ပြည်သူစိတ်ဝင်စားမှု မြင့်တက်ခဲ့သည့်၂၀၁၇ ထူးခြားမှု ခင်းဖြစ်စဉ် မှတ်စု(၇)

 

“နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ်
ထောက်ကြန့်မြို့ KBZ ဘဏ်ခွဲဘေးရှိ လမင်းသာ(၂)စားသောက်ဆိုင်သို့ ၀င်ရောက်လာသည့် လှည်းကူးမြို့နယ် ရမ္မာဝတီကျောင်းတိုက်ဆရာတော် ဦးဣန္ဒက(ဓမ္မာစရိယ)ကို သံဃာအတုဟုဆိုကာဝိုင်းဝန်းရိုက်နှက်နေမှု ဗီဒီယိုဖိုင်တစ်ခု နိုဝင်ဘာ ၂၉ ရက်တွင်လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့ခဲ့သည်။”

 

အောက်တိုဘာ ၃၀ ရက် ညနေ ၆ နာရီခန့်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၅၂ လမ်းထောင့်ရှိ ကြေးမုံသတင်းစာတိုက် (ရန်ကုန်ရုံးခွဲ) မန်နေဂျာရုံးခန်း၌ သတင်းစာတိုက် ငွေကိုင်ဝန်ထမ်း မင်္ဂလာတောင်ညွန့်မြို့နယ် တောင်လုံးပြန်ရပ်ကွက် အထက်ပုဇွန်တောင်လမ်းနေ ဒေါ်ဖြူဖြူဝင်း (၅၉)နှစ်က ဌာနမီးခံသေတ္တာ အတွင်းသို့ ငွေသားအနည်းငယ်နှင့် ငွေစက္ကူသဏ္ဌာန် သတင်းစာ ဖြတ်ပိုင်းစ စက္ကူထုပ်များထည့်ကာ မီးရှို့ရန်ကြံစည်ပြီး ဌာန၀င်ငွေကျပ် ၈၈၈၀၆၅၅၀ ကို အလွဲသုံးစားပြုလုပ် အစ ဖျောက်မှု။

၂၀၁၇ နှစ် ဇန်န၀ါရီ ၁ ရက်မှ အောက်တို ဘာ ၃၁ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း ၄၆၅ မှုတွင် အမျိုးသား ၇၄ ဦးနှင့် အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၉၉ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၄၁၃ ဦးနှင့် အမျိုး သမီး ၃၂၉ ဦး စုစုပေါင်း ၇၄၂ ဦး ဒဏ်ရာရရှိခဲ့။

-Ads-
-Ads-

နိုဝင်ဘာ ၁၅ ရက် ညပိုင်းက လှိုင်မြို့နယ် (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာ တိုက်အမှတ်(၃) အခန်းအမှတ် (၅၀၃) နေ Stay A While Bar & Restaurant မန်နေဂျာ ဒေါ်ကေသီလှိုင် အသက်(၄၀)နှင့် သမီးဖြစ်သူ မသာယာထွန်းကိုးနှစ်၊ ငွေစာရင်း ကိုင် မအေးမာဦး (၂၅) နှစ်တို့ သုံးလောင်းပြိုင်အသတ်ခံထားရ သည့် ရုပ်အလောင်းများ တွေ့ရှိခဲ့မှုတွင် ၀န်ထမ်းဖြစ်သူ စားပွဲထိုးခေါင်းဆောင် ဇွဲလင်းထက်က လစာတိုးပေးရန် ကိစ္စ ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး အသားခုတ်စတီးဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ် ကြောင်း ဖမ်းဆီးရမိခဲ့သည့် ဇွဲလင်းထက်၏ ထွက် ဆိုချက်ကို ကိုးကား၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်။

လှိုင်သာယာ၌ အသက်ရှစ်နှစ်အရွယ် ပထမတန်း ကျောင်းသူ တစ်ဦး နိုဝင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီခွဲခန့်က ကျောင်း မတက် ရသေး၍ ကျောင်းအနီး အုတ်ခုံပေါ်ထိုင်နေစဉ် အမှတ် ၆ ရပ်ကွက် အောင်မြေသာယာဘုရားလမ်းနှင့် သီရိမင်္ဂလာ လမ်းထောင့်ရှိ ကျူးကျော်တဲနေ သက်ဦးကဆေးလိပ်ဝယ် ခိုင်းသဖြင့် ၀ယ်ပြီးပြန်လာစဉ် တဲထဲသို့ဝင်ခဲ့ရန်ပြောသဖြင့် ၀င်ပြီးဆေးလိပ်ပေးရာ လက်သီးဖြင့်ထိုး၊ လက်နှစ်ဖက်ကို ပလတ် စတစ်ကြိုးဖြင့်ချည်နှောင်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်သဖြင့် သက်ဦးကို လှိုင်သာယာမြို့မ ရဲစခန်းတွင် (ပ)၄၄၄၇/၂၀၁၇၊ ပြစ်မှုဥပဒေပုဒ်မ ၃၇၆/၃၇၇/၃၄၂/၃၂၃ တို့ဖြင့် အမှုဖွင့်။

နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ KBZ ဘဏ်ခွဲဘေးရှိ လမင်းသာ(၂)စားသောက်ဆိုင်သို့ ၀င်ရောက်လာသည့် လှည်းကူးမြို့နယ် ရမ္မာဝတီ ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက (ဓမ္မာစရိယ) ကို သံဃာအတုဟုဆိုကာ ၀ိုင်းဝန်းရိုက်နှက်နေမှု ဗီဒီယိုဖိုင်တစ်ခု နိုဝင်ဘာ ၂၉ ရက်တွင် လူမှုကွန် ရက်စာ မျက်နှာများ၌ ပျံ့နှံ့ခဲ့သည်။ ယင်းနောက် ထောက်ကြန့်နယ်မြေရဲစခန်းက သွားရောက်စစ် ဆေးကာ ဆိုင်ပိုင်ရှင် ဦးအောင်မိုး(၄၅)နှစ်ကို ဖမ်းဆီးခဲ့သည်။

ထိုရုပ်သံမှတ်တမ်းအရ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ မြင့်ကျော်(ခ)မြင့်သိန်း(ခ)ဥူးပညာသာရကို ဒီဇင်ဘာ ၅ ရက် နံနက် ၆ နာရီတွင် လက်ပံတန်းမြို့နယ် အောင်လံကုန်းရွာ အောင်မြေတောရကျောင်းတိုက်၌ဖမ်းဆီးရ မိခဲ့သည်။ ၎င်းအား စစ်ဆေးချက်အရ ခမုံကျေးရွာအုပ်စု အေးမြစံပျော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး အခင်းဖြစ်နေ့က အဆိုပါဆိုင်သို့ Facebook မှ ရည်းစားဖြစ်သူ နှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ သောက်စားနေစဉ်ပါဝင်ကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုခဲ့သည်။

ဖမ်းဆီးရမိသူနှစ်ဦးစလုံးကို ထောက်ကြန့် နယ်မြေရဲစခန်းတွင် (ပ)၁၂၅၆/၂၀၁၇၊ ပြစ်မှု ဥပဒေပုဒ်မ၂၉၅(ဘာသာသာသနာ ကိုစော်ကားမှု)/ ၂၉၅-က(မသမာစိတ်ဖြင့် တမင်ကျူးလွန်ပြု လုပ်မှု)/၃၂၃ (မိမိအလိုအလျောက် နာကျင်စေမှု)/၄၀၃(ပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့်အလွဲသုံးစားမှု)/ ၁၁၄(ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု)ဖြင့် အမှုဖွင့် ထားသည်။

ဒီဇင်ဘာ ၂ ရက် နံနက် ၆ နာရီခန့်ကရန်ကုန်မြို့ ဗဟန်း မြို့နယ် ဗိုလ်ချို(၂)ရပ်ကွက် ကန်တော်ကြီးဝင်းအတွင်း နဂါးကျွန်းမြက်ခင်းပြင် ၌ ပြန့်ကျဲနေသည့် အိမ်ထောင်စုစာရင်း ၂၁ စောင် (မန္တလေး ခုနစ်စောင်၊ ရန်ကုန် ၁၄ စောင်)၊ မှတ်ပုံ တင်ကတ်ပြား ၁၂၉ ခု (မန္တလေး ၈၄ ခု၊ မကွေး ခြောက်ခု၊ ပဲခူး လေးခု၊ တနင်္သာရီတစ်ခု၊ ဧရာဝတီ ၁၇ ခု၊ ရန်ကုန် ငါးခု၊ မွန်ခြောက်ခု၊ ရခိုင်တစ်ခု၊ ရှမ်း တစ်ခု၊ ဖတ်မရလေးခု) တွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် အဆိုပါနေရာ အနီး ၀န်းကျင်၌ပင် အိမ်ထောင်စုစာရင်း မူရင်း ၁၆ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်း ၁၂၂ ခုကို ထပ်မံတွေ့ရှိ။

