တန်ဖိုးနည်း Surface Book 2 ကို မိတ်ဆက်လိုက်တဲ့ Microsoft

Microsoft ကနေ ယခင်ကထက် ဈေးနှုန်းသက်သာတဲ့ Surface Book 2 လက်တော့ပ် ကို မိတ်ဆက်လိုက်ပြီး ဒေါ်လာ ၁၁၉၉ နဲ့ ရောင်းချသွားမှာလို့ သိရပါတယ်။

ယခင်ကထုတ်လုပ်ခဲ့တဲ့ Surface Book 2 ကို ဒေါ်လာ ၁၄၉၉ နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခုမိတ်ဆက်လိုက်တဲ့အမျိုးအစားက ဒေါ်လာ ၃၀၀ လောက်သက်သာသွားပေမယ့် Storage ပိုင်းကိုသာ အဓိကထားပြောင်းလဲထားလို့ စွမ်းဆောင်ရည်ပိုင်းကတော့ သိသိသာသာကွာခြား ခြင်းမရှိပါဘူး။

မိတ်ဆက်လိုက်တဲ့ Surface Book 2 က မျက်နှာပြင်အရွယ်အစား ၁၃ ဒသမ ၅ လက်မ ရှိပြီး Intel Core i5 processor, 8GB of RAM, and 128GB of Storage ပါဝင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် Microsoft အနေနဲ့ Surface Book 2 ကိုလည်း မိတ်ဆက် ခဲ့ပြီး ရောင်းဈေး ၇၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

-Ads-
-Ads-

လိပ်ခေါက်နိုင်တဲ့မျက်နှာပြင်ပါ စမတ်ဖုန်း ယခုနှစ်အတွင်း ထုတ်လုပ်မယ်

တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကုမ္ပဏီက လိပ်ခေါက်နိုင်တဲ့ မျက်နှာပြင် နည်းပညာပါဝင်တဲ့ စမတ်ဖုန်းတွေကို ၂၀၁၈ ခုနှစ်အတွင်းမှာ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ကုမ္ပဏီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စမတ်ဖုန်းမျက်နှာပြင်နဲ့ပတ်သက်ပြီး အမြဲဆန်းသစ်တီထွင်မှုတွေလုပ်ဆောင်နေတဲ့ ဆမ်ဆောင်းအနေနဲ့ ဒီလိုလိပ်ခေါက်နိုင်တဲ့ မျက်နှာပြင်နည်းပညာအတွက် OLED အမျိုးအစား ကို အခြေခံတည်ဆောက်သွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့ လာမယ့်လမှာမိတ်ဆက်မယ့် Galaxy S9 မှာတော့ ဒီနည်းပညာပါဝင်လာဖွယ် မရှိပါဘူး။ လိပ်ခေါက်နိုင်တဲ့ စမတ်ဖုန်းမျက်နှာပြင်နဲ့ပတ်သက်ပြီး ဆမ်ဆောင်းအပြင် Microsoft, LG, Oppo နဲ့ အခြားစမတ်ဖုန်းကုမ္ပဏီတွေကလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေကြ တယ်လို့ သိရပါတယ်။

ကော်ဖီအမျိုးအစားခြောက်မျိုး ဖျော်စပ်ဝန်ဆောင်မှုပေးနိုင်တဲ့ စက်ရုပ်

ကော်ဖီအမျိုးအစားခြောက်မျိုးကိုဖျော်ပြီး ဖောက်သည်တွေကို ၀န်ဆောင်မှုပေးနိုင်တဲ့ စက်ရုပ်တစ်မျိုးကို ဂျပန်နိုင်ငံမှာ စတင်အသုံးပြုနေပြီလို့ သိရတယ်။ Sawyer လို့အမည်ပေးထားတဲ့ အဆိုပါစက်ရုပ်ဟာ အရောင်းကောင်တာကနေ စားသုံးသူတွေဝယ်ယူလိုက်တဲ့ လက်မှတ်ကိုစိစစ်ပြီး cappuccino, hot chocolate, green tea အပါအ၀င် အမျိုးအစား ခြောက်မျိုးကိုဖျော်စပ်ပြီး ၀န်ဆောင်မှုပေးနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖောက်သည်တွေကိုလည်း နှုတ်ဆက်စကားပြောဆိုနိုင်ပြီး စက်ရုပ်က ၀န်ဆောင်မှုပေးတဲ့ ကော်ဖီတစ်ခွက်အတွက် သုံးဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ စက်ရုပ်တွေ အနေနဲ့ ထုတ်လုပ်မှုပိုင်းမှာတင်မက လူသားတွေအတွက် ဖျော်ဖြေမှုတစ်ခုအဖြစ်အတွက်ပါ ဖြစ်စေတယ်လို့ တီထွင်သူတွေက ဆိုပါတယ်။

-Ads-
-Ads-