ပြည်သူစိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် ၂၀၁၇ ထူးခြားမှုခင်းဖြစ်စဉ်မှတ်စု(၆)

 

“စက်တင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဥဿာမြို့သစ်အမှတ် (၉)ရပ်ကွက်ရှိ မင်းအနော်ရထာ စက်ယန္တရားကုမ္ပဏီ အခန်းတစ်ခန်းနေ Supervisor ကိုမျိုးသန့်ဦး (၃၅)နှစ်ကို ဇနီးဖြစ်သူ မလှသင်းကြည် (၂၁)နှစ်က ဖေ့စ်ဘွတ်ခ်သုံးစွဲပြီး အခြားမိန်းကလေးများနှင့် ပတ်သက်မှုမပြုလုပ်ရန် ပြောဆိုတားမြစ်မရသည့်ကိစ္စ မကျေနပ်ရာမှ အိပ်ပျော်နေစဉ် ခြောက်ပေါင်တူဖြင့် ထုသတ်။”

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် မိုက်ကွမ်းကျေးရွာအနီး ကျောက်ထုတ်စခန်းရှိ လမ်းပြင်လုပ်သားအဖွဲ့နေထိုင်သည့် တန်းလျားအတွင်း မိဘဖြစ်သူများက အကြွေးမပေးဘဲ ထွက်ပြေး သွားသဖြင့် အကြွေးရှင်များက ကျန်ရစ်ခဲ့သည့် သမီးမိန်းကလေးနှင့် အသက်သုံးနှစ်အရွယ် သား ယောကျာ်းလေးတို့ကို ရိုက်နှက်ရာ နှစ်ဦးစလုံး သေဆုံး။

စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် သီရိမွန်ပလာဇာဝင်းသီရိ မွန် (၁၀) လမ်း Galaxy Star Motel ရှေ့လမ်း၌ စိုင်းပြည့်ကျော်မောင်းနှင်ပြီး သန်းအောင်လိုက်ပါလာသည့်ယာဉ်အား မူးယစ်တပ်ဖွဲ့စု ၄၁ ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ တန်ဖိုးငွေ ကျပ် သိန်း ၄၂၆၀ ရှိ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော် ဖမ်းဆီးရမိ။

-Ads-
-Ads-

စက်တင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့် က ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် အမှတ် (၉)ရပ်ကွက်ရှိ မင်းအနော်ရထာ စက်ယန္တရားကုမ္ပဏီအခန်း တစ်ခန်းနေ Supervisor ကိုမျိုးသန့်ဦး (၃၅) နှစ်ကို ဇနီးဖြစ်သူ မလှ သင်းကြည် (၂၁) နှစ်က ဖေ့စ်ဘွတ်ခ်သုံးစွဲပြီး အခြား မိန်းကလေးများနှင့် ပတ်သက်မှုမပြုလုပ်ရန်ပြောဆိုတားမြစ်မရ သည့်ကိစ္စ မကျေနပ်ရာမှ အိပ်ပျော်နေစဉ် ခြောက်ပေါင်တူဖြင့် ထုသတ်။

စက်တင်ဘာ ၂၉ ရက်တွင် မူး/စိတ်ဥပဒေ အရ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ခံရသူ တရားခံနိုင်ထူးအပါအ၀င် အချုပ်တရားခံ ငါးဦး က ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီး မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်ငါးဦးကို စက်တင်ဘာ ၃၀ ရက် ညနေ ၃ နာရီခန့်တွင် စားကြွင်းစားကျန် ငါးပိရည်ကျိုဖြင့် ပက်၊ သံကြိုး၊ သံတုတ်ဖြင့် ရိုက်၊ လက်သီးဖြင့် ၀ိုင်းဝန်းထိုးကြိတ်၍ အချုပ်ခန်းအတွင်းမှ ထွက်ပြေးရန်ပြုလုပ်သဖြင့် ရဲတပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာများရ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ရန်ကုန်မြို့သို့ရောက်ရှိ ပြီးနောက် မြို့တွင်း နှစ်ရက်ခန့်အကြာ လှည့်လည်သွားလာနေ သည့် အသက် (၂၀) နှင့် အသက် (၁၈) နှစ်ရှိ ဘင်္ဂါလီစုံတွဲကို အောက်တိုဘာ ၂ ရက် ည ၈ နာရီ မိနစ် ၂၀ ခန့် တွင် တာမွေ မြို့နယ် တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးတံတားအောက် မီးပွိုင့်ရှိ ယာဉ်ထိန်းရဲဂိတ်တဲ၌ ဖမ်းဆီးရမိ။