ဒီဇင်ဘာ ၁၂ ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၉)ရပ်ကွက် ကမာကြည်လမ်း ရှိ ကိုရီးယားနိုင်ငံသား ကမာရွတ်မြို့နယ် မာလာမြိုင်လမ်းနေ Mr. Leo Bo Sumg အသက်(၅၀)ပိုင် Yangon Pan-Pacific International (YPI)အထည်ချုပ်စက်ရုံဝင်းအတွင်း ကုန်ကြမ်း အထည် အလိပ်များ သိုလှောင်ခြင်း၊ ချုပ်လုပ်ခြင်းနှင့် ချုပ်လုပ်ပြီးသည့် အ၀တ်အထည်များ ထုပ်ပိုးထား ရှိခြင်းများ ပြုလုပ်သည့် နှစ်ထပ်ဂိုဒေါင်မီးလောင် မှုဖြစ်ပွားခဲ့ရာ ကျပ် ၇၂၀၃ သိန်းခန့် မီးလောင်ဆုံးရှုံး။

လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ် ဆယ်လီဖြစ်သူ ဒေါ်အိမ့်ပိုးဥ(ခ)ပန်ဆယ်လို(ခ)အိအိမွန်အကောင့်ပိုင်ရှင်က ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒက(ခ)ဦးထွန်းခင်၊ ဦးဝီရသူ(ခ)ဦးဝိစိတ္တ (ဘိဝံသ)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်ပတ်သက်၍လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ခြင်းများအပေါ် သည်းမခံနိုင် ခြင်းကြောင့် ဥပဒေ နှင့်အညီအရေးယူပေးရန်လှိုင်သာယာမြို့ နယ်နေ တပ်မတော်သား (အငြိမ်းစား) ဦးမောင်မောင်တာ အသက် (၆၀)က တာမွေမြို့မရဲစခန်းတွင် တိုင် တန်းရာ ဒီဇင်ဘာ ၁၂ ရက်တွင် (ပ)၁၀၂၃/၂၀၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့သည်။ ပန်ဆယ်လိုကလည်း ဒီဇင်ဘာ ၈ ရက်ကတည်းက ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် ၎င်းင်းကို တရားစွဲဆိုကြောင်း စာနှင့်ပတ်သက်၍ ဦးအောင် ကိုကို ကို ဗိုလ်တထောင်မြို့ မရဲစခန်းတွင် (ပ)၂၈၃၊ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ) (တိုင်ကြားစာ အတုဖြန့်ဝေမှု) ဖြင့် အမှုဖွင့်။

ဒီဇင်ဘာ၁၂ရက်ည ၈ နာရီ ၅၅ မိနစ် ခန့်က မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသန့် ဦးစီးတပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ ရွှေနံ့သာကျေးရွာအုပ်စု အမှတ်(၃)လမ်းမကြီးနှင့် နီလာ လမ်းဆုံနေရာ၌ ယာဉ်စစ်ပိတ်ဆို့ တာဝန်ထမ်းဆောင် စဉ် အမှတ်(၃)လမ်းမကြီးအတိုင်း ရခိုင်ကျောင်းမှတ်တိုင် ဘက်မှ ပတ္တမြားမြို့သစ်ဘက်သို့ လမ်းလျှောက်လာသော ရိုက်တာသတင်းဌာနမှ သတင်းထောက်များဖြစ်ကြသည့် ကိုသက်ဦး မောင်(ခ)ကိုဝလုံး အသက် (၃၀)နှင့် ကိုကျော်စိုးဦး (ခ)မိုးအောင်(၂၇)နှစ်တို့ထံမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များ ရခိုင်ပြည်နယ် မောင်တောဒေသတွင်နယ်မြေလုံခြုံရေးဆောင် ရွက်လျက်ရှိသည့် သတင်းများနှင့် စာတန်းအမှတ်အသားများ၊
နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များ၏ လူ၊ လက်နက်၊ ခဲယမ်းတပ်ဖြန့် စာရင်းဇယားများနှင့် တပ်/ကင်း အခြေစိုက် မြေပုံကြမ်းများ စစ်ဆေးတွေ့ရှိရခြင်းနှင့် ပတ်သက် ၍ အမှတ် (၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒုရဲမှူးဇော်နိုင်ထံအကြောင်းကြား ရာ ဒုရဲမှူးဇော်နိုင်က တရားလိုလုပ်ကာထောက်ကြန့်နယ်မြေ ရဲစခန်းတွင် တိုင် တန်းသဖြင့်စခန်းမှ (ပ)၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက် ဥပဒေပုဒ်မ-၃ ဖြင့် အမှုဖွင့်ပြီး လုံခြုံရေးတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ယင်းဥပဒေ ပုဒ်မအပြင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ များအရ အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်၌ အိမ်အကူ မသဇင်နှင့် မစန်းကေခိုင်တို့ကို ညှဉ်းပန်းနှိပ်စက် မှုဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ ကလေးသူငယ် ဥပဒေနှင့် ပြစ်မှုဥပဒေတို့ဖြင့် တရားစွဲဆိုခံရသူ ဆိုင်ပိုင်ရှင် မိသားစုဝင် ခြောက်ဦးအနက် ဒေါ်တင်သူဇာအပါ လေးဦးကို အမြင့်ဆုံးပြစ်ဒဏ်များ အဖြစ် ၁၆ နှစ်တစ်လမှ ကိုးနှစ်တစ်လ အထိအမြင့်ဆုံးပြစ်ဒဏ်/ထောင်ဒဏ်များအသီးသီး ကျခံရန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီဇင်ဘာ ၁၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ဦးကိုလတ် (ဒေါ်တင်သူဇာ၏ခင်ပွန်း)နှင့် ဒေါ်သီရိလတ် (သမီး)တို့ကို အပြီးအပြတ်လွှတ်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်းက အွန်လိုင်း Bee Talk တွင် ခင်မင်ခဲ့သည့် ကမာရွတ်မြို့နယ်(၃)ရပ်ကွက်နေ ကိုးတန်း ကျောင်းသူ မ—ကို လှည်းတန်းစင်တာ အနီး၌ ချိန်းတွေ့စဉ် အချိုရည်ထဲသို့ ဆေးရည်တစ်မျိုး ရောတိုက်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိတည်းခိုခန်း တစ်ခုသို့ ခေါ်ဆောင်ပြီး သားမယားအဖြစ် အကြိမ်ကြိမ်ပြု ကျင့်ခဲ့သူ သန်းကိုကိုမောင်ကို ဒီဇင်ဘာ ၁၉ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုဥပဒေ ပုဒ်မ ၃၆၃ (လူခိုးမှု)အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်၊ အသက်(၁၆)နှစ် မပြည့်သေးသည့် မိန်းကလေးငယ်ကို သားမယား အဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ပြစ်မှုဥပဒေပုဒ်မ-၃၇၆ (မုဒိမ်းမှု)အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စုစုပါင်း ၂၃ နှစ်ကို သီးခြားစီကျခံစေရန် အနောက် ပိုင်းခရိုင် တရားရုံး တွဲဖက်ခရိုင်တရားသူကြီး(၄)က အမိန့်ချ။

