အဆိုတော်ချမ်းမြေ့၏ ဒုက္ခ အမည်ရှိ တေးစီးရီးမိတ်ဆက်

ဓာတ်ပုံ - ယဉ်မျိုးသူ

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၇

အဆိုတော်ချမ်းမြေ့၏ ဒုက္ခအမည်ရှိ တေးစီးရီးသစ်မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းရှိ အော့ကစ်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အဆိုပါတေးစီးရီးကို ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ The Sun Music က ဖြန့်ချိသွားမည်ဖြစ်ပြီး ဒုက္ခတေးစီးရီးတွင် သီချင်းပုဒ်ရေ ၁၃ ပုဒ်ပါဝင်ကြောင်း သိရသည်။

-Ads-
-Ads-

‘ကျွန်တော့်သီချင်းခွေကို ဒုက္ခလို့ပေးဖြစ်တာက ကျွန်တော့်နာမည်က ချမ်းမြေ့ဆိုတော့ ချမ်းမြေ့တာရဲ့ဆန့်ကျင်ဘက်က ဒုက္ခလေ။ အဲဒီတော့ သီချင်းခွေထဲမှာက အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ဘယ်လိုအခက်အခဲဒုက္ခတွေရှိလဲ ဆိုတာကို ရေးသားထားတာတွေလည်း ပါတယ်’ဟု အဆိုတော်ချမ်းမြေ့က ပြောသည်။

ဒုက္ခသီချင်းခွေတွင် Pop, Rock သီချင်းအမျိုးအစားများပါဝင်ပြီး Featuring အနေဖြင့် အဆိုတော်ချမ်းချမ်းက ပါဝင်သီဆို ထားကာ တေးရေးဆရာများအနေဖြင့် အယ်နောင်း၊ ကိုအောင်၊ အိုက်ပီး၊ အယ်ရန်း၊ အောင်ကိုမြင့်နှင့်စည်သူတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါသီချင်းခွေကို MTV ထွက်ရန်စီစဉ်ထားပြီး ပရိုမိုးရှင်းပွဲပြုလုပ်ရန် အစီအစဉ်မရှိသေးကြောင်း အဆိုတော်ချမ်းမြေ့က ပြောသည်။

-Ads-
-Ads-