၂၀၁၇ နှစ်ချုပ် မှတ်တမ်း(၁)

စံတော်ချိန်သတင်းအဖွဲ့ စုစည်းသည်။

“ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကို အားနာမနေဘဲ ခိုင်းကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကြီးရွာ၌
ပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် မှာကြား။”

မှတ်တမ်းတင်စရာများနှင့် ပြည့်လျက်ရှိသော ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏အဖြစ် အပျက်များ၊အကြောင်း အရာများကို အသေးစိတ်မှတ်တမ်းတင်ထားခြင်း မဟုတ် သော်ငြား လူစိတ်ဝင်စားမှုများသော နယ်ပယ်စုံမှ အကြောင်းအရာများကိုစုစည်းကာ ရွေးချယ်ဖော်ပြ ခြင်းဖြစ်ပါသည်။

-Ads-
-Ads-

ဇန်န၀ါရီ ၁ – ကဗျာဆရာကြီးတင်မိုးကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်လွမ်း ဆွတ်အမှတ်တရပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ သီရိခန်းမ၌ ကျင်းပ။ (ယင်းပွဲတွင် နိုင်ငံရေးနယ်ပယ်၊ စာပေ၊ ဂီတရုပ်ရှင် အနုပညာနယ်ပယ်စုံမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီးအမှတ်တရ စကားများ ပြောကြား ခဲ့သည်။ ထို့ပြင်ဆရာတင်မိုး၏ စာအုပ် များ၊ ဓာတ်ပုံများနှင့် အမှတ်တရပစ္စည်းများကိုပါ ခင်းကျင်း ပြသခဲ့သည်။)

ဇန်န၀ါရီ ၃ – မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ်အစီအရင်ခံစာထုတ်ပြန်။

ဇန်န၀ါရီ ၄ – (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကို ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင် ပထမဆုံးအကြိမ်ကျင်းပ။ (ယင်းပန်းခြံ၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုပါ ပထမ ဦးဆုံးကြိမ် ကျင်းပခဲ့သည်။)

ဇန်န၀ါရီ ၅ – ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်မင်းကို နိုင်နှင့် ဇနီးဒေါက်တာသီရိလွင်တို့၏ မင်္ဂလာဦးအဖြစ် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ကျိုက္ကစံဓမ္မပီယသာသနာ့ ရိပ်သာတွင် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

-တပ်မတော်ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ် ကြီးစကော့မာစီရယ်အား နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဇန်န၀ါရီ ၆ – ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ရန်ကုန်- ပုသိမ် ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား။

ဇန်န၀ါရီ ၉ – ရန်ကုန်မြို့ မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးအမြန်ဆုံးပြန်လည်တည် ဆောက်ပေးရန် ဈေးသူဈေးသားများက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ဆန္ဒထုတ်ဖော်။

-NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ၀န်ကြီး များ၏ လစာထဲမှ ၂၅ ရာခိုင်နှုန်းစုဆောင်းငွေကျပ်သိန်း ၂၀၀၀ အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် လှူဒါန်းခြင်းကို ဗဟန်း မြို့နယ်ရှိ NLD ပါတီရုံးချုပ်တွင် ကျင်းပ။

ဇန်န၀ါရီ ၁၀ – ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက် ပြည်ပ အခြေပြုနံပါတ်ဖြင့် ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် မိုဘိုင်းဖုန်းအသုံးပြုဝင် ရောက်ခြင်းနှင့် ပြည်ပနိုင်ငံများမှ ၀င်ရောက်ကြည့်ရှု ခြင်းကို ခေတ္တပိတ်ထားခဲ့ရ။

ဇန်န၀ါရီ ၁၁ – ပြည်ထောင်စုအစိုးရဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းအား ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန် ပေးအပ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးကြေညာချက်ထုတ်ပြန်။

ဇန်န၀ါရီ ၁၂ – စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့် လိုင်စင်အား ဗီယက်နမ်အခြေစိုက် Viettel ကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် Star High ကုမ္ပဏီတို့ ပူးပေါင်းထားသည့် Myanamr National Tele & Communications Co.,Ltd သို့ပေးအပ်ခဲ့။

ဇန်န၀ါရီ ၁၃ – ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရခိုင်ပြည် နယ် စစ်တွေမြို့သို့ရောက်ရှိ။

