မိုက်ဒင်းကိုဝေဖန်ခဲ့သော ၀င်းဂါးကို သုံးပွဲပယ်နှင့် ဒဏ်ငွေ ပေါင် ၄၀၀၀၀ ပြစ်ဒဏ်ချမှတ်

ဒီဇင်ဘာ ၃၁ ရက်က ၀က်စ်ဘရွန်းနှင့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်မိုက်ဒင်းသည် အာဆင်နယ်အသင်းဘက်သို့ ပွဲပြီးခါနီးမှ ပယ်နယ်တီကန်သွင်းခွင့်ပေးခဲ့ခြင်း ကြောင့် ထိုပွဲမှာ တစ်ဂိုးစီသရေကျခဲ့ရသဖြင့် အာဆင်နယ်နည်းပြ၀င်းဂါးက မိုက်ဒင်းကို ဆတ်ဆတ်ထိမခံသော ဆုံးဖြတ်ချက်ချမှတ်သူ၊ ဘောလုံးပွဲများတွင် ဒိုင်းများပွဲကောင်းစေရန် စီမံဆုံးဖြတ်နိုင်သည့် ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ရှိလာစေရန် မိမိကိုယ်တိုင် နှစ်ပေါင်းများစွာ လှုံ့ဆော်ခဲ့သော်လည်း အင်္ဂလန်ဒိုင်များ တိုးတက်လာခြင်းမရှိကြောင်း၊ လာမည့် ကမ္ဘာ့ဖလားပွဲတွင် အင်္ဂလန်ဒိုင်တစ်ဦးမျှ နေရာရနိုင်မည်မဟုတ်ဟု ဝေဖန်ခဲ့သည်။

ထို့အပြင် ၀င်းဂါးသည် ပွဲအပြီး မိနစ် ၃၀အတွင်း တွေ့ဆုံခွင့်မရှိသော ဒိုင်လူကြီးများရှိရာ အခန်းသို့သွားကာ ကြမ်းတမ်းသောစကားများပြောဆိုခဲ့ကြောင်းကိုလည်း ၀န်ခဲ့သွားခဲ့၍ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဇန်န၀ါရီ ၅ ရက်တွင် သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေပေါင် ၄၀၀၀၀ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အဆိုပါပြစ်ဒဏ်ကြောင့် ၀င်းဂါးသည် ဒီဇင်ဘာ ၇ရက် (ယနေ့)ည နော်တင် ဟမ်ဖောရက်စ်နှင့် အက်ဖ်အေဖလားတတိယ အဆင့်ပွဲ၊ လာမည့် ဇန်န၀ါရီ ၁၀ ရက်တွင် ကစားမည့် ချယ်လ်ဆီးနှင့်လိဂ်ဖလားပွဲ၊ နောက်သီတင်းပတ်ကုန်တွင် ကစားရမည့် ဘုန်းမောက်နှင့်ပရီးမီးယားလိဂ်ပွဲများ၌ ကွင်းစည်းအစပ်မှ ကြီးကြပ်ခွင့်မရတော့ပေ။