၂၀၁၇ နှစ်ချုပ်မှတ်တမ်း(၅)

စံတော်ချိန်သတင်းအဖွဲ့စုစည်းသည်။

“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပါတီရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း ပါတီတာဝန်ရှိသူများ ပြောကြား။”

အောက်တိုဘာ ၂၃- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဘင်္ဂါလီများအား ပြန်လည်လက်ခံ ခြင်း မပြုရန် ရခိုင်ပြည်နယ် မောင်တော၊ စစ်တွေ၊ မာန်အောင်၊ မြောက်ဦး၊ ပေါက်တော မြို့များတွင် တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော်။

-Ads-
-Ads-

အောက်တိုဘာ၂၉-သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်း များကို ဂါရ၀ပြုပွဲနှင့် ပထမအကြိမ် နိုင်ငံရေးအကျဉ်းသား ဟောင်းများ တွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်ရှိ ဓမ္မသာလာခန်းမ၌ကျင်းပ။

အောက်တိုဘာ ၃၀- (၁၂) ကြိမ်မြောက်ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်း ရေးဗဟို ဌာနတွင် နံနက် ၁၀ က စတင်ကျင်းပ။(အစည်းအဝေး ကို အောက်တိုဘာ ၃၁ ရက်ထိ ကျင်းပခဲ့သည်။)

– တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ရက် အနည်းဆုံးလုပ်ခ ၅၆၀၀ ထက်မနည်းသည့် နှုန်းထားတစ်ခု သတ်မှတ်ပေးရန် အလုပ်သမားအဖွဲ့ အစည်း ၁၃ ခုက ပူးပေါင်းတောင်းဆို။

– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိ သူများက ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပါတီရုံးတွင်ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက် ပွဲ၌ အနိုင်ရရှိမည်ဟုယုံကြည်ကြောင်း ပါတီတာဝန်ရှိသူများ ပြောကြား။

နိုဝင်ဘာ ၂- ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုကူညီ အထောက်ပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ပြည်ထောင်စုဝန်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ရခိုင်ပြည်နယ် မောင်တောခရိုင်ပန်းတော်ပြင်၊ ခုံတိုင်(မြို) ရွာသစ်၊ တောင်ပြိုလက်ဝဲ၊ ကျီးကန်ပြင်ဒေသများသို့ သွားရောက်။

နိုဝင်ဘာ ၃ – One Championship မှ ကျင်းပခဲ့သည့် ကမ္ဘာ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ (MMA) ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ် ၀ိတ်တန်းချန်ပီယံမြန်မာစပါးကြီးမြွေအောင်လအင်န်ဆန်းသည် ပြိုင်ဘက်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ကျားသစ်နက်အလိန်း နာဂါလာနီကို ပထမအချီမပြီးခင် ချုပ်ကွက်ဖြင့် အနိုင်ယူ။

နိုဝင်ဘာ ၄-မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများကို အမဲလိုက် သတ်ဖြတ် အရေခွံခွာယူခံနေရသည့်အတွက် အများပြည်သူ ပါဝင်ခံစားနိုင်သော အနုပညာဖန်တီးလှုပ်ရှားမှုအဖြစ် We Love Our Mo Mos ဟုခေါ်သည့် လှုပ်ရှားမှုကန်ပိန်းကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်။

နိုဝင်ဘာ ၅- ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ် ပန္နက်တင်မင်္ဂလာအခမ်းအနား ကို ဘေလီတံတားအဆင်း သီတဂူဗုဒ္ဓတက္ကသိုလ်ရှေ့တွင် ပြုလုပ်ခဲ့ရာ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ တက် ရောက်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဘ၀စုံရုပ်တုများထုလုပ်၍ မြန်မာနိုင်ငံအနှံ့ ထားရှိရန် ဆရာတော်ကမိန့်ကြား။