ဇန်န၀ါရီ ၁၄ – ရန်ကုန်မြို့အတွင်း ၀ိုင်ဘီ အက်စ်ခရီးသည်တင် ယာဉ်အစီးရေ ၄၀၀၀ ကျော်ဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် သတင်းစာ ရှင်းလင်း။

(ဇန်န၀ါရီ ၁၆ ရက်တွင် မထသကိုဖျက်သိမ်းကာ ရန်ကုန် ဘတ်စ်ကားဝန်ဆောင်မှုစနစ် (YBS) စတင်ပြေးဆွဲ။)

-သူရဦးရွှေမန်းနှင့် သားဖြစ်သူတို့နှင့် ပတ်သက်သော သတင်း များ ရေးသားဖော်ပြမှုများကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တိုင်ကြားခံထားရသည့် သူရိယနေ၀န်း သတင်းဂျာနယ်ထုတ်ဝေသူ ဦးခင်အေးအဖမ်းခံမည်ဟု ပြောကြား။

ဇန်န၀ါရီ ၁၅ – နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ဂျပန်နိုင်ငံအခြေစိုက် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံ (ERIA) မှချီးမြှင့်သည့် တတိယ မြောက် အာရှကော့စမိုပိုလီတန်အထူးဆု (Grand Prize of 3rd Cosmopolitan) ဆုလက်ခံရယူ။ (ထိုကဲ့သို့ ဆုချီးမြှင့်ခြင်း ခံရမှုအတွက် ဇန်န၀ါရီ ၂၆ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယကဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန်အား ဂုဏ်ပြုပွဲအခမ်းအနားကို နေပြည်တော်ရှိပါတီဌာနချုပ်တွင် ပြုလုပ်။)

ဇန်န၀ါရီ ၁၈ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီနှင့် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံ။

-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ၂၀၁၅ ရွေး ကောက်ပွဲဆိုင်ရာ ကြေညာစာတမ်းပါ အချက်များနှင့် ကိုက်ညီ မှုရှိ၊ မရှိအပေါ် အစိုးရအဖွဲ့ဝင်များ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း။

-ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်၌ ဇန်န၀ါရီ ၉ ရက်နေ့က စစ်ပွဲများအလိုမရှိ ငြိမ်းချမ်းရေးသာ အလိုရှိ ကြောင်း ပြဇာတ်ကခဲ့သည့် ကျောင်းသားကိုးဦးကို အသေရေ ဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ပုသိမ်မြို့ နယ်တရားရုံးတွင် တရားစွဲဆို။

ဇန်န၀ါရီ ၂၂ – ၂၀၁၇ ခုနှစ် နိုဗယ်-မြန်မာစာပေပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်။

-ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)အား အမြန်ဆုံးပြင်ဆင်ပေးရန် အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုကို ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ တွင်ပြုလုပ်။

ဇန်န၀ါရီ ၂၅ – ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို အားနာမနေဘဲ ခိုင်းကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်ကြီးရွာ၌ ပြည်သူလူထုနှင့်တွေ့ဆုံပွဲ တွင်မှာကြား။

ဇန်န၀ါရီ ၂၉ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဥပဒေအကြံပေးဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် သေနတ်ဖြင့်လုပ် ကြံသတ်ဖြတ်ခံရ။ လူသတ်သမား ကြည်လင်းကို ဖမ်းဆီးပေးသော လေဆိပ်တက္ကစီမောင်းသမား များထဲမှ တက္ကစီဒရိုင်ဘာကိုနေ၀င်းသေနတ်ထိမှန်သေဆုံးခဲ့။ (ဇန်န၀ါရီ ၃၀ ရက်တွင် ဦးကိုနီဈာပန အခမ်းအနားပြုလုပ်။)

-အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုသည် နိုင်ငံတော်၏ လုံခြုံရေးအရ ၀မ်းနည်းစရာကောင်းသော ဖြစ်စဉ်မျိုးဖြစ်သည့်အတွက် ၀မ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် ဖဲကြိုးနက်များကို လွှတ်တော်ကိုယ် စားလှယ်များတပ်ဆင်။

ဖေဖော်ဝါရီ ၂ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် ထိုင်းဒုတိယ၀န်ကြီးချုပ်H.E.Dr.Smokidjatusripitak တို့သည် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး၏ဌာန ဧရာဝတီ ခန်းမတွင် တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး။

ဖေဖော်ဝါရီ ၃ – နိုင်ငံတော်သမ္မတဦးထင်ကျော်ကမ္ဘောဒီးယား နိုင်ငံသို့ ချစ်ကြည်ရးခရီး သွားရောက်။

