၂၀၁၇ နှစ်ချုပ်မှတ်တမ်း(၃)

 

စံတော်ချိန်သတင်းအဖွဲ့- စုစည်းသည်။

“သြဂုတ် ၄- ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)၊သတင်းမီဒီယာဥပဒေပုဒ်မ -၂၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည် The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ဗဟန်းတရားရုံး၌ကျပ်သိန်း ၂၂၀ ဖြင့် အာမခံရရှိ။”

ဇွန် ၁၂- ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃ နှင့် ၅ အကြား လမ်းဘေးဝဲ၊ယာရှိ ကျူးကျော်နေအိမ် ၄၀၀၀ ကျော်ကို နယ်မြေခံ ရဲတပ်ဖွဲ့၊ လုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေး နှင့် ကုမ္ပဏီဘက်မှ နေ့စားငှားရမ်းထားသည့် စုစုပေါင်း အင်အား ၁၀၀၀ ကျော်က ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့။

-Ads-
-Ads-

ဇွန် ၁၉- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ အသက်(၇၂) နှစ် ပြည့်မွေးနေ့ကို နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင် I-12 တွင်ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်တက်ရောက်။

ဇွန် ၂၅- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား အလိုမရှိကြောင်း ရဟန်းသံဃာများနှင့် ပြည်သူအချို့ပူးပေါင်း၍ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်။

ဇွန် ၂၆ – ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီးတွင် DVB သတင်းဌာနမှ အကြီးတန်း သတင်းထောက်ဦးအေးနိုင်၊ သတင်းထောက် ပြည့်ဘုန်းအောင် နှင့်ဧရာဝတီသတင်းဌာနမှသတင်းထောက်ဦးသိန်းဇော်တို့ သုံးဦးအား TNLA အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာဖမ်းဆီး ခဲ့ပြီး လားရှိုးမြို့နယ် ရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း တပ်မတော် က သတင်းထုတ်ပြန်။

ဇွန် ၂၇ – သခင်ဗဟိန်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒသန်ခန်းမတွင် ပြုလုပ်။

ဇွန် ၂၉ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်ပေးအပ်သည့် ၂၀၁၇ ခုနှစ် ဇွန်လအတွက် ချီးကျူးဂုဏ်ပြု ထိုက်သူအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ကျွန်းလှ မြို့နယ် သဖန်းဆိပ်ကျေးရွာနေ မထူးထူးမွန်အား ရွေးချယ်။ (မထူးထူးမွန်သည် မွေးဖွားစဉ်ကတည်းက ညာဘက်လက်တွင် လက်ချောင်းများမပါဘဲ ၀ဲဘက်လက်တွင် တံတောင်ဆစ်တစ်ခု သာပါရှိပြီး ခြေထောက်နှစ်ဖက်မှာလည်း ဒူးဆစ်အထိသာပါရှိ သူဖြစ်သော်လည်း ဘ၀ကိုအရှုံးမပေးဘဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ခြင်းကြောင့် ရွေးချယ်ခံရ ခြင်းဖြစ်သည်။)

ဇူလိုင် ၇ – ကျောင်းသားသမဂ္ဂအဖွဲ့ အစည်းများက (၅၅ )နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ရှိ သမဂ္ဂမြက်ခင်းပြင်နှင့် ဗိုလ်အောင်ကျော်အုတ်ဂူတို့တွင် ကျင်းပ။

ဇူလိုင် ၂၁- မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးသုံးလည်ပတ်နေသော မော်လမြိုင်ဘိလပ်မြေ စက်ရုံတွင် ကျောက်မီးသွေးသုံးသည့်အတွက် ဒေသခံ ၃၀၀၀ ခန့်က ကန့်ကွက်ဆန္ဒပြ။

(ဇူလိုင် ၂၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ၎င်းင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင် နေစဉ်ကာလအတွင်း ကျောက်မီးသွေးစက်ရုံ ပြုလုပ်မည် မဟုတ်ဟုပြောဆို။)

ဇူလိုင် ၂၄-ရာသီတုပ်ကွေးရောဂါ H1N1 နှင့် ပတ်သက်ပြီး ပြည်သူလူထု၏ စိုးရိမ်မှုမြင့် တက်နေသည့်အပေါ်ရန်ကုန်တိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်။

ဇူလိုင် ၃၁- ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနောင်း သတင်းဌာနမှ အယ်ဒီတာချုပ်ကိုဆွေဝင်းကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တရားရုံးက ကျပ်သိန်း ၅၀ ဖြင့် အချုပ်လွတ် ထုချေခွင့်ပေး။

သြဂုတ် ၄-ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ)၊ သတင်း မီဒီယာဥပဒေပုဒ်မ – ၂၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ဗဟန်း တရားရုံး၌ ကျပ်သိန်း ၂၂၀ ဖြင့် အာမခံရရှိ။

