ထိုင်းလိဂ် (၂)ကလပ် အန်သောင်းအက်ဖ်စီတွင် အောင်ကျော်နိုင် တစ်လဘတ်တစ်သိန်းကျော် ရရှိမည်

ရန်ကုန်၊ ဇန်န၀ါရီ-၁၇

မြန်မာ့လက်ရွေးစင်နှင့် ဧရာဝတီယူနိုက်တက်ကစားသမားဟောင်း အောင်ကျော်နိုင်သည် ထိုင်းလိဂ်(၂)ကလပ် အန်သောင်းအက်ဖ်စီအသင်းနှင့် ယမန်နေ့က တစ်ရာသီသက်တမ်းရှိ စာချုပ်တရားဝင်ချုပ်ဆိုနိုင်ခဲ့ပြီး တစ်လ ဘတ်တစ်သိန်းကျော် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အောင်ကျော်နိုင်သည် မူလက ထိုင်းဒုတိယတန်းကလပ် နာရာယူနိုက်တက်မှ တစ်လဘတ်ငါးသောင်းနှင့် ကမ်းလှမ်းခဲ့ သော်လည်း လစာညှိနှိုင်းမှု အဆင် မပြေသောကြောင့် ထိုင်းလိဂ်(၂) ကလပ်အန်သောင်းအက်ဖ်စီအသင်းနှင့် ဆက်လက် ညှိနှိုင်းခဲ့ရာ ညှိနှိုင်းမှုအဆင်ပြေသောကြောင့် တစ်ရာသီစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာစပယ်ရှယ်ဘောလုံး အေဂျင်စီမှ သိရသည်။

-Ads-
-Ads-

ထို့ကြောင့် အောင်ကျော်နိုင်အနေဖြင့် အန်သောင်းအက်ဖ်စီအသင်းနှင့် ၂၀၁၈ ဘောလုံးရာသီတွင် ပါဝင်ကစားမည်ဖြစ်ပြီး လစာရရှိမှုမှာ ဘတ်တစ်သိန်း ကျော်ခန့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ အောင်ကျော်နိုင်သည် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများဖြစ်သော နေပြည်တော်၊ ဧရာဝတီအသင်းတို့တွင် ပါဝင်ကစားခဲ့ပြီး ၂၀၁၇ ဘောလုံးရာသီတွင် စင်ကာပူကလပ် ဘလက်စတီးယားအသင်းတွင် သွားရောက်ကစားခဲ့ကာ လက်ရှိတွင် ထိုင်းကလပ်အသင်းသို့ ပြောင်းရွှေ့ကစားခြင်းဖြစ်သည်။

အန်သောင်းအသင်းသည် လက်ရှိတွင် ထိုင်းလိဂ်(၂)၌ ယှဉ်ပြိုင်နေသော အသင်းဖြစ်ပြီး ထိုင်းလိဂ်(၁)သို့ တန်းတက်ရန် ပြင်ဆင်နေသောအသင်းဖြစ် သည်။ ပြီးခဲ့သည် ၂၀၁၇ ရာသီတွင် ထိုင်းလိဂ်(၂)၌ အဆင့်(၄)ဖြင့် ရပ်တည်ခဲ့ပြီး တန်းတက်ရန် ကပ်လွဲခဲ့သည့်အသင်းဖြစ်သည်။ အောင်မြင်မှုအဖြစ် ၂၀၁၃ ဘောလုံးရာသီတွင် DIV 2 Central & West ပြိုင်ပွဲ၌ ချန်ပီယံဆုရရှိထားသည်။ အသင်းတွင်လည်း ဂျပန်၊ ဂါနာ၊ စပိန်အစရှိသော နိုင်ငံခြားသားကစားသမား များကို ခေါ်ယူထားသည်။

-Ads-
-Ads-