သြဂုတ် ၇ ရက် နံနက် ၂ နာရီခန့်က တက္ကသိုလ်ရိပ်သာလမ်း ဓမ္မာရုံရှေ့ ယာဉ်တိုက်မှု ဖြစ်စဉ်ကို စစ်ဆေးနေသည့်ကမာရွတ် မြို့မ ရဲစခန်းမှူး ဒုရဲမှူးအောင်စိုးကို အရက်အလွန် အကျွံမူးနေ သူ ချမ်းမြေ့အောင် အသက် (၃၀) မောင်းနှင်လာသည့် Honda Civic ယာဉ်ဖြင့် ၀င်တိုက်မိမှုတွင် ဒုရဲမှူးအောင်စိုး သေဆုံး ခဲ့ခြင်း ကြောင့် ချမ်းမြေ့အောင်ကို ပြစ်မှုဥပဒေပုဒ်မ-၃၀၄ (က) အရ ထောင်ဒဏ်ခုနစ်နှစ်နှင့် ပြစ်မှုဥပဒေ ပုဒ်မ-၂၇၉ အရ ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်များအား တစ်ပေါင်းတည်း (ခုနစ်နှစ်)ကျခံစေရန် ကမာရွတ်မြို့နယ်တရားရုံးက အောက်တိုဘာ ၃ ရက်တွင် အမိန့်ချ။

အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက သာကေတမြို့နယ် ငမိုးရိပ်ချောင်းကမ်းဘေး၌ ဦးခေါင်းကွဲအက် ပြတ်ရှဒဏ်ရာ နှစ်ချက်ဖြင့် တွေ့ရှိခဲ့သည့် အမျိုးသားအလောင်းမှာ ဒုတိယ သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူနှင့် တူတော်စပ်သူ ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၆) ရပ်ကွက် အေးရိပ်ငြိမ် လမ်းနေ ချင်းတိုင်းရင်းသား Terabit Wave ကုမ္ပဏီမှ စာရင်း ကိုင်ဝန်ထမ်း မောင်ကျဲအိုလျန်မန်း (၂၅) နှစ်ဖြစ်ပြီး စက်တင် ဘာ ၂၂ ရက် ည ၇ နာရီခန့်က နေအိမ်မှ လက်ဖက်ရည်ဆိုင် သို့သွားမည်ဟု ပြောဆိုထွက်သွား ပြီးနောက် ပြန်မလာသဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ဖခင်ဖြစ်သူက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းအား သတ်သွားသူကို ဖမ်းဆီးရမိရေးအတွက် သာကေတနယ်မြေရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်။

အောက်တိုဘာ ၇ ရက် နံနက် ၂ နာရီ ခွဲခန့်က ရေဦးမြို့နယ် စာပေဟောပြောပွဲမှ ပြန်လာသည့် စာရေးဆရာညီမင်းညိုနှင့် ကဗျာ ဆရာထွဏ်းသွေးအိမ်တို့ လိုက်ပါလာသည့် ယာဉ် ကို မန္တလေး-ရွှေဘိုလမ်းပိုင်း ကံတလူတိုးလ်ဂိတ် အနီး စစ်ကိုင်းမြို့ ကျောက်ဆည်ရွာထိပ်၌ လူနှစ်ဦး (စုံစမ်းဆဲ)က ခဲနှင့်ပေါက်ခဲ့ သဖြင့် စာရေးဆရာ ညီမင်းညိုတွင် မှန်စများထိမှန်ခဲ့ရာ ညာဘက် ပါးရိုး ကိုးချက်ချုပ်ရကြောင်း တိုင်ကြားချက်အရ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးခဲ့ရာ အရက်သေစာ သောက်စား၍ ကျူးလွန်ခဲ့သူ အောင်သာကျေးရွာနေ အောင် ဆန်းထွန်း(ခ)အောင်ခန့်ကျော် (၁၈) နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ ပါဝင်ကျူးလွန်သူမှာ တစ်ရွာတည်းသား ချမ်းမြေ့အောင် အသက် (၂၀) ဖြစ်ကြောင်း ပေါ်ပေါက်။

-ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့ဆေးတက္ကသိုလ် အနီး ပြည်နယ်လွှတ်တော်ရုံး အုပ်ချုပ်/ထောက်ပံ့ဌာနမှ အကြီးတန်းစာရေး စိုးမင်းအောင် အသတ်ခံရမှုတွင် တစ်ရုံး တည်း အလုပ်အတူလုပ်ကိုင်သူ အငယ်တန်းစာရေး ညီညီထွန်း (၂၆)နှစ်ကို အောက်တိုဘာ ၁၂ ရက် တွင် ဖမ်းဆီးရမိခဲ့ရာ အကြွေး ၁၄ သိန်းပေးရန် ကိစ္စပြောဆိုစဉ် မပြေမလည်ဖြစ်ရာမှ အောက်တို ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အသင့်ပါ လာသည့် ဓားမြှောင်ဖြင့် ၁၀ ချက်ခန့် ထိုးသတ်ပြီး တောင်ကြီး -ဟိုပုံးသွားကားလမ်း ဂနိုင်ကန်အတွင်း အလောင်းစွန့်ပစ် ခဲ့ကြောင်းပေါ်ပေါက်။

– တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တောင်သုံးလုံးရွာတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၅ နာရီခွဲခန့်ကမူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့နှင့် သံသယ တရားခံတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ အသက် (၃၃) နှစ်အရွယ် သံသယတရားခံအမျိုးသားတစ်ဦး ကျည်ဖောက် ထွက် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုရဲမှူးတစ်ဦး၏ ယာလက်ဖျံတွင် ကျည်ဆန်ထိမှန်။

အောက်တိုဘာ ၁၅ ရက် ည ၇ နာရီ ၁၃ မိနစ်ခန့်က နေပြည် တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ MNA လေကြောင်းလိုင်းဖြင့် ရန်ကုန် မြို့သို့လိုက်ပါမည့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သားဖြစ် သူ ဗဃန ကုမ္ပဏီဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်း (၄၁)နှစ်နှင့် ဇော်ဝင်းထိုက် (၃၈)နှစ်၊ ရဲမင်းဆွေ (၃၇)နှစ်တို့၏ ခရီးဆောင်အိတ်များအား စစ်ဆေးရာ ဖြိုးကိုကိုတင့်ဆန်း၏ ကျောပိုးအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE (၁ ဒသမ ၅)ဂရမ်၊ သြစတြေး လျနိုင်ငံထုတ် ၉-မမ ပစ္စတို နှစ်လက် (နံပါတ် RPE-204, URS-352 )၊ ၎င်းကျည် ၇၂ တောင့်၊ ကျည်အိမ်နှစ်ခု၊ ဆက် သွယ်ရေးစက်သုံးလုံး၊ PhyoKoKo Tin San (LS-609) အမည်ပါ လေဆာတုံးတစ်ခု၊ နိုင်ငံကူးလက်မှတ်စာအုပ် တစ်အုပ်၊ Drone အဝေးထိန်းယာဉ်တစ်ခု၊ မှန်ဘီလူးတစ်ခု၊ ကင်မရာ ခြောက်လုံး၊ နာရီတစ်လုံး၊ Wifi လွှင့်၍ အသုံး ပြုသည့်စက်တစ်ခု၊ Memory Stick မျိုးစုံ ၁၅ ခု၊ ဖုန်းသုံးလုံး တို့နှင့် ၎င်းတို့စီးနင်းလာသည့် YGN—- HUMMER ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အေလာနယ်မြေရဲစခန်း တွင် မယ(ပ)၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်ပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်နေမှု။

– အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညွှန်ကြားရေးမှူးဦးစိန်တင် က ယခင်ပြည်ထဲရေးဝန်ကြီး ဌာန၀န်ကြီးရုံးမှဒုတိယအမြဲတမ်း အတွင်းဝန် ဦးပြုံးချို (ယခုကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး)ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယရဲမှူးကြီး ကျော်ဇေယျ၊ ဗိုလ်ကြီး ဟောင်း ဦးနေမျိုးထွန်း၊ ပွဲစားဦးကျော် နိုင်စိုးနှင့် ဦးမျိုးခိုင်တို့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ မြေကွက်ကိစ္စနှင့် ပတ်သက်ပြီး ကျပ်သိန်းထောင်ချီအဂတိလိုက် စားမှုဖြင့် ဇူလိုင် ၁၇ ရက်တွင် ဗဟန်းမြို့မရဲစခန်း၌ တိုင်တန်း ခဲ့ပြီးနောက် အမှုတွင်ပါဝင်ပတ်သက်သူ မော်လိုက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ကျော်ရဲသွေး (၄၁) နှစ်မှာထွက်ပြေးတိမ်းရှောင်နေခြင်း ကြောင့် အောက်တို ဘာ ၁၇ ရက် ညပိုင်းတွင်တရားခံပြေး အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်။

အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ မိနစ် ၂၀ ခန့်က ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ပင်မအဆောင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ အကြောင်း အရင်းမှာ ဟိုတယ်ငါးထပ်ရှိ ဓာတ်လှေကားအနောက်ဘက် ခြမ်း၌ ဟောင်းနွမ်းဆွေးမြည့်နေသည့် လျှပ်စစ်ဝိုင်ယာကြိုး များအသုံးပြု၍ အလှဆင်မီးများထွန်း ရာမှ အပူလွန်ကဲပြီး သစ်သားပြားများသို့ မီးကူးစက် စတင်လောင်ကျွမ်းခြင်း ကြောင့် တန်ဖိုးအား ဖြင့် ကျပ်သန်းပေါင်း ၃၇၂၀၈၄၆၅၀၀၀ ဆုံးရှုံး ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် စစ်ဆေးရေးပူးပေါင်း အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ မီးသတ်ယာဉ် အစီးပေါင်း ၁၀၀၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ပေါင်း ၈၀၀ ကျော်ဖြင့် ငြှိမ်းသတ်နေစဉ် တည်းခိုနေထိုင်သူ ဂျပန်နိုင်ငံ သားတစ်ဦးနှင့် ထိုင်းနိုင်ငံသူတစ်ဦးသေဆုံးပြီး ရွှေပြည်သာမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်း ဦးခေါင်းပိုင်း ပြင်းထန်ဒဏ်ရာ(ယနေ့အထိသတိမရသေး) ရရှိခဲ့သဖြင့် အခင်းဖြစ်ညတွင် တာဝန်ကျ ဟိုတယ်မန်နေဂျာ သီဟ(၄၁)နှစ်ကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ (ပ)၅၈၁/ ၂၀၁၇၊ ပြစ်မှုဥပဒေပုဒ်မ-၃၀၄(က)/၃၃၈/၂၈၅ ဖြင့် အမှုဖွင့်။

အောက်တိုဘာ ၂၃ ရက် ညနေ ၄ နာရီ ခန့်က ထိုင်းနိုင်ငံ ရိုဟင်ဂျာငြိမ်းချမ်းရေး ကွန်ရက်(Rohingya Peace Network Of Thailand) အဖွဲ့ရှိ Rohingya Hajee Ismail , Burma Muslims၊ မြန်မာပြည်ထိပ်တန်း သတင်းထူးများ၊ Faisal Thar Thakhin နှင့် Aung Kyaw Oo စသည့် အကောင့်ပိုင်ရှင် စုံစမ်းဆဲ လူမှုကွန်ရက် အင်တာနက်စာမျက်နှာများပေါ်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ လက်နက်များ သိမ်းဆည်းရမိဟု မမှန်မကန် သတင်းအမှားကို ဖော်ပြခဲ့ခြင်းမှာ သီတဂူဆရာ တော်၏ သာသနာပြုလုပ်ငန်းများကို ပုတ်ခတ်စော်ကားရုံ သာမက သီတဂူတက္ကသိုလ်အား အသရေပျက်စေရန် ဆောင်ရွက်သူများအပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးရန် သီတဂူသာသနာပြုအဖွဲ့က တိုင်တန်းသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ (ပ)၁၆၄၉/ ၂၀၁၇၊ ဆက် သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှုဖွင့်။

အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီ ခန့်ကတနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ကန်ဖျားလမ်းမဘေးရှိ ကမ္ဘောဇဘဏ် မီနီဘဏ် (၁)အတွင်း၌ အသက် (၃၀) ခန့်ရှိ အမျိုးသား တစ်ဦးက သေနတ်ပြခြိမ်းခြောက်ကာ ကျပ် ၅၀၀၀ တန် ငါးစီး၊ ကျပ် ၁၀၀၀ တန် နှစ်စီး စုစုပေါင်းသိန်း ၂၇၀ ကို ယူဆောင်ပြီး နောက် ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေး။

မြန်မာနိုင်ငံ အရေးကြီးနေရာတစ်နေရာဖြစ်သည့် လွှတ်တော် အဆောက်အအုံများကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) အနီး၌ ခွင့်ပြုချက်မရှိဘဲ ဒရုန်းဖြင့်ရိုက်ကူးရန် ဒရုန်းလွှတ်တင်နေသည့် တူရကီနိုင်ငံအခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှား နိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG စကားပြန်မောင် အောင် နိုင်စိုး(ခ) ရာကွတ်၊ ယာဉ်မောင်း ဦးလှတင်တို့ အဖွဲ့ကို ရဲမှူးဆန်းအောင်ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးဖမ်းဆီး။

-Ads-
-Ads-