် မဟာ အောင်မြေမြို့နယ်တရားရုံးတွင် သြဂုတ် ၇ ရက် ရုံးချိန်းသို့ တရားရင်ဆိုင်ရန် လာရောက်စဉ် ဖမ်းဆီးခံရ။

-Ads-
-Ads-

သြဂုတ် ၁၁ ရက် နံနက် ၂ နာရီ မိနစ် ၄၀ ခန့်က နှာခေါင်း စည်း (Mask) အနက်ရောင်တပ်ကာ စမ်းချောင်းမြို့နယ် စမ်းချောင်းမြောက်ရပ်ကွက် စမ်းချောင်းလမ်းတွင် ၂၄ နာရီ ဖွင့်လှစ်ထားသည့် g&g စတိုးဆိုင်အရောင်းဝန်ထမ်းကို ဓားဖြင့် ထောက်ကာ ငွေနှင့်ပစ္စည်းများလုယက်ပြီး ပရိုဘောက်အငှား ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသူ စည်သူလွင် (၁၈) နှစ်အပါ လူငယ်လေးဦးကို ဖမ်းဆီးရမိ။

သြဂုတ် ၁၁ ရက် ညနေ ၃ နာရီခန့်ကရန်ကုန်မြို့ရွှေပြည်သာ တံတားပေါ်မှ လှိုင်မြစ်အတွင်းသို့ အသက်(၂၁) နှစ်အရွယ် မယုသဉ္ဇာမေနှင့် သူရမျိုးတို့ လင်မယားစကားများရာမှခုန်ချ သေကြောင်း ကြံစည်ခဲ့ရာ အမျိုးသမီးဖြစ်သူကိုအခင်းဖြစ်နေရာ အနီး တံတားဆောက်လုပ်ရေးဝန်ထမ်းများက၀ိုင်းဝန်းကယ် ဆယ်ရရှိခဲ့ပြီး သူရမျိုးမှာ ပျောက်ဆုံးလျက်ရှိသဖြင့်သေကြောင်း ကြံစည်သူ နှစ်ဦးစလုံးကို အမှုဖွင့်။

သြဂုတ် ၁၇ ရက် နံနက် ၇ နာရီခန့်က မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပန်းတိမ်းကျေး ရွာအုပ်စု ဗိုလ်ကုန်းကျေးရွာနေ အသက် (၂၃) နှစ် အရွယ် မိန်းကလေးကို အဘွား၏နောက် အိမ်ထောင်ဖြစ်သူ ဦးတင်ငွေ (၆၅) နှစ်က အလိုမတူဘဲ သားမယားပြုကျင့်။

သြဂုတ် ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒလမြို့နယ်ရှိ ကျောင်းတစ်ကျောင်းမှ မူလတန်းပြ ဆရာမတစ်ဦးသည် ကျောင်းမှ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ပြန်ရန် ၀ိုင်ဘီအက်စ် (၇) ယာဉ်ကို စီးနင်းလိုက်ပါလာစဉ် ၎င်း၏ဘေးခုံ တွင် ၀င်ထိုင်သူ တင်နိုင်လင်း(ခ) အရှဘက် (၂၆)နှစ်က ပေါင် နှင့်ဒူးခေါင်းတို့ကို ထိတွေ့ကိုင်တွယ်ခြင်း၊ ဖုန်းထဲရှိ ညစ်ညမ်း ဇာတ်ကားများ ကြည့်ရှုပြသခြင်းများ ပြုလုပ်လာသဖြင့် သည်း မခံနိုင်ခြင်းကြောင့် ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်း။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တကွင်းကျေးရွာ၌ ဦးအိုက်ကံ သည် သြဂုတ် ၂၀ ရက် ညနေ ၅ နာရီခန့်က နွားကျောင်းနေ စဉ် မူးယစ်ဆေး (နံပါတ်ဖိုးထိုး) သုံးစွဲသည်ဟုဆိုကာ ၀န်ခံခိုင်း ပြီး လက်ထိတ်ခတ်၍ ဖူးရောင်၊ ညိုမည်း၊ ယာခြေသလုံး အရိုး ကျိုးဒဏ်ရာများရရှိသည်အထိ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ရိုက်နှက်ခဲ့သည့်အတွက်အကြောင်းမဲ့ ရိုက်နှက်ခဲ့သူ စစ်ကိုင်း တိုင်းဒေသကြီး အင်းတော်မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ် ဇော်မျိုးနှင့် မော်တိတ်ရဲကင်းစခန်းမှ ရဲတပ်သားကျော်လွင် ဦးတို့ကို အရေးယူပေးရန် ဟိုပင်နယ်မြေရဲစခန်းသို့ သမီးဖြစ်သူ ဒေါ်မွေလှိုင်က သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် တရားလိုပြု တိုင်တန်းခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်တွင် ဦးအိုက်ကံ သေဆုံး။

