မြန်မာ့စွန့်ဦးတီထွင်ပွဲတော် မန္တလေးတိုင်းဒေသကြီး၌ ပထမဆုံးအကြိမ် ကျင်းပ

ဓာတ်ပုံ - ခင်ခင်ချို

မန္တလေး၊ ဖေဖော်ဝါရီ ၃

စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် မန္တလေးတိုင်းဒေသကြီး၌ ပထမဆုံးအကြိမ်အဖြစ် “မြန်မာ့စွန့်ဦးတီထွင်ပွဲတော်” ကို ယနေ့ (ဖေဖော်ဝါရီ ၃ရက်) က စတင်ကျင်းပလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MRYEA)မှကြီးမှူး၍ အသင်းသားများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် “မြန်မာ့စွန့်ဦးတီထွင်ပွဲတော်” Myanmar Entrepreneurs Carnival (MEC) 2018 ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအနီးရှိ မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (MIIT) မှာ ​ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက် ၂ ရက်တိုင်​ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

-Ads-
-Ads-

စွန့်ဦးတီထွင်သူတွေအတွက်​​ဈေးကွက်ချိတ်ဆက်ပေးရန်၊​ငွေကြေးအရင်းအနှီးချိတ်ဆက်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

လိုအပ်သည့်အရင်းအနှီးရရှိစေရန် လက်ရှိအခြေအနေနှင့်​နောင်အနာဂတ်အခြေအနေများကိုရှင်းပြကာ ယှဉ်ပြိုင်နိုင်မယ့် Pitching Program ပါဝင်ပြီး အခမဲ့ပညာရေးပို့ချမှုများ၊ ​ကျောင်းပညာရေးကဏ္ဏမှ တီထွင်မှုများကိုလည်း ပြသမည်ဖြစ်သည်။

ဓာတ်ပုံ – ခင်ခင်ချို
ဓာတ်ပုံ – ခင်ခင်ချို
ဓာတ်ပုံ – ခင်ခင်ချို
ဓာတ်ပုံ – ခင်ခင်ချို
ဓာတ်ပုံ – ခင်ခင်ချို
ဓာတ်ပုံ – ခင်ခင်ချို
ဓာတ်ပုံ – ခင်ခင်ချို
ဓာတ်ပုံ – ခင်ခင်ချို
-Ads-
-Ads-