၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်လမ်းညွှန်

ဆရာစိုင်းထွန်းအောင် (B.Com.A.A)

ဂုဏ်ထူးမှတ် သေချာပေါက်ရလိုလျှင် အခန်း(၁)၊ (၃)၊ (၄)နဲ့(၅)ကို အပိုင်ကျက်မှတ်ပါ။ အတွက်ပုစ္ဆာပိုင်ရင် အခန်း(၄)ကျက်စာကို လွှတ်လို့ရတယ်။ အလုပ်တစ်ဖက်နဲ့ စာကျက်ချိန်မရတဲ့ စာဖြေသူတို့ကတော့ အခန်း(၁)၊ (၃)နဲ့(၅)ကို ကျက်ပါ။

မေးခွန်းနံပါတ် ၁။ (က)(ခ)နဲ့(ဂ)အတွက် ပေးထားတဲ့နံပါတ်တွေကို အဖြေလွှာမှာ အရင်ရေးထားပါ။ သက်ဆိုင်ရာအဖြေကိုတော့ ကျက်စာ၊ တွက်စာဖြေပြီးမှ မှား/မှန်၊ ကွက်လပ်ဖြည့်၊ ရွေးချယ်မှုအဖြေတွေကိုစဉ်းစားပြီး တစ်ခုမကျန်ဖြေပါ။

မေးခွန်းနံပါတ် ၂။ အဓိပ္ပာယ်သက်မှတ်ချက်မေးခွန်းအတွက် အခန်း(၁)၊ (၃)၊ (၄)နဲ့ (၅)ထဲက အဓိပ္ပာယ်သတ်မှတ်ချက်တွေကို သေသေချာချာကျက်ထားရင် စိတ်ချရတယ်။

မေးခွန်းနံပါတ် ၃၊ ၄ နဲ့ ၅ က ပုံစံတူမေးခွန်းတစ်ပုဒ်စီမှာ အပိုင်း(က)နဲ့(ခ)ဆိုပြီးတော့ နှစ်ပိုင်းပါတယ်။ အပိုင်း(က)မေးခွန်းကိုဖြေရင် အပိုင်း(ခ)က မှတ်စုတိုတွေကို ဖြေဖို့မလိုပါဘူး။ အပိုင်း(ခ) မေးခွန်းတို လေးခုထဲက နှစ်ခုဖြေရင် အပိုင်း(က)ကိုဖြေဖို့ မလိုတာကို သတိပြုရမယ်။ အပိုင်း(ခ)မှ မေးခွန်း ၃၊ ၄၊ ၅၊ ၆ ထဲက စုစုပေါင်းသုံးပုဒ်ကိုသာ ဖြေရမယ်ဆိုတာကိုလည်း သတိပြုပါ။ မေးခွန်းရှည်ကို ကျက်မှတ်တဲ့အခါ ခွဲခြမ်းစိတ်ဖြာပြီး ကျက်မှတ်ဖို့လိုတယ်။ ဥပမာ-ဈေးကွက်အမျိုးမျိုးကိုကျက်တဲ့အခါ ထုတ်ကုန်ဈေးကွက်များ၊ အင်အားစုဈေးကွက်များ၊ လုပ်အားဈေးကွက်၊ အရင်းအနှီးဈေးကွက်နဲ့ ငွေကြေးဈေးကွက်ရယ်လို့ မှတ်စုတိုအဖြစ် မေးနိုင်တယ်။ ဝယ်လိုအားကိုပြဋ္ဌာန်းသောအချက်များ၊ ရောင်းလိုအားကိုပြဋ္ဌာန်းသောအချက်များ၊ ဗဟိုဘဏ်၏လုပ်ဆောင်ချက်များ၊ ငွေကြေး၏လုပ်ဆောင်ချက်များ၊ ပြည်သူ့အသုံးစရိတ်များ၏ သဘောသဘာဝနှင့် အမျိုးအစားများ၊ ကုန်ဖလှယ်မှုအချိုးထဲက တစ်ချက်ချင်း သို့မဟုတ် နှစ်ချက်၊ သုံးချက်ပေါင်းပြီး မှတ်စုတိုမေးနိုင်တယ်။ တစ်ခါတလေ အင်အားစုအခငွေဈေးနှုန်းနှင့် ဈေးကွက်ပေါက်ဈေးတို့၏သဘောနှင့် ပုံသေဈေးနှုန်းနှင့်ဈေးကွက်ပေါက်ဈေးတို့၏သဘောတို့ကို နှိုင်းယှဉ်ဖော်ပြပါလို့ အကြောင်းအရာနှစ်ခုကို ဆက်စပ်ပြီးမေးနိုင်တာကိုလည်း သတိပြုပါ။

