ဧရာဝတီယူနိုက်တက်အသင်းအား ဧရာမြန်မာအာမခံမှ ကျပ်သိန်း ၁၀၀၀ စပွန်ဆာပေး

ရန်ကုန်၊ ဇန်နဝါရီ-၁၂

ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း၏ Main Sponsor, Kit Sponsor ESihf Hydration Sponsor ပေးအပ်ခြင်း စပွန်ဆာစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ဧရာဝတီယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကျော်၊ AYA Myanmar Insurance rS Managing Director ဦးမျိုးမင်းသူ၊ Grand Sport မှ Managing Director ဦးအောင်လွင်နှ100 Plus Myanmar မှ Mr. Prapas Rattanapas (Head of Marketing)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ စပွန်ဆာကုမ္ပဏီများမှတာဝန်ရှိသူများ၊ ဧရာဝတီယူနိုက်တက်အသင်းကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

-Ads-
-Ads-

ဧရာဝတီယူနိုက်တက်အသင်းကို ဧရာမြန်မာအာမခံ (Partner for life) မှ Main Sponsor အဖြစ် ငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း၊ Grand Sport rS Kits Sponsor အဖြစ် အားကစားပစ္စည်းများကိုလည်းကောင်း၊ သံဓာတ်အားဖြည့် အချိုရည် 100Plus မှ Hydration Sponsor အဖြစ်လည်းကောင်း ၂၀၁၈ ရာသီအတွက် ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။

AYA Myanmar Insurance အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ရာသီမှ စတင်၍ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်းကို Main Sponsor အဖြစ် ပံ့ပိုးပေးခဲ့ပြီး ယခုနှစ်အတွက်လည်း ဆက်လက်ပံ့ပိုးပေးခြင်းဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက မြန်မာနေရှင်နယ်လိဂ် အဆင့် (၄) နေရာရပ်တည်နိုင်ခဲ့ပြီး ယခုနှစ်တွင် အဆင့် (၁) နေရာမှ အဆင့် (၃) အတွင်း ရပ်တည်နိုင်ရန် ကြိုးပမ်းသွားမည်ဟု အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောဆိုသည်။

 

-Ads-
-Ads-