ဖေဖော်ဝါရီ ၄ – ပြည်တွင်းစစ်ဖြစ်ပွားမှုရပ်တန့်ရေး၊ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်ဘက်မှ စတင် ကြေညာပေးရေးတို့ အပါအ၀င် အချက်လေးချက်ပါဝင်သည့် တောင်းဆို ချက်များကိုဆောင်ရွက်ပေးရန်အတွက် ရန်ကုန်မြို့ အပါအ၀င် မြို့ကြီးများတွင် လူထုလှုပ်ရှားများပြုလုပ်။

ဖေဖော်ဝါရီ ၅- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ပင်လုံ)အား ထောက်ခံကြိုဆိုပွဲကို ရန်ကုန်မြို့ရှိမဟာဗန္ဓုလ ပန်းခြံ၌ ငြိမ်းချမ်းရေးလိုလားသူများ စုပေါင်း၍ပြုလုပ်။

ဖေဖော်ဝါရီ ၆ – ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင်ကျင်းပ။

ဖေဖော်ဝါရီ ၇ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌တွေ့ဆုံ။

ဖေဖော်ဝါရီ ၉ – ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသောမလေးရှား သင်္ဘောသည် ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက် ခဲ့စဉ် သံဃာတော်များနှင့် အမျိုးသားရေးဝါဒီများက ဆန္ဒ ထုတ်ဖော်။

ဖေဖော်ဝါရီ ၁၀ – ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်တို့ကို အခြေပြုပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ မြန်မာ၊ ရခိုင်၊ ဘင်္ဂါလီသုံးဘာသာဖြင့် ထုတ် လွှင့်လျက်ရှိသော မေယုအက်ဖ်အမ်ထုတ်လွှင့်မှု အစီစဉ်အား ရပ်ဆိုင် ပေးရန် ရခိုင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်တွင် ရဟန်းရှင်ပြည်သူများ ပူးပေါင်းပြီးတစ်ပြိုင်နက် ဆန္ဒထုတ် ဖော်ခဲ့။

ဖေဖော်ဝါရီ ၁၂ – ရှမ်းပြည်နယ် (တောင် ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့တွင်ကျင်းပသော နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခုံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်တက်ရောက်ခဲ့ပြီး ပင်လုံစာချုပ်လက်မှတ်ရေးထိုး ခဲ့သူများ၏ မိသားစုများနှင့်တွေ့ဆုံ။

ဖေဖော်ဝါရီ ၁၃ – ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်ရှိ ရွှေဘုန်းပွင့် စေတီနှင့် စူဠာမုနိစေတီများသို့ သွားရောက်ဖူးမြော်ခဲ့ပြီး တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၁၀၂)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့အထိမ်းအမှတ် မိဘမဲ့ကလေးများနှင့် မသန်စွမ်းကလေးများအားနေ့လည်စာ အာဟာရတိုက်ကျွေး။

ဖေဖော်ဝါရီ ၁၅ – အမျိုးသားအဆင့် လုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်း နိုင်ငံတကာ သံတမန်များနှင့် ရန်ကုန် တိုင်းဒေသကြီးအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်း ရေး ဗဟိုဌာနတွင် ပထမဦးဆုံးအကြိမ်တွေ့ဆုံ။

ဖေဖော်ဝါရီ ၁၆ – ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ၌ ဆွေးနွေး မည့်အကြောင်းအရာများအပေါ် အခြေခံ၍ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်း ကော်မတီ၊ လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ စီးပွားရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊လုံခြုံရေး ဆိုင်ရာကိစ္စရပ်များဆွေး နွေးမှုလုပ်ငန်းကော်မတီမြေယာနှင့် သဘာဝပတ် ၀န်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီစသည်တို့ကို ဖွဲ့စည်း။

ဖေဖော်ဝါရီ ၂၅ – ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇန်န၀ါရီ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီလုပ်ကြံသတ် ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်။
ဖေဖော်ဝါရီ ၂၆ – တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တက္ကစီယာဉ်မောင်းဦးနေ၀င်းတို့အတွက်အောက်မေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့နယ် တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်တက်ရောက် မိန့်ခွန်းပြောကြား။

ဖေဖော်ဝါရီ ၂၈ – နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေးတွဲလက်များ ၀ှီးချဲအဖွဲ့တွေ့ဆုံ။

-နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဘုရင့် နောင်ခန်းမ၌ မုန်းကိုးဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ရခိုင်ပြည်နယ်မောင် တောတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုများနှင့် ပတ်သက်၍ တပ်မတော်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်။