မေးခွန်းနံပါတ် ၆ အတွက်ကတော့ နမူနာမေးခွန်းနဲ့စံပြအဖြေတို့ကို ဖော်ပြပေးလိုက်တယ်။ ဂရုတစိုက်လေ့လာပါ။ အတွက်ပုစ္ဆာတိုင်းမှာ သက်ဆိုင်ရာအဓိပ္ပာယ်သတ်မှတ်ချက်၊ ပုံသေနည်း၊ အသေးစိတ်တွက်ချက်မှုအပြင် သုံးသပ်ချက်ပါ ထည့်ဖြေရပါမယ်။


အောက်ပါဇယားတွင် ကုန်စည်(၃)မျိုး၏ ဈေးနှုန်းနှင့်ဝယ်ယူသည့် အရေအတွက်များကို ဖော်ပြထားသည်။ ၂၀၀၁ ခုနှစ်သည် အခြေခံနှစ်ဖြစ်သည်။ (၁) သက်ဆိုင်ရာနှစ်များ၏ CPI ကို တွက်ချက်ပါ။ (၂) ၂၀၀၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ငွေဖောင်းပွမှုနှုန်းကို တွက်ချက်သုံးသပ်ပါ။

စံပြအဖြေ။
စားသုံးသူများ၏ ဈေးဆနှုန်းကိန်း

စားသုံးသူများ၏ အထွေထွေဈေးနှုန်းအဆင့် ပြောင်းလဲပုံကိုလေ့လာရန်အတွက် စားသုံးကုန်စည်များ၏ ဈေးနှုန်းများကိုအုပ်စုဖွဲ့၍တွက်ချက်ရရှိသောဈေးဆနှုန်း ကိန်းကို စားသုံးသူများ၏ ဈေးဆနှုန်းကိန်းဟုခေါ်သည်။

စားသုံးကုန်စည်အုပ်စု = ကုန်စည် X (၄)ယူနစ် + ကုန်စည် Y (၃)ယူနစ်+ ကုန်စည် Z (၂)ယူနစ်

၂၀၀၅ ခုနှစ် စားသုံးကုန်စည်အုပ်စုတန်ဖိုး = (၄×၁၅၀) + (၃×၃၀၀) + (၂×၄၀၀)
၆၀၀ + ၉၀၀ + ၈၀၀ = ၂၃၀၀ ကျပ်

၂၀၀၆ ခုနှစ် စားသုံးကုန်စည်အုပ်စုတန်ဖိုး = (၄×၂၀၀) + (၃×၄၅၀) + (၂×၅၀၀)
= ၈၀၀ + ၁၃၅၀ + ၁၀၀၀
= ၃၁၅၀ ကျပ်

၂၀၀၅ ခုနှစ်သည် အခြေခံနှစ်ဖြစ်သည်။

ထို့ကြောင့် စားသုံးကုန်စည်ဈေးနှုန်းအဆင့်သည် ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ၃၆.၉% မြင့်တက်လာသည်။

မေးခွန်းပုံစံ(၂)

၁။ တိုင်းပြည်တစ်ပြည်တွင် ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့၏ ပို့ကုန်ဈေးဆနှုန်းကိန်းနှင့် သွင်းကုန်ဈေးဆနှုန်းကိန်းတို့ကို အောက်ပါဇယားတွင်ပေးထားသည်။


(၂၀၀၁ ခုနှစ်သည် အခြေခံနှစ်ဖြစ်သည်။)
(၁) ဖော်ပြပါနှစ်များ၏ ကုန်ဖလှယ်မှုအချိုးကို တွက်ချက်ပါ။
(၂) ကုန်ဖလှယ်မှုအချိုးပြောင်းလဲခြင်းများကို သုံးသပ်ပါ။

စံပြအဖြေ
ကုန်ဖလှယ်မှုအချိုး

တိုင်းပြည်တစ်ပြည်၏ ကုန်ဖလှယ်မှုအချိုးဆိုသည်မှာ ၎င်း၏ပို့ကုန်ဈေးနှုန်းနှင့် သွင်းကုန်ဈေးနှုန်းတို့အကြား ဆက်စပ်မှုကိုဖော်ပြခြင်းဖြစ်သည်။


