တေးသံရှင် ငြိမ်းသန့်ချိုသာ၏ “အမှတ်တစ်ရာ”သီချင်းခွေ ပရိုမိုးရှင်းပွဲပြုလုပ်

ဓာတ်ပုံ - နဒီ

ရန်ကုန်၊ ဒီဇင်ဘာ-၂၈

စတုတ္ထတန်းကျောင်းသူလေး တေးသံရှင်ငြိမ်းသန့်ချိုသာ၏ တစ်ကိုယ်တော် “အမှတ်တစ်ရာ” ဒီဗွီဒီကာရာအိုကေ၊ Mini တေးအယ်လ်ဘမ်ပရိုမိုးရှင်းပွဲကို ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ လှည်းတန်းစင်တာ ပရိုမိုးရှင်းဧရိယာ၌ ပြုလုပ်ခဲ့သည်။

“ဆရာဦးစောနုဆီက သင်တန်းဆင်းဖြစ်ပါတယ်။ အရင်ဆရာဦးစောနုရဲ့ အဖွဲ့လိုက်သီချင်းခွေမှာလည်း သမီး ပါဝင်သီဆိုဖူးပါတယ်။ သီချင်းနဲ့ပတ်သက်ပြီးတော့ အခက်အခဲက သိပ်တော့မရှိပါဘူး။ သမီးက အဆိုပြိုင်ပွဲတွေလာ်း ၀င်ခဲ့ဖူးပါတယ်။ ဆုတွေလည်းရခဲ့တာတွေ ရှိခဲ့ပါတယ်။ သမီးက ရော့ခ်ဂီတတွေကိုနှစ်သက်လို့ ဒီအခွေမှာလည်းသီဆိုဖြစ်ပါတယ်″ဟု တေးသံရှင်ငြိမ်းသန့်ချိုသာက ပြောဆိုသည်။

-Ads-
-Ads-

အဆိုပါသီချင်းခွေတွင် သီချင်းခြောက်ပုဒ်ပါဝင်ပြီး တေးရေးဆရာ ဗညား၊ ထူးဈာန်၊ ဋီကာ၊ ဂျိုးစက်၊ မိုးဝင်းလတ်နှင့် အောင်ဘိုဘိုတို့က ရေးသားပေးထားသည်။ ၎င်းသီချင်းခွေတွင် ကိုယ်ပိုင်သံစဉ်သစ်များပါဝင်ပြီ Metronome Studio ဖြင့်အသံသွင်းကာ Easy Guys Music Band ဖြင့် တီးခတ်ထားသည်။ ၎င်းသီချင်းခွေကို အချိန်နှစ်နှစ်ကြာ ကြိုတင်ပြင်ဆင်ထားပြီး ရော့ခ်စသည့် ဂီတအမျိုးအစားစုံလင်စွာ ထည့်သွင်းထားကြောင်း သိရသည်။ ဒါရိုက်တာများအနေဖြင့် ဘသာထူးနှင့် လမင်းတို့က ရိုက်ကူးပေးထားကာ သရုပ်ဆောင်များအဖြစ် Kelvin Kate၊ ရာဇာရောင်နီ၊ မေပန်းချီ၊ အိမ့်သော်တာ၊ ယုဝေဖြိုး၊ TTC မှ ကျောင်းသား၊ ကျောင်းသူများနှင့် ငြိမ်းသန့်ချိုသာတို့က ပါဝင်သရုပ်ဆောင်ထားသည်။ ငြိမ်းသန့်ချိုသာသည် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC) တွင် စတုတ္ထတန်း၌ ပညာသင်ကြားနေသူလည်း ဖြစ်သည်။

-Ads-
-Ads-