၂၀၁၇ နှစ်ချုပ်မှတ်တမ်း(၆)

 

စံတော်ချိန်သတင်းအဖွဲ့ – စုစည်းသည်။

“ဒီဇင်ဘာ ၁၇- ၈၈ ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ပါဝင်တည်ထောင်မည့် နိုင်ငံရေးပါတီကို ရှစ်လေးလုံးပါတီဟု အမည်ပေးရွေးချယ်။ (ဒီဇင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ရှစ်လေးလုံးပါတီအမည်ဖြင့် မှတ်ပုံတင်ခဲ့။)”

ဒီဇင်ဘာ ၈- သံတွဲခရိုင်တွင် ဒေသဖွံ့ဖြိုးရေးနှင့် စီမံ ကိန်းလုပ်ငန်းများဆွေးနွေးပြီး စစ်တွေသို့ ပြန်လာသော ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ယာဉ်တန်းအလွန် မြေပုံမြို့နယ် အမ်း-စစ်တွေကားလမ်း ယောချောင်းတံတားအနီး မိုင်တိုင် (၄၅)တွင် ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားရာ တပ်မတော် သားများ စီးနင်းလိုက်ပါလာသော ကားတစ်စီးမှန်များကွဲပြီး တပ်မတော်သားလေးဦး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့။

-Ads-
-Ads-

– ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ကို ပြည်တွင်း၊ ပြည်ပပညာရှင် ၁၀ ဦးဖြင့် ဖွဲ့စည်းလိုက် ကြောင်း သမ္မတရုံး ထုတ်ပြန်။

ဒီဇင်ဘာ၁၀-နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ်၏ဖိတ်ကြား ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် နီပေါနိုင်ငံသို့ ထွက်ခွာ။

ဒီဇင်ဘာ၁၁- မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံဖွင့်ပွဲ ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြား။

ဒီဇင်ဘာ ၁၂- ၁၉၆၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်ညီလာခံကို ရန်ကုန် မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပ။

– စာပေညီလာခံ ၂၀၁၇ ဖွင့်ပွဲကို ရန်ကုန်မြို့ မြို့တော် ခန်းမ ရှေ့တွင်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပေးပို့။ (စာပေညီလာခံ ၂၀၁၇ ကို ဒီဇင်ဘာ ၁၃ ရက် မှ ၁၆ ရက်အထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပခဲ့သည်-)

ဒီဇင်ဘာ ၁၃- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံလိုသည်ဟုဆိုကာ လက်ပံတောင်း တောင် ဒေသခံအချို့သည် နေပြည်တော်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်အနီးသို့ ရောက်ရှိခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့။

ဒီဇင်ဘာ ၁၄ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် ပဋိပက္ခအခြေအနေအတွင်း အမျိုးသမီး များအား အကြမ်းဖက်မှု ဘာသာရပ်ဆိုင်ရာ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်မစ္စပရာမီလာ ပတ်တန်အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ။

ဒီဇင်ဘာ ၁၅- မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး တောင်တော်တွင် ကေဘယ်ကားစတင်ပြေးဆွဲ။

ဒီဇင်ဘာ ၁၇- ၈၈ ကျောင်းသားခေါင်းဆောင်များ ဦးဆောင် ပါဝင်တည်ထောင်မည့် နိုင်ငံရေးပါတီကို ရှစ်လေးလုံးပါတီဟု အမည်ပေးရွေးချယ်။ (ဒီဇင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရှစ်လေးလုံးပါတီ အမည်ဖြင့် မှတ်ပုံတင်ခဲ့။)

ဒီဇင်ဘာ ၂၀ – ဘက်လိုက်၍ တရားမျှတမှုမရှိသော အစီအရင် ခံစာများကြောင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင် ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ပင်။

ဒီဇင်ဘာ ၂၆ – မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ကန်သာယာ နိုင်ငံတကာအဆင့်မီ အထူးကုဆေးရုံသစ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ အမှတ် (၈၇) ပြည်လမ်း ၆ မိုင်ခွဲ အင်းလျားကန် ပေါင်အနီးရှိ အဆိုပါ အထူးကုဆေးရုံကြီး တည်ရှိရာနေရာ၌ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်။

ဒီဇင်ဘာ ၂၇ – သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ရခိုင်ပြည်နယ်ရှိ ရသေ့တောင် မြို့နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်း ရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်တစ်မြို့ နယ်လျှင် ငွေကျပ် သိန်းတစ်ထောင်၊ လူနာတင်ယာဉ်တစ်စီးစီ နှင့် အ၀တ်အထည်အသစ်များ တင်ဆောင်လာသော ပေ ၄၀ ကွန်တိန်နာတစ်လုံးစီတို့ကို ပေးအပ်လှူဒါန်း။

-Ads-
-Ads-