သြဂုတ် ၂၁ ရက် ညနေ ၆ နာရီခန့်ကရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင်၌ ခရီးသည်အတင်၊ အချ ပြုလုပ်နေသည့် ၀ိုင်ဘီအက်စ် (၂၀) ယာဉ်တစ်စီး ပေါ်သို့ ၀ါးရင်းတုတ်ကိုင် တက်လာသည့် အမျိုး သားနှစ်ဦးက ယာဉ် မောင်းနှင့် ခရီးသည်များထံမှ မိုက်ကြေးခွဲဆဲဆိုကာ ငွေတောင်း ယူမှု CCTV မှတ်တမ်းဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက် နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ စုံစမ်းဖမ်းဆီးမှုအရရန်ရှင်း (၂၁) နှစ်နှင့် သီဟစိုးအသက် (၃၀) တို့ကို ဖမ်းမိ။

သြဂုတ် ၂၂ ရက် ည ၉ နာရီ ၄၅ မိနစ် ခန့် က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂၆) ရပ်ကွက် ပြည်ထောင်စုလမ်းမ ပေါ်ရှိ ရွှေဝါနန်းတည်းခိုခန်း အနီး 92 Rom အမျိုးအစား ဆီများ တင်ဆောင်ထားသည့် Pongrawe Cargo Link Logistics ကုမ္ပဏီမှ ဘောက်ဆာယာဉ်ကို ကွန်တိန်နာ ယာဉ်က အနောက်မှဝင်တိုက်ခဲ့သဖြင့် ဆီဖိတ်၍မီးကူးစက် လောင်ကျွမ်းမှုတွင် မီးငြှိမ်း သတ်ယာဉ် စေလွှတ်မှု Level 4 ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရာတွင် ကားငါးစီး၊ နေအိမ်ခုနစ် လုံး၊ အိမ်ထောင်စုခုနစ်စုနှင့် လူလေးဦး မီးဘေးသင့်ခဲ့ရပြီး ကျပ် ၆၆၄ သိန်းဖိုးဆုံးရှုံးခဲ့။

ဝိုင်ဘီအက်စ် (၆) ယာဉ်အမှတ် ၄က/— ၏ ယာဉ်မောင်း အေးဝင်းထွန်းသည် သြဂုတ် ၂၆ ရက် ယာဉ်ပြန်သိမ်းချိန်တွင် ကုမ္ပဏီသို့ ပြန်လည် မအပ်နှံခြင်းကြောင့် သြဂုတ် ၂၇ ရက်တွင် လိုက်လံရှာဖွေရာ လှိုင်သာယာမြို့နယ် ၃ ထိပ် မှတ်တိုင်အနီး တွင် တွေ့ရသဖြင့် ယာဉ်ကိုစစ်ဆေးရာ ပျက်စီးနေပြီးယာဉ်စီးခ ထည့်သည့် သေတ္တာပုံး သော့ကိုဖျက်ဆီးကာ အတွင်းမှငွေကျပ် ၇၇၈၀ ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူထားသည်ကို စစ်ဆေး တွေ့ရှိရသည့်အတွက် အရေးယူပေးရန် ကုမ္ပဏီဒါရိုက်တာ ဦးတင်ဝင်းက လှိုင်သာယာ မြို့မရဲစခန်းသို့ တိုင်တန်း။