နိုဝင်ဘာ ၈- NCA စာချုပ်တွင် လက်မှတ် ရေးထိုးရေးအတွက် အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ရန်ကုန် မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနတွင် တွေ့ဆုံဆွေးနွေး။

– အာဆီယံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(အေပတ်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင် များ သီးသန့်တွေ့ဆုံပွဲသို့ တတ်ရောက်ရန် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေ သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာထရမ်ဒိုင်ကွမ်နှင့်တွေ့ဆုံ။

နိုဝင်ဘာ ၁၀- နေပြည်တော်လွှတ်တော်ရုံးအတွင်းသို့ ဒရုန်း လွှတ်တင်မှုဖြင့် ဖမ်းဆီးခံထားရသည့် တူရကီနိုင်ငံအခြေ အစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ တစ်ဦး၊ စင်ကာပူနိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသားစကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်းဦးလှတင်တို့အား နေပြည် တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ၁၉၃၄ ခုနှစ် လေယာဉ် အက်ဥပဒေပုဒ်မ -၁၀ အရ ထောင်ဒဏ်နှစ်လစီချမှတ်။

နိုဝင်ဘာ ၁၂- ကမာရွက်မြို့နယ်တရားရုံး ဦးတိုက်လျှောက် ထားမှု အမှတ်စဉ် ၁၅/၂၀၁၆ ၊ ပြစ်မှုဥပဒေပုဒ်မ – ၅၀၅(ခ)အမှုတွင်ဖမ်းဝရမ်းထုတ် ဆင့်ခံထားရသူ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ(ခေါ်) ခင်မောင်တင့်ကို ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကဆရာတော်များ ရှေ့မှောက်တွင် လူဝတ်လဲဖမ်းဆီး။ (နိုဝင်ဘာ၂၁ ရက်တွင် အမေရိကန် သံရုံးရှေ့ ဆန္ဒပြခဲ့ခြင်းနှင့် ပတ်သက်၍ မကွေးကျောင်း ဆရာတော် ဦးပါမောက္ခကို ကမာရွတ်မြို့နယ်တရားရုံးက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အရ ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ သည်။)

– ဖိလစ်ပိုင်နိုင်ငံတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီက ကြီးမှူးကျင်းပသည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး(ABIS) သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန့်ခွန်းပြောကြား။

နိုဝင်ဘာ ၁၅- နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်ပြည်ထောင်စုနိုင်ငံခြားဝန်ကြီးတေလာဆန် အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးရုံးတွင် လက်ခံတွေ့ဆုံ။

နိုဝင်ဘာ ၁၇- မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှု၊ သာသနာ ညှိုးနွမ်းစေမှုများကြောင့် ထောင်ဒဏ်ခြောက်နှစ်ကျခံခဲ့ရသည့် သရုပ်ဆောင် ရဲတိုက်တောင်ငူအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်။

– မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ခင်ဝင်း တင်သွင်းခဲ့သည့် အနာဂတ်တွင် ထုတ်ဝေမည့် ငွေစက္ကူများအပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရိုက်နှိပ် ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံမှန်အစည်း အဝေး ၁၃ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်က အတည်ပြု။

– ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရှစ်လေးလုံး မျိုးဆက်ခေါင်း ဆောင်များ ရှစ်လေးလုံးသမိုင်းပြတိုက်(ယာယီ)တည်ရှိရာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ကျိုက္ကဆံအနောက်ရပ်ကွက် တွင် တွေ့ဆုံဆွေးနွေး။

နိုဝင်ဘာ ၁၈- NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ရုံးခန်းဖွင့်ပွဲကို ရန်ကုန် မြို့ ရွှေလီလမ်းရှိ အမှတ် (၆ )အဆောက်အအုံတွင် ပြုလုပ်ခဲ့ပြီး KNU ဥက္ကဋ္ဌစောမူတူးဆေးဖိုး အဖွင့်မှာစကားပြောကြား။