ဒီဇင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်က ရွှေပြည်သာမြို့နယ် ကွန်ပျူတာတက္ကသိုလ်ရှေ့၌ အုပ်စုဖွဲ့ရိုက်နှက်နေကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ” ]199 Call Center” သို့ မမှန်သတင်းပေးတိုင်ကြားခဲ့သူ ဇင်ဇော်မင်း(၃၈) နှစ်ကို ရွှေပြည်သာမြို့နယ် ကျောင်းကုန်းရပ်ကွက် ပေါင်ချိန်စက်ရုံ အနီး အုတ်စက်ဝင်းဟောင်း အုတ် နံရံကြားတွင် ရှာဖွေ ဖမ်းဆီးရမိပြီးနောက် ပြစ်မှု ဥပဒေပုဒ်မ-၁၈၂ (ပြည်သူ့ ၀န်ထမ်းကို မမှန်သတင်းပေးမှု)ဖြင့် တရားရုံးတင်စစ်ဆေးခဲ့ရာ အလုပ်နှင့်ထောင်ဒဏ်သုံးလကျခံစေရန် ရွှေပြည် သာမြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၁ ရက်တွင် အမိန့်ချ။

ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-လွယ်မွေ ကားလမ်း မိုင်တိုင် အမှတ် ၈/၄ အနီး ချောက် အတွင်း၌ မီးရှို့အသတ်ခံရသည့် ရပ်ကွက် ၄ နေ မအေပီလှ (၁၈ နှစ်) အမှုနှင့်ပတ်သက်၍ သဲလွန်စ အဖြစ် ဒီဇင်ဘာ ၂၅ ရက်တွင် သေဆုံးသူ ၀တ်ဆင်ထားသည့် အသည်းပုံလက်စွပ်တစ်ကွင်း လူမှု ကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်၌ ပျံ့နှံ့ခဲ့ရာ ၎င်း၏ရည်းစားဖြစ်သူက အေပီလှ ဖြစ်ကြောင်း ရဲစခန်းသို့ လာရောက်အတည်ပြုချက်အရ ၂၁ ရက် ညပိုင်းက ငါးကင်လာပို့ခိုင်းပြီးနောက် ခေါင်းကို နံရံဖြင့်ဆောင့်၊ လည်ပင်းကို ခြေထောက်ဖြင့် နင်းသတ်ခဲ့ကာ ၂၂ ရက် နံနက်အစောပိုင်းတွင် မီးရှို့အလောင်းဖျောက်ခဲ့သူ ကျိုင်းတုံမြို့ ရပ်ကွက် (၄)နေ စိုးလွင် အသက် (၄၀)နှင့် ပါဝင်ကျူးလွန်သူ အိုက်ပီး(ခ)စိုင်းရှဲန်ကို သာစည်မြို့၌ ဖမ်းမိ။

-Ads-
-Ads-