၂၀၁၇ နှစ်ချုပ်မှတ်တမ်း(၂)

 

စံတော်ချိန်သတင်းအဖွဲ့ စုစည်းသည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင်ကျင်းပခဲ့။”

 

မတ် ၂၄ – ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းအချက်အလက် ရှာဖွေရေး နိုင်ငံတကာမစ်ရှင်တစ်ခု စေလွှတ်ရန် ဆုံးဖြတ်ချက် ကို မြန်မာအစိုးရက ကန့်ကွက်။

-Ads-
-Ads-

– လက်ပံတောင်းတောင်ဒေသ မုံရွာ-ပုသိမ် ကားလမ်းမပေါ် တွင် ကြေးသယ်ကားများနှင့် ကျောက်သယ်ကားများသွားလာ
မှုကို တားဆီးထားသည့် ဒေသခံများအား လုံခြုံရေး ရဲတပ်ဖွဲ့ များက ရော်ဘာကျည်များဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံ ၁၅ ဦး ဒဏ်ရာရ။

မတ် ၂၆ – မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ဦးဆောင်၍ နှစ်စဉ်သင်္ကြန်နှစ်သစ်ကူး ရုံး ပိတ်ရက် ၁၀ ရက်ရရှိရေး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အလုပ်သမား ၅၀၀၀ ခန့် ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်။

မတ် ၂၈ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်သည် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်စခန်းအချို့အားသွားရောက်၍ စစ်ဘေးရှောင် ဒေသခံများနှင့်တွေ့ဆုံ။

– နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖေဖော်ဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက် သူအဖြစ်အမြင်အာရုံချို့ယွင်းသူလူငယ် များ ကို စေတနာ့ဝန်ထမ်းအဖြစ် ပညာသင်ကြား ပေးရင်း နိုင်ငံခြားတက္ကသိုလ်ကြီးတစ်ခုတွင် ပြည်သူ့ရေးရာမူဝါဒ ပညာရပ်များနှင့် ပတ်သက်သည့် မဟာဘွဲ့ရယူရန် ကြိုးစား နေသည့် အောင်ပန်းမြို့နယ်တွင်နေထိုင်သည့် မွေးရာ ပါ ညာဘက်မျက်စိအမြင်အာရုံချို့ယွင်းသူ အသက် ၂၇ နှစ်အရွယ် မအေးချမ်းအောင် ရွေးချယ်ခံရ။

မတ် ၃၀ – နိုင်ငံတော်တာဝန်ယူမှု တစ်နှစ် ပြည့်မိန့်ခွန်းအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့။

ဧပြီ ၁-၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကိုတစ်နိုင်ငံလုံးရှိ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင်ကျင်းပခဲ့ရာ NLD ပါတီက ၉ နေရာအနိုင်ရ။

ဧပြီ ၃ – ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်းအမည် စာရင်းတင်သွင်းရန် နောက်ကျမှုကြောင့် NLD ပါတီမှ ကယားပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ်ဥက္ကဋ္ဌ ဦးပဲ့ဒူတိုးနှစ်ဦးကို ပါတီတာဝန်မှ ရပ်စဲကြောင်း ကြေညာ။

ဧပြီ ၆- နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့်ဇနီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင်းပင်၏ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အဖြစ်သွားရောက်။

ဧပြီ ၁၁ – နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ကျေးလက်တောရွာနေ လူငယ်များစကားဝိုင်း Peace Talk ပြုလုပ်။

ဧပြီ ၁၉- စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဦးအောင်ထူးကို ခန့်အပ်လိုက်ကြောင်း နိုင်ငံ တော်သမ္မတရုံးထုတ်ပြန်။

ဧပြီ ၂၂ – ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်ရှိ့ ဃြဗ ခန်းမတွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ဦးဆောင်ပြီး ငြိမ်းချမ်း ရေးအတွက် ဘာသာပေါင်းစုံဆုတောင်း မေတ္တာပို့သပွဲပြုလုပ်။

– တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံတပ်မတော်စစ်ဦးစီး ချူပ်၏ ဖိတ်ကြားချက်အရ ဂျာမနီ နိုင်ငံသို့ သွားရောက်။

