“မာယာသံကျယ်လွန်းသူ” တေးအယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက်

ရန်ကုန်၊ ဒီဇင်ဘာ-၃၁

တေးသံရှင် Marian နှင့်Luck တို့ သီဆိုထားသော “မာယာသံကျယ်လွန်းသူ” တေးအယ်လ်ဘမ်တွင် ကိုယ်ပိုင်သံစဉ်သစ်များပါဝင်ပြီး ဒီဇင်ဘာ ၃၀ ရက်တွင် သည်ဆန်းမြူးဇစ်ပရိုဒက်ရှင်းက ဖြန့်ချိခဲ့ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အော့ကစ်ဟိုတယ်၌ ကျင်းပသည်။

“ကျွန်တော်တို့နှစ်ယောက်ခေါင်းစဉ်သီချင်းလေးကို အတူဆိုထားတာပါ။ သီချင်းလေးက မြူးလည်းမြူးပြီး အချစ်မှာသစ္စာမရှိတဲ့အကြောင်း ရေးသားထားပါတယ်”ဟု တေးသံရှင် Luck က ပြောဆိုသည်။ အဆိုပါသီချင်းခွေတွင် သီချင်း ၁၄ ပုဒ်ပါဝင်ပြီး တေးရေးအနေဖြင့် မာရှဲနှင့် Luck တို့က ရေးသားထားကြသည်။ ယင်းသီချင်းခွေတွင် တစ်ကိုယ်တော်ခြောက်ပုဒ်စီပါဝင်ပြီး Group Song အနေဖြင့် နှစ်ပုဒ်ပါဝင်ကြောင်း သိရသည်။

-Ads-
-Ads-

အချိန်နှစ်နှစ်ကျော် ကြိုတင်ပြင်ဆင်ခဲ့ပြီး ပေါ့ပ်နှင့်ရော့ခ်ဂီတအမျိုးအစားများ ထည့်သွင်းထားသည်။ ဘ၀အကြောင်းနှင့် အချစ်အကြောင်းများ ပါဝင်ပြီး Group Song အနေဖြင့် နှစ်ပုဒ်ရေးသားထားကြောင်း သိရသည်။

-Ads-
-Ads-