သြဂုတ် ၇- ပညာရေးတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ တောင်းဆိုခဲ့သည့်အချက်များကို ပညာရေးဝန်ကြီးဌာနက အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရုပ်သိမ်း။

သြဂုတ် ၈- ရှစ်လေးလုံးအရေးတော်ပုံ ကာလအတွင်း ကျဆုံးသွားကြသူများကို ရန်ကုန်တိုင်းဒေသကြီးရှိ အလုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း နှင့် လှိုင်မြို့နယ်များတွင် မေတ္တာပို့အမျှဝေ။

သြဂုတ် ၁၁-ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်လုံခြုံရေး အခြေအနေအရ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့။
သြဂုတ် ၁၃- အနည်းဆုံး လုပ်ခလစာ တစ်နေ့လျှင် ကျပ် ၅၆၀၀ နှုန်းထားကို အမြန်ဆုံးသတ်မှတ်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အလုပ်သမား ၂၀၀၀ ကျော်ကဆန္ဒပြတောင်းဆို။

သြဂုတ် ၂၃- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မ ရှင်ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန်က ကော်မရှင်အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင်ပေးအပ်ခဲ့။

သြဂုတ် ၂၅- ARSA အစွန်းရောက် အကြမ်းဖက်သမားများက မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင် မြို့နယ်များအတွင်းရှိ လုံခြုံရေးရဲကင်းစခန်း ၃၀ နှင့် တောင် ဘဇားကျေးရွာရှိ နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို တစ်ချိန် တည်း အလစ်အငိုက်ရယူ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င် ၁၀ ဦး၊ တပ်မတော်သား တစ်ဦး စုစုပေါင်းလုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတစ်ဦးတို့ကျဆုံးခဲ့။

သြဂုတ် ၂၉-ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အကြမ်းဖက် လုပ်ရပ်များနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်း ထွန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေတို့ ဦးဆောင်သောအဖွဲ့က နိုင်ငံတကာ သံတမန်များ အား ရှင်းလင်းပွဲပြုလုပ်။ (သြဂုတ် ၃၀ ရက်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိစ္စရပ်များ နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနီးတွင် မလေးရှားနိုင်ငံသား အင်အား ၂၀၀၀ ကျော်ဆန္ဒပြခဲ့။)

အစိုးရအနေဖြင့် တရုတ်နိုင်ငံနယ်စပ် ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းရှိ ငေါ့ချမ်းခ မြစ်ပေါ်တွင် တည်ဆောက် မည့် ရေကာတာစီမံ ကိန်းလေးခုကို ဖျက်သိမ်းပေးရန် ကချင် ဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့နှင့် ငေါ့ချမ်းခ ဒေသခံများကတောင်းဆို ခဲ့။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ် စဉ်များနှင့်စပ်လျဉ်းပြီး တပ်မတော်ထိပ်တန်း အရာရှိများက နေပြည်တော်ရှိ ဘုရင့် နောင် ရိပ်သာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်။

သြဂုတ် ၃၁- ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေ ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကသူရ ဦးတင်ဦး သည် ကျန်းမာရေးအခြေအနေကောင်းမွန်လာ၍ ဆေးရုံမှ ဆင်း။

စက်တင်ဘာ ၁- နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် မွန်ပြည်သစ်ပါတီဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင် ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့။

တပ်မတော်က သတင်းမီဒီယာအပါ အ၀င်လူပုဂ္ဂိုလ်ရှစ်ဦး အပေါ် တရားစွဲဆိုထားသည့် အမှုများကိုရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြားစာကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီထံပေးပို့ခဲ့။

စက်တင်ဘာ ၃- ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အသက် ဆုံးရှုံးခဲ့ရသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ အတွက် ဆုတောင်းမေတ္တာပို့သခြင်းနှင့် အကြမ်းဖက်လုပ် ရပ်အပေါ် ပြင်းထန်စွာရှုတ်ချခြင်းကို ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ပြုလုပ်ခဲ့။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အင်ဒို နီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအား မီးစထည့် ထားသော ပုလင်းနှစ်လုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့်သံရုံးဒုတိယထပ် မီးလောင်မှု ဖြစ်ပွားခဲ့။

စက်တင်ဘာ ၄- နိုင်ငံတော်အစိုးရက တားမြစ်ထားသော စကားလုံးအသုံးအနှုန်းများပါ ရှိသည့် သတင်းများကို ပေးပို့ခဲ့ ခြင်းကြောင့် mntv တွင် ဘီဘီစီမြန်မာပိုင်းအစီအစဉ် ထုတ် လွှင့်မှုကို ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်။

စက်တင်ဘာ ၅- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီး ချုပ် ရှရီနာရန်ဒရာမိုဒီသည် ညနေပိုင်းတွင်နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် တွင်တွေ့ဆုံ။

-Ads-
-Ads-