ဧပြီ ၂၄- လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သောတနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရွာသား တစ်ဦးကို ကိုယ်ထိလက်ရောက်ရိုက်နှက် ကျုးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်တောင်းပန်သည့်အခမ်းအနား ကို တနင်္သာရီမြို့နယ် ပ၀ရွာမတွင်ပြုလုပ်။

ဧပြီ ၂၅ – မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်း ရင်းသားလူမျိုးရေးရာ ၀န်ကြီးရုံးခန်း ဖောက်ထွင်းခံရပြီး မီးခံသတ္တော ခိုးယူခံရ။

ဧပြီ ၂၆ – စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ တောင်သူ အချို့ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဥပဒေမဲ့စက်ရုံများ ဖျက်သိမ်းပေးရေး နေပြည်တော်တွင် ဆန္ဒထုတ်ဖော်။

– မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အထက်မြန်မာပြည် အဆင့်မြင့်ပညာရေး ဦးစီးဌာနရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ သည့် စစ်ကိုင်းပညာရေးကျောင်းသားနှစ်ဦးနှင့် ၀န်းရံသူနှစ်ဦး ထိန်းသိမ်းခံရ။

ဧပြီ ၂၈- သာကေတမြို့နယ် အနော်မာ(၁)ရပ်ကွက် အနော်မာ ၁၂ လမ်းရှိ မြန်မာ မူဆလင်ယဉ်ကျေးလိမ္မာအစ္စလမ်ဘာသာ ရေးအခြေခံစာသင်ကျောင်းတွင် ၀တ်ပြုသည်ဟုဆိုကာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူအဖွဲ့တစ်ဖွဲ့က လာရောက် ပိတ်ပင်ရာမှ တာဝန်ရှိသူများက စာသင်ကျောင်းကိုချိတ် ပိတ်လိုက်ရ။

ဧပြီ ၂၉- အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) Facebook စာမျက်နှာကို မြန်မာနိုင်ငံလုံးဆိုင်ရာဟက် ကာများသမဂ္ဂ(မဟသ)အမည်ဟက်ကာ အဖွဲ့ကတိုက်ခိုက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချူပ်ဦးဖြိုးမင်းသိန်းနုတ်ထွက် ပေးရန် ရေးသားလွှင့်တင်ခဲ့။

– ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသည့်အကြိမ်(၃၀)မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့။

– ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ်ဈေး ရောင်းပွဲတော်ကို ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ် ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံတွင် ပြုလုပ်ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဖေမြင့် တတ်ရောက် ဖွင့်လှစ်ခဲ့သည်။

မေ ၁- နှစ်ကြိမ်မြောက်ဖွင့်လှစ်ခဲ့သည့် ကျပ် ၅၀၀ တန်အောင် ဘာလေထီကျပ်သိန်းတစ်သောင်းဆုကို ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့တွင် နေထိုင်သူဦးအေးထွန်း ဆွတ်ခူး။

မေ ၂- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုစဉ်က ထုတ်ပြန်ခဲ့သော လူဦးရေနှင့် သမ္မတဦးသိန်းစိန်အစိုးရလက် ထက်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ထုတ်ပြန်သည့် လူဦးရေစာရင်းကွာခြားနေမှု အပေါ်မူတည်၍ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုဖျက်သိမ်းပေးရေးအတွက် ၁၉၉၀ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့်တက်ကြွ လှုပ်ရှားသူများက ပြည်ထောင်စု အစိုးရအဖွဲ့ကို တရားစွဲရန်စီစဉ်နေကြောင်း တာမွေမြို့နယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့။

မေ ၄- အီတလီနိုင်ငံ ရောမမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် ဗာတီ ကန်နန်းတော်တွင် တွေ့ဆုံခဲ့သည်။

– အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင်ဦးဝင်းထိန်၏ မီဒီယာများအပေါ် ပြောကြားခြင်းကိုပြင်းထန်စွာကန့်ကွက်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထုတ်ပြန်။

မေ ၈- ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် တရားဝင်ခရီးရောက်ရှိ နေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်သည် ဗြိတိန်နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံပြီး လန်ဒန်မြို့တော်မှ ချီးမြှင့်သည့် Honorary Freedom Of The City Of London ဆုရယူခဲ့။