သြဂုတ် ၂၆ ရက် ည ၉ နာရီခွဲခန့်က ရှမ်းပြည်နယ်အောင်ပန်း မြို့နယ် ပင်မှီကျေးရွာနေ ပင်မှီဈေးကုန်း အလကကျောင်း အလယ်တန်းပြဆရာမ ဒေါ်မေ၀င်းမော်(၃၇)နှစ် မိမိကိုယ်မိမိတူဖြင့်ထုပြီးသတ်သေမှုနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေး ချက်များအရ ခင်ပွန်းဖြစ်သူဇော်လင်းက အခင်းဖြစ်နေ့ ညနေ ၆ နာရီခန့်တွင် ကျောင်းသား၊ ကျောင်းသူများအား အချိန်ပိုသင် သည့်ကိစ္စနှင့် ပတ်သက်၍ သင်ပြမပေးနိုင်ကြောင်း ကျောင်း အုပ်ဆရာမကြီးထံသွားပြောရန် စေခိုင်းသည့်ကိစ္စ မသွားခြင်း နှင့်ပတ်သက်၍ တူ၊ ကားဝပ်ရှော့သုံး စပန်ဒါသီးတို့ဖြင့် ဦးခေါင်း ကို ပြင်းထန်စွာ ရိုက်နှက်ခြင်းကြောင့် ရရှိခဲ့သည့် ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး အသက်ခုနစ်နှစ် အရွယ် သားဖြစ်သူကိုလည်း မိခင်မှာ မိမိကိုယ်ကို သတ်သေ ခြင်းဖြစ်သည်ဟု ပြောရန်သင်ကြားပေးခဲ့ကြောင်း သြဂုတ် ၂၈ ရက်တွင် အမှုမှန်ပေါ်ပေါက်သဖြင့် သေမှုသေခင်းမှ လူသတ်မှု ပုဒ်မ-၃၀၂ သို့ ပြောင်းလဲအမှုဖွင့်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကိုင်းရိုး ကျေးရွာ၌ ကျပ် တစ်သောင်းတန်အတု အရွက် ၂၀၀ ဖြင့် နွားလာဝယ်သူ အမျိုးသားကို စက်တင် ဘာ ၂ ရက်တွင် ဖမ်းဆီးရမိခဲ့သည့် ကွင်းဆက်ဖော်ထုတ်ချက်အရ စက်တင်ဘာ ၄ ရက်တွင် ကျပ်တစ်သောင်းတန်အတု ၁၃၂ ရွက်ကို အမျိုး သားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံမှ ထပ်မံ သိမ်းဆည်းရမိ။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာနေ အသက် (၂၀) အရွယ် ၀ဲလက်၊ ခြေမသန်စွမ်းသူ အမျိုးသမီး တစ်ဦးသည် စက်တင်ဘာ ၃ ရက် နံနက် ၁၁ နာရီခွဲခန့်က အပေါ့၊ အလေးသွားရန်အတွက် နေအိမ်အနီး သုသာန်ဘက်ရှိ မန်ကျည်းပင်အောက်သို့သွားစဉ် ကိုမင်း (၅၂) နှစ်ဆိုသူ ရောက်လာပြီး ပါးစပ်ပိတ်ကာ သားမယားပြုကျင့်ပြီးနောက် မည်သူ့ကိုမှမပြောရန် ခြိမ်းခြောက်၍ ငွေကျပ် ၁၀၀၀ ပေးပြီး ထွက်သွားကြောင်း ပြောပြသိရှိချက်အရ မိခင်ကတရားလို လုပ်တိုင်တန်း။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်မှ ရန်ကုန်မြို့ကျောက်တံ တားမြို့နယ် ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်) သို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသူ ရှစ်ဦးနှင့် ချင်းအမျိုးသမီး ၄၀ တို့ကို စက်တင်ဘာ ၉ ရက် ည ၈ နာရီတွင် စိစစ်တွေ့ရှိခဲ့ သဖြင့် ရဲတပ်ဖွဲ့၊ ထွေ/အုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြို့နယ်အမတ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ အိန္ဒိယနိုင်ငံသူရှစ်ဦးကို စင်ကာပူနိုင်ငံ၌ အိမ်ဖော် လုပ်ကိုင်ရန်နှင့် ချင်းအမျိုးသမီး ၄၀ ကို မလေးရှား နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက်Myanmar Global Man Power Link Ltd. (ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ)ပိုင်ရှင်၏ ဆက်သွယ်မှုဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိနေ ခြင်းဖြစ်ကြောင်း ပေါ်ပေါက်။

စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် က မင်္ဂလာတောင် ညွန့်ကြီးရပ်ကွက် ဦးအောင် မြတ်လမ်းထောင့်ရှိ ယာဉ်မောင်း သင်တန်း ကျောင်းရှေ့ ယာဉ်မရပ်ရနေရာ၌ ရပ်ထားသည့် ၁ီ။—- ယာဉ်ကို တွေ့ရှိသဖြင့် ချလန်ဖြတ် အရေးယူဆောင် ရွက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ ပူးပေါင်းအဖွဲ့ကို ယာဉ်ပိုင်ရှင် ကျော်စိုးဝင်း (ခ)ယူနွတ်က ညစ်ညမ်းသည့်စကား များပြောဆိုပြီး ဘာသာ၊ သာသနာစော်ကားသည့် အပြင် တာဝန်ဝတ္တရား နှောင့်ယှက်ခြင်းကြောင့် မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းတွင် အမှုဖွင့်ခံရရာ စက်တင်ဘာ ၁၂ ရက်တွင် ၎င်းင်း၏ မိသား စုဝင်များက ရဲလက်သို့ လာရောက်အပ်နှံ။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့မှ ဖြတ် သန်းမောင်းနှင်သွားသည့် MDY 5I/—- ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာ သည့် ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင် ကျော်မိုးမှာ ရဲဦးထုပ်၊ ပြောက်ကျားအင်္ကျီနှင့် ရဲတပ်ဖွဲ့ဝင်များ တာဝန်ချ ထားမှု လက်ရေးစာရွက် စာတမ်းအချို့ ထားရစ်ကာထွက်ပြေး သွားသဖြင့် လိုက်လံဖမ်းဆီးရာ သပိတ်ကျင်းရဲစခန်း၌ ဖမ်းဆီး ရမိထားသည့်အပြင် ထိုယာဉ်ပေါ်ပါ လူငယ်နှစ် ဦးကိုလည်း တရားမ၀င်သစ်များနှင့်အတူ ဖမ်းဆီး ရမိ။

စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခန့် က ပန်းဘဲတန်း မြို့နယ် အမှတ် (၆) ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ ဒိုင်းမွန်း ၅၄ စိန်ရတနာ အရောင်းဆိုင် ၀န်ထမ်းအမျိုးသမီး ဒေါ်အဲန်သဲ (၃၂) နှစ်၏ အနုကြမ်းစီး လုယက်ခံရမှုကြောင့် တန်ဖိုး ကျပ်သိန်း ၈၀ ခန့်ရှိ ရတနာပစ္စည်းပါ ဆုံးသွားသည်ဟု တိုင်တန်းမှုတွင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ မမှန်မကန်လုပ်ကြံ၍ လီဆယ်တိုင်တန်းခြင်းသာဖြစ်ပြီး ဖြစ်စဉ်မတိုင်မီ ဆိုင်သို့ စိန်ထည်ပစ္စည်းများ ၀ယ်ယူဟန်ဆောင် သူ အမျိုးသမီးနှစ်ဦးက အဆိုပါတန်ဖိုးရှိ ရတနာပစ္စည်းပုံစံ အတုဖြင့် လိမ်လည်ခဲ့ခြင်းကို ဆိုင်ပိုင်ရှင်သိလျှင်အပြစ်ပြောခံရ မည်ကို စိုးရိမ်ခြင်းကြောင့် လုယက်ခံရခြင်းဖြစ်ကြောင်း ပြောဆို မည်ဟု ကြံစည်ခြင်းသာဖြစ် ကြောင်းပေါ်ပေါက်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သတ်ဖြတ်ရန် အောင်ဝင်းဇော်၏ ကမ်းလှမ်းခံရ သူများထဲတွင် ပါဝင်ခဲ့သူအား ၂၀၁၆ ခုနှစ် မေ ၁ ရက်က မူးယစ်ဆေးဝါးသတင်းအရ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၁၉) ရပ်ကွက် လှော်ကား လမ်းမပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ရဲတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး သည့်ကြားမှ ထွက်ပြေးခဲ့သူ နဂါး လေး(ခ)အောင်နိုင်မြင့်ကို အရှေ့ပိုင်းခရိုင်တရား ရုံးက မူး/ စိတ်ဥပဒေပုဒ်မများဖြင့် တရားစွဲထား မှုမှ စက်တင်ဘာ ၂၁ ရက်တွင်အပြီးအပြတ် လွှတ် ရန် အမိန့်ချမှတ်ခဲ့ပြီးနောက် ထွက်ပြေးရာတွင် အသုံးပြုခဲ့သည့် 5D-3753 X-Trail အမျိုး အစားယာဉ်နှင့် YGN 6A-8649 Honda Fit အမျိုးအစားယာဉ်နှစ်စီးမှာ လိုင်စင်မဲ့ယာဉ်များဖြစ်သည့်အတွက် ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ-၈ အရ စက်တင်ဘာ ၂၂ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် လေးနှစ်ချမှတ်။

-Ads-
-Ads-