သရုပ်ဆောင်ဥက္ကာမင်းမောင်နှင့် တွေ့ဆုံခြင်း

ဓာတ်ပုံ - Okkar Min Maung (Facebook)

“၂၀၁၈မှာ ကျွန်တော်မော်ဒယ်လ်အေဂျင်စီတစ်ခုဖွင့်ဖို့ အစီအစဉ်ရှိပါတယ်”

သရုပ်ဆောင်၊မော်ဒယ်လ် ဥက္ကာမင်းမောင်သည် နိုင်ငံရပ်ခြားသို့ နှစ်အတော်ကြာ ပညာသင်သွားရောက်ပြီးနောက် မကြာသေးမီအချိန်က ပြန်လည်ရောက်ရှိလာကာ Mr. ပြိုင်ပွဲများ ဦးဆောင်ကျင်းပပြီး ကိုယ်တိုင်လည်း ဒိုင်အဖြစ် ပါဝင်လာခဲ့သည်။ ၎င်းသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထားကြောင်း သိရသည်။ လတ်တလော သူ၏ အနုပညာလှုပ်ရှားမှုအကြောင်းများကို တွေ့ဆုံခိုက်မေးမြန်းခဲ့ပါသည်-

မေး။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်နေလဲ။

ဖြေ။ လတ်တလောကတော့ ကျားကျားလျားလျား မိန်းမသားများဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ပြီးသွားပြီ။ ဖေဖော်ဝါရီ ၂၈ ရက် မှာ နယူးယောက် ခဏပြန်မယ်။ ဟိုမှာ Orition တစ်ခုပြိုင်ထားတာ ကံကောင်းစွာနဲ့ တစ်ခုရွေးခံရတယ်။ ShortFlim တစ်ခုပေါ့နော်။ အဲဒီက ဒါရိုက်တာတွေနဲ့ပဲ။ ဇာတ်ကားနာမည်က Dead of Night ပါ။ အဲဒီဇာတ်ကားမှာ ပါဝင်ခွင့်ရမယ်။ အမေရိကားမှာ ပထမဆုံးလုပ်မယ့် အနုပညာလမ်းကြောင်းအစပေါ့နော်။

မေး။ ကျောင်းတက်နေစဉ်ကရော အနုပညာလှုပ်ရှားမှုတွေလုပ်ဖြစ်လား။

ဖြေ။ နိုင်ငံခြားမှာ နေတာကတော့ကြာပြီ။ ဒါပေမဲ့အနုပညာလှုပ်ရှားမှုကတော့ မလုပ်ဖြစ်ပါဘူး။ ကျောင်းသွားတယ်၊ ကျောင်းတက်နေရင်းနဲ့ အလုပ်လုပ်တယ်။ ကျောင်းနဲ့ တခြား အလုပ်နဲ့ရှုပ်နေတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာမှ မလုပ်ခဲ့ဖူးဘူး။ Orition တွေလည်း မသွားဖူးဘူး။ လွန်ခဲ့တဲ့ လေး၊ ငါးလလောက်ကစပြီး အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ် ဖြစ်လာတာပါ။

ဓာတ်ပုံ – Okkar Min Maung (FacebookPage)

မေး။ အဲဒီတော့ အခုနောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေ ပြန်လုပ်ဖြစ်တဲ့အကြောင်းလေး ပြောပြပါဦး။

ဖြေ။ ကိုယ်လည်း အဲဒီမှာနေနေတာပဲ။ ဘာလို့ Try မလုပ်ကြည့်ချင်ရတာလဲပေါ့။ မကြိုးစားဖြစ်ခဲ့တဲ့အချိန်တွေကိုလည်း ကိုယ့်ကိုယ်ကိုယ်နောင်တရတယ်။ Orition အတွက်ကို အကောင့်လေးတွေရှိတယ်။ သရုပ်ဆောင်ပိုင်းရော Modeling ပိုင်းပါ ပြန်လျှောက်တယ်။ သူတို့မှာက လူတွေ့သွားရတာတွေရှိတယ်။ Online ကနေပြီးတော့ Video Clip လေးတွေ ပို့ရတာရှိတယ်။ အဲဒီလိုမျိုးလေးတွေ ကိုယ့်အကောင့်မှာ တင်ထားမှသာ သူတို့က ကိုယ့် Video Clip လေးတွေကို ကြည့်ပြီးတော့ရွေးတာပေါ့။ သူတို့ကြိုက်တယ်ဆို နောက်တစ်ဆင့်၊ နောက်တစ်ဆင့်နဲ့ နောက်ဆုံးကျမှ သူတို့ရွေးတာပါ။ တစ်ခုဆိုရင် အဆင့်လေးထိပါ ပြီးသွားပြီ။ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို ပြန်လာမယ့်အချိန်နဲ့တိုက်နေတဲ့အတွက် အဲဒါကို လက်လျှော့လိုက်ရတယ်။ နောက်တော့ ဒီတစ်ခုကိုဆုံးရှုံးလိုက်တဲ့အတွက်ရယ် ကျွန်တော့်ကိုလည်း သဘောကျတယ် ဆိုပြီးတော့ နောက်တစ်ခါ ပါဝင်ခွင့်ရတယ်။ သူတို့ ပို့ပေးတဲ့ မိုနိုလော့တွေကို Version နှစ်မျိုးနဲ့ သရုပ်ဆောင်ပြီး သူတို့ဆီကို ပြန်ပို့ပေးခဲ့တယ်။ အဲဒီမှာ ကိုယ့်ကို ရွေးချယ်လိုက်တယ်။

မေး။ ဒီလိုမျိုး နိုင်ငံခြားမှာ အနုပညာလုပ်ငန်းတွေ လုပ်ခွင့်ရတယ်ဆိုတော့ ဘယ်လိုခံစားရလဲ။