မေ ၉- မော်လမြိုင်နှင့် ချောင်းဆုံ (ဘီလူးကျွန်း)ကို ဆက်သွယ် ထားသည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)ကို နံနက် ၈ နာရီတွင်ဖွင့်လှစ်ခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် အချို့တက်ရောက်ခဲ့။

မေ ၁၀- ခိုးဝင်ဘင်္ဂါလီများရောက်ရှိနေသည့်ဟုဆိုကာ မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် ၁၂၂ လမ်းနှင့် မြရာကုန်းလမ်းထောင့်ရှိ အိမ်ခန်းတစ်ခုသို့ ည ၁၀ နာရီခန့်တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ထွေ/အုပ်နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိ များက ၀င်ရောက်စစ်ဆေးရာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့် ထိန်းသိမ်းခဲ့ရ။

မေ ၁၂- နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးပြုလုပ်ရာ ကော်မတီ၏ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြော ကြား။ (ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်မှန်သည့် ဆန္ဒရှိ၊ မရှိကို ပြည်သူလူထုနှင့်သမိုင်းက ဆုံးဖြတ်ပေးလိမ့်မည်ဟု နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ပြောကြား)။

မေ ၁၄- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် Belt and Road နိုင်ငံတကာပူးပေါင်း
ဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်။

မေ ၁၅- ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုနေလင်း စိုး(ခ) ဖိုးစနေဦးဆောင်သည့်အဖွဲ့ဝင် ၁၀ ဦး ခန့်ပါဝင်သောအဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက်သိမ်းရေးအတွက် ယုဇနဥယျာဉ်မြို့တော် မုခ်ဦး၊ ကျွန်းရွှေဝါလမ်းမှ စတင်၍ ပဲခူးမြစ်လမ်းအတိုင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်။

မေ ၁၆- ရန်ကုန်မြို့ မင်္ဂလာတောင် ညွန့်မြို့နယ်တွင်ဖြစ်ပေါ် ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မဘသအဖွဲ့နှင့် သက်ဆိုင်မှုမရှိကြောင်းသတင်းစာရှင်းလင်း ပွဲကိုရန်ကုန်မြို့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့။

မေ ၁၇- ဗြိတိန်နိုင်ငံအခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ် သည့် wpfckjzpfonfh Global Witness ၏ သယံဇာတအလွဲ သုံးစားမှုများနှင့် ပတ်သက်၍ ရိုက်ကူးထားသော ကျောက်စိမ်း နှင့် စစ်ဗိုလ်ချုပ်များမှတ်တမ်းရုပ်ရှင်အား ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြသရန်စီစဉ်ထားသော်လည်း ခွင့်ပြုချက် မရဘဲ ပိတ်ပင်တားဆီးခံရ။

– စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်နန့်စီဘွန်ဒေသမကျန်ခ လုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူလေးဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိ။

မေ ၁၈- ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်နှင့် ရသေ့တောင် မြို့နယ်အတွင်းရှိ ဒေသအချို့တွင် လေပြင်းတိုက်ခတ်မှုများ ကြောင့် နေအိမ်အချို့ပျက်စီးသွားခဲ့ပြီးလျှပ်စစ်မီးများ ပြတ်တောက်ခဲ့။

– ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည့် NLD ပါတီနာယကဦးတင်ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ စေရန် ဆုတောင်းမေတ္တာပို့သခြင်းကို ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ရင်ပြင် စနေထောင့်တွင်ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဆောင် ကျင်းပခဲ့။

မေ ၂၀- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးသူရ ဦးအောင်ကိုအားကန့်ကွက်ရှုတ်ချပွဲ အမည် ဖြင့် ဆန္ဒပြပွဲကို နေပြည်တော်ဥတ္တရသီရိမြို့ နယ် ရွှေနံ့သာရပ်ကွက် ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့။

– ရွှေဝါရောင်သံဃာတော်များ၏ အထူးအစည်းအဝေးတစ်ရပ် ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဝါရောင်ပညာဒါနကျောင်း တွင်ပြုလုပ်ခဲ့ရာ ပြည်သူလူထုအနေဖြင့် ပဋိပက္ခအသွင်သို့ ဦးတည်နေသည့် သိမ်းသွင်းပြောဆိုနေမှုများကိုဂရုပြုရန် လိုအပ်ကြောင်းမိန့်ကြားခဲ့။