မတ် ၁ – ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် ကျိုက်ထို မဲဆန္ဒနယ် အမှတ်(၂)မှပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာအေးဇံအား နိုင်ငံတော် သမ္မတရုံးမှ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း ပေးပို့ခဲ့သည်ကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ကြေညာခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့။

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ခူဦးရယ်ဦးဆောင်သော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် နေပြည်တော်ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် အမျိုးသားဗဟိုဌာနတွင် တွေ့ဆုံ။

မတ် ၂ – သံလွင်တံတား(ချောင်းဆုံ)အားဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင် သွင်းမှုနှင့် ပတ်သက်၍ဒေသခံလူအင်အား ၃၀၀၀ကျော် ချောင်းဆုံမြို့တွင် ဆန္ဒထုတ်ဖော်။

မတ် ၄ – ထိုင်းနိုင်ငံလိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားစုံတွဲ နှစ်ဦး အသတ်ခံရသည့်အမှုဖြင့် သေဒဏ်ချမှတ်ခံထားရသောမြန်မာ နိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦးလွတ် မြောက်ရေးအတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုပန်းခြံရှေ့တွင် လူအင်အား ၈၀ ခန့်ဆန္ဒထုတ်ဖော်။

မတ် ၅ – သမ္မတဟောင်းဦးသိန်းစိန်ဂါရ၀ါ ပြုတွေ့ဆုံပွဲအား နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံတစ်ဝန်းရှိ သမ္မတဟောင်း ဦးသိန်းစိန် ချစ် ခင်မြတ်နိုးသူ ၄၀၀၀ ခန့် တက်ရောက်။

မတ် ၆ – နေပြည်တော်ရှိ ကမ်ပါစကီးဟိုတယ်တွင်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသမီးလုပ်ငန်းရှင်များ စကားဝိုင်းပြုလုပ်။

မတ် ၁၀ – နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သော မဟာသင်္ကြန် အကြိုနေ့မတိုင်မီ ၁ ရက်စ၍ ၁၀ ရက်တိတိအစားမဟာသင်္ကြန် အကြိုနေ့မှ နှစ် ဆန်း တစ်ရက်နေ့အထိ ငါးရက်သာသတ်မှတ် ပြီးကျန်ရှိသည့် ရုံးပိတ်ရက်ငါးရက်အား သီတင်းကျွတ် ရုံးပိတ် ရက်များ၊ တန်ဆောင်တိုင်ရုံးပိတ်ရက်များနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဖြည့်တင်း၍ ပြင်ဆင်သတ် မှတ်လိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်။

မတ် ၁၁ – ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်ထိ ဦးဝီရသူအား နိုင်ငံအတွင်း တရားဟောခွင့် တစ်နှစ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (မဟန)ပိတ်ပင်။

မတ် ၁၅ – နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ထမ်းဆောင်ပြီးမှသာ သူနာပြုလိုင်စင်ထုတ်ပေးမည်ဟူ၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ် ပြန်ထားမှုအပေါ် ရန်ကုန်သူနာပြု တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ်ရှေ့မှ မဟာဗန္ဓုလ ပန်းခြံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်။

မတ် ၁၆ – ရန်ကုန်မြို့ အင်းလျားကန်ပေါင် တွင် တံတားနီနေ့ အခမ်းအနားကျင်းပ။

မတ် ၁၇ – နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ် ၇၀ ပြည့်အထိမ်း အမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ စာတိုက်များတွင် ဗိုလ်ချုပ် အောင်ဆန်းပုံပါအထူး ထုတ်တံဆိပ်ခေါင်းများ ရောင်းချ။

မတ် ၁၉ – မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူး ကျွန်း)ကို ဆက်သွယ်ထားသည့် သံလွင်တံတား(ချောင်းဆုံ)အား ဗိုလ်ချုပ်အောင် ဆန်းတံတား အမည်ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်ရှိ ဒေသခံမွန်တိုင်းရင်းသား၊ ကရင် နှင့် ပအိုဝ်းတိုင်းရင်းသားများအပါအ၀င် အင်အားနှစ်သောင်း ကျော် ဆန္ဒပြ။

မတ် ၂၀ – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်သည် ဖိလစ်ပိုင်သမ္မတ နိုင်ငံသမ္မတဒူတာတေးနှင့် နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံ။

-Ads-
-Ads-