နိုဝင်ဘာ ၁၉- နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံနိုင်ငံ ခြားရေးဝန်ကြီး မစ္စတာဝန်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်တွင် လက်ခံ တွေ့ဆုံ။

နိုဝင်ဘာ ၂၁- ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ ညောင်ရွှေဟော်နန်း ညီလာခံခန်းမ တွင် ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက် ကွယ်လွန်ခြင်း (၅၅) နှစ်ပြည့် အထိမ်း အမှတ်ခမ်းနားပြုလုပ်။

နိုဝင်ဘာ ၂၂- ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အမှတ် (၂ )မဲဆန္ဒနယ်မြေတွင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သော ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်နေရာကို အင်န်အယ်လ်ဒီပါတီ၏ ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးကို အနိုင်ပေးကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဆုံးဖြတ်။

နိုဝင်ဘာ၂၃- ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ဦးကျော်တင်တို့ကို အတည် ပြုခန့်အပ်။

နိုဝင်ဘာ ၂၇- ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ပါတီမှ နုတ်ထွက်စာတင်။

နိုဝင်ဘာ ၂၈- သန်လျင်မြို့နယ် ထားမလုံကျေးရွာရှိ ဇာမဏီဆည် ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ဆည်အနီးပတ်ဝန်းကျင် လူနေအိမ် ၁၀၀ ခန့် ပြောင်းရွှေ့ခဲ့ရ။

ဒီဇင်ဘာ ၁- တရုတ်-မြန်မာနှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် ပြည်ထောင်သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး။

– ဒို့တာဝန်အရေးသုံးပါးကို မည်သည့်အခါမျှပွန်းပဲ့ခံမည် မဟုတ် အမြဲဦးထိပ်ပန်ဆင်ပြီး ကာကွယ်စောင့်ရှောက်မည်ဖြစ် ကြောင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြပွဲကျင်းပသော စစ်တက္ကသိုလ် ဘောလုံးသင်တန်းအမှတ်စဉ် (၅၉) သင်တန်း ဆင်းဂုဏ်ပြုပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ် မှူးကြီး မင်းအောင်လှိုင်ပြောကြား။

– လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပရာ ဒုသမ္မတဦးမြင့်ဆွေ တက်ရောက်။

ဒီဇင်ဘာ ၂- မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်သက် ကြီး စာပေပညာရှင်များပူဇော် ကန်တော့ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမ၌ပြုလုပ်။

– ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစံခင်သည် ကန်ပက်လက်မြို့ရှိ ၎င်း၏ နေအိမ်၌ ကင်ဆာရောဂါ ဖြင့် ကွယ်လွန်။

– ၁၉၅၀ ပြည့်နှစ်ကျော်ကာလ ပါလီမန်ဒီမိုကရေစီခေတ်တွင် တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သော တိုင်းဒေသကြီး နှင့် ပြည်နယ် များရှိ စစ်သမီးအငြိမ်းစားများ တွေ့ဆုံပွဲကို ဗဟန်းမြို့ နယ်ရှိ M – 3 စားသောက်ဆိုင်၌ ပြုလုပ်။

ဒီဇင်ဘာ ၃- အနည်းဆုံးလုပ်ခကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံးသတ်မှတ်ရေးအလုပ်သမား အဖွဲ့အစည်း ၁၃ ဖွဲ့က ဦးဆောင်ပြီး လှိုင်သာယာ မြို့နယ်တွင် ဆန္ဒထုတ်ဖော်။

ဒီဇင်ဘာ ၄- ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ပတ်(စ်)ပို့ ပြုလုပ်ပေးသည့် ဌာနတွင် ဗုံးအတုတွေ့ရှိ။

ဒီဇင်ဘာ ၆- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်သည် ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby နှင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ။

– လူမှုရေးဖောက်ပြန်မှုရှိသည်ဟု ဝေဖန်မှု များရှိခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဦးနေမျိုးကျော်အား အင်န် အယ်လ်ဒီ ပါတီမှ ထုတ်ပယ်။

-Ads-
-Ads-