မေ ၂၃- ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံကိုကြိုဆိုသောအားဖြင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျ ခံနေရသော နိုင်ငံသားအကျဉ်းသား ၁၈၆ ဦး အား လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း နိုင်ငံတော်သမ္မတရုံးထုတ် ပြန်။ ထို့ပြင် နိုင်ငံခြား သားအကျဉ်းသား ၇၃ ဦးအားပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက် ကြောင်းထုတ်ပြန်။ (မေ ၂၄ ရက်တွင် အကျဉ်းသားများကို စတင်လွှတ်ပေးခဲ့ရာ တောင်ငူ အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသည့် သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့် လွတ်မြောက်ခဲ့ပြီး နိုင်ငံ ရေးအကျဉ်းသား ၇၆ ဦးလွတ်မြောက်ခဲ့။

– အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးအဖွဲ့(မဘသ)သည် တရားမ၀င် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သော ကြောင့် မဘသအမည်မသုံးစွဲရန်နှင့် ယင်းအဖွဲ့၏ဆိုင်းဘုတ် များကို ဖြုတ်သိမ်းရန် နိုင်ငံ တော်သံဃမဟာနာယက ထုတ် ပြန်။ (အဆိုပါအဖွဲ့အနေဖြင့် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေး ရှင်းအမည်ဖြင့် ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း မေ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာ)

မေ ၂၄- ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်း အဝေးဖွင့်ပွဲအခမ်းအနားကို နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန ၂ တွင်ကျင်းပခဲ့။

မေ ၂၆- နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်နှင့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားအဖွဲ့ခုနစ်ဖွဲ့ အား နှစ်ကြိမ်စီခွဲ၍ သီးခြားတွေ့ဆုံခဲ့။

မေ ၃၀- ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုရာသည် ရခိုင်ကမ်းရိုးတန်းသို့ ၀င်ရောက်တိုက် ခတ်ခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော မြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့။

ဇွန် ၁- မြန်မာနိုင်ငံ ကျောက်မျက် အသင်းချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ ကို အလိုမရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်အသင်းသား ၃၀၀ ခန့် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် ဘောလုံးကွင်းတွင် ဆန္ဒထုတ်ဖော်။

ဇွန် ၅- ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဦးကျော်လင်းကိုခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတ ရုံးထုတ်ပြန်။

ဇွန် ၇- ရန်ကုန်-မြိတ်-ဘုတ်ပြင်း- မြိတ်-ရန်ကုန်ခရီးစဉ်အတိုင်း တပ်မတော် သားများနှင့် မိသားစုများအတွက် ပို့ဆောင် ပေးသော Y-8-200 F အမျိုးအစားလေယာဉ် အမှတ် ၅၈၂၀ သည် မြိတ်လေတပ်စခန်းမှ စစ်သည်မိသားစု ၁၀၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအ၀င် ကုန်တန်ချိန် ၂ ဒသမ ၄တန်ခန့်တင်ဆောင်၍ မြိတ်မှရန်ကုန်သို့ အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းခဲ့ရာထားဝယ်မြို့ အနောက်ဘက်မိုင် ၂၀ ခန့်အရောက် တွင် ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီး နောက်ပိုင်း ရုတ်တရက်ဆက်သွယ်မှုပြတ် တောက်ခဲ့။

ဇွန် ၁၁- နံနက်ပိုင်းတွင် သစ်တော ဦးစီးဌာနပိုင်မြေအား ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုး တန်းလမ်းနှင့် ဗိုလ်မင်းခေါင်လမ်းထောင့်ရှိ မောနင်းစတား စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတတပ်ဖွဲ့ဝင်များ၊ စည်ပင်သာ ယာရေးဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ အရာရှိများစုစုပေါင်းအင်အား ၁၀၀ ခန့်ဖြင့် အင်အားသုံး ဖယ်ရှားခဲ့။

-Ads-
-Ads-