ဖြေ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အခုလိုလုပ်ခွင့်ရတာ ပျော်တယ်။ အရမ်းလည်းဝမ်းသာတယ်။ ကျွန်တော့် မိဘတွေအတွက်လည်း ကျွန်တော်ကြိုးစားကြည့်ချင်တယ်။ သူတို့ဂုဏ်ယူရတဲ့သားတစ်ယောက်အဖြစ် သူတို့ကိုမြင်စေချင်တယ်။ သူတို့ပို့တဲ့ မိုနိုလော့တွေကို မှတ်ထားပြီးတော့ ပြန်ပြန်ကြည့်နေရတာကိုက ကျွန်တော့်ကိုယ်ကျွန်တော် ၀မ်းစာဖြည့်နေရတယ်ဆိုတာကို အစက မသိခဲ့ဘူး။ ကျွန်တော့်အနေနဲ့ကတော့ အိုက်တင်ပိုင်းကို ပိုအားသာတယ်။

ဓာတ်ပုံ – Okkar Min Maung (FacebookPage)

မေး။ မစ္စတာအီတလီပွဲတွေအတွက် ဒိုင်အဖြစ်သွားရောက်ရမယ်လို့သိရပါတယ်။ အဲဒါလေးလည်း ပြောပြပေးပါဦး။

ဖြေ။ မစ္စတာအီတလီပြိုင်ပွဲမှာ ဒိုင်အဖြစ်ဖိတ်ကြားခံရပါတယ်။ ကျွန်တော်သွားပါမယ်။ မရောက်ရောက်အောင်သွားပါမယ်။ မြန်မာနိုင်ငံအနေနဲ့ Represent လုပ်ပြီးသွားရတဲ့ ပွဲတစ်ပွဲမှာ ကျွန်တော်အဲဒီပွဲကို သွားပြီးတော့သိလာရမယ့် Connection တွေလည်း ကျွန်တော်လိုချင်တယ်။ အဲဒီနိုင်ငံက Model Agency တွေ၊ Model တွေနဲ့ ခင်မင်ခွင့်ရချင်တယ်။ သူတို့ကိုလေ့လာပြီးတော့ ကိုယ့်နိုင်ငံအတွက် ဘယ်လိုအသုံးချသွားရမလဲဆိုတာကို လေ့လာမယ်။ ဒီ ၂၀၁၈ ခုနှစ်မှာလည်း ကျွန်တော် Model Agency တစ်ခုဖွင့်ဖို့ အစီအစဉ်ရှိပါတယ် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက်တော့ အကျိုးမယုတ်ပါဘူး။

ဓာတ်ပုံ – Okkar Min Maung (FacebookPage)

မေး။ အချစ်ရေးအခြေအနေလေးရော သိလို့ရမလား။

ဖြေ။ အခုလောလောဆယ်တော့ ကျွန်တော့်ကို ရုပ်ရှင်အတွက် ကမ်းလှမ်းထားတာမျိုးတွေမရှိသေးဘူး။ အဲဒီတော့ ချစ်သူဆီပြန်မယ်။ သူလည်း ကျွန်တော့်ကိုမျှော်နေပြီ။ ကျွန်တော်ကလည်း သူ့ကိုလွမ်းနေပြီဆိုတော့ ခဏပြန်မယ်။ ဝေးကွာနေတဲ့ချစ်သူအတွက် ဆက်ဆံရေးကိုထိန်းသိမ်းဖို့က နည်းနည်းခက်ခဲတယ်။ ရှေ့တစ်ယောက်တုန်းကလည်း အဲဒီလိုဖြစ်ပြီး ပြတ်သွားတယ်။ နှစ်လလောက် စိတ်ဓာတ်ကျတာတွေ ဖြစ်သွားတယ်။ ကျွန်တော်ကလည်း ချစ်ရင်အရမ်းချစ်တာကိုး။ အခုဒီတစ်ယောက်နဲ့ ဆက်ဆံရေးကတော့ ဖြည်းဖြည်းနဲ့မှန်မှန်လေးပဲ။ ဒီ Relationship ကို သွားနေတယ်။ သူလည်းအများကြီး နားလည်ပေးထားတယ်။ တစ်ချိန်ချိန်တော့ သူလည်း မြန်မာနိုင်ငံကို ပါလာလိမ့်မယ်။ ဒါပေမဲ့ မမျှော်လင့်တာတွေဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ သိပ်မမျှော်လင့်တော့ဘူး။ ပေါင်းဖို့ကံပါလာရင်တော့ ပေါင်းသင်းရမယ်၊ ပေါင်းဖို့ကံ မပါလာရင်တော့ မပေါင်းသင်းရဘူးပေါ့နော်။

ဓာတ်ပုံ – Okkar Min Maung (FacebookPage)

မေး။ ပရိသတ်အတွက် လက်ဆောင်စကားလေး ပြောပေးပါဦး။

ဖြေ။ ပရိသတ်တွေအားလုံး ကျွန်တော့်ကို အားပေးပေးပါ။ ဝေဖန်ပေးပါ။ ရုပ်ရှင်ကားတွေ ရုံတင်ရင်လည်း အားပေးပါ။ အနုပညာအလုပ်တွေ ဆက်လုပ်သွားပါမယ်။ အဲဒီအတွက်လည်း အခွင့်အရေးရရင်ရသလို ကြိုးစားသွားမှာပါ။ နိုင်ငံခြားမှာလည်း ကြိုးစားပါဦးမယ်။ ကိုယ့်မြန်မာနိုင်ငံအတွက် ဂုဏ်ယူရတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။