၂၀၀၁ ခုနှစ်သည် အခြေခံနှစ်ဖြစ်သည်။

၂၀၀၂ ခုနှစ်၏ ကုန်ဖလှယ်မှုအချိုးမှာ ၁၁၄.၂ ဖြစ်သောကြောင့် ၂၀၀၁ ခုနှစ်(အခြေခံနှစ်)နှင့်နှိုင်းယှဉ်လျှင် ၁၀၀ ထက်များသောကြောင့် ကုန်ဖလှယ်မှုအချိုးတိုးတက်သည်။ ထို့ကြောင့် ထိုနိုင်ငံသည် ၂၀၀၂ ခုနှစ်တွင် ပို့ကုန်တင်ပို့မှုမှရသော နိုင်ငံခြားငွေဖြင့် သွင်းကုန်များကို ပို၍ဝယ်ယူနိုင်သောကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် အခွင့်သာသော အခြေအနေရှိသည်။

၂၀၀၃ ခုနှစ်၏ ကုန်ဖလှယ်မှုအချိုးမှာ ၁၃၃.၃ ဖြစ်သောကြောင့် ၂၀၀၁ ခုနှစ် (အခြေခံနှစ်)နှင့်နှိုင်းယှဉ်လျှင် ၁၀၀ ထက်များသောကြောင့် ကုန်ဖလှယ်မှုအချိုး တိုးတက်သည်။

ထို့ကြောင့် ထိုနိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် ပို့ကုန်တင်ပို့မှုမှရသော နိုင်ငံခြားငွေဖြင့် သွင်းကုန်များကို ပို၍ဝယ်ယူနိုင်သောကြောင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးတွင် အခွင့်သာသော အခြေအနေရှိသည်။

မေးခွန်းပုံစံ(၃)

နိုင်ငံတစ်နိုင်ငံ၏ နှစ်တစ်နှစ်အတွက် တိုင်းပြည်ဝင်ငွေဆိုင်ရာ ကိန်းဂဏန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

အကြောင်းအရာ ကျပ်သိန်းပေါင်း
လုပ်ခ၊ လစာ ၉၅၂
အတိုး ၆၅
ငှားရမ်းခ ၁၂၀၈
ပုဂ္ဂလိကလုပ်ငန်းများ၏အမြတ် ၂၀၀၃၇
လုပ်ငန်းများ၏အမြတ် ၈၆၉၈
သွယ်ဝိုက်ခွန်များ ၄၃၀
အစိုးရ၏ထောက်ပံ့ကြေး ၂၃၀
နိုင်ငံခြားသို့အသားတင်ပေးရသောဝင်ငွေ ၂၀၅
တန်ဖိုးလျော့ ၄၇
(က) GDP, GNP နှင့် NNP တို့ကိုရှာပါ။
(ခ) အဆိုပါနိုင်ငံတွင် စုစုပေါင်းလူဦးရေ သန်း ၅၀ ရှိလျှင် တစ်ဦးကျဝင်ငွေကို ရှာပါ။

စံပြအဖြေ
တိုင်းပြည်ဝင်ငွေ

တိုင်းပြည်ဝင်ငွေဆိုသည်မှာ ပြည်သူများ တစ်နှစ်အတွင်းထုတ်လုပ်မှုမှရရှိသော စုစုပေါင်းဝင်ငွေပင်ဖြစ်သည်။

ကုန်ထွက်နည်း

ကုန်ထွက်နည်းဆိုသည်မှာ ကဏ္ဍအလိုက် ကုန်ထွက်တန်ဖိုးများမှ ကုန်ကြမ်းတန်ဖိုး သို့မဟုတ် လုပ်ငန်းချင်းအသုံးပြုမှုတန်ဖိုးကိုနုတ်၍ တွက်ချက်သည့်နည်းဖြစ်သည်။

အကြောင်းအရာ ကျပ်သိန်းပေါင်း
လုပ်ခ၊ လစာ ၉၅၂
အတိုး ၆၅
ငှားရမ်းခ ၁၂၀၈
ပုဂ္ဂလိကလုပ်ငန်းများ၏အမြတ် ၂၀၀၃၇
လုပ်ငန်းများ၏အမြတ် (+) ၈၆၉၈
အင်အားစုအခငွေဈေးနှုန်းအရ GDP ၃၀၉၆၀
သွယ်ဝိုက်ခွန်များ (+) ၄၃၀
အစိုးရ၏ထောက်ပံ့ကြေး ၃၁၃၉၀
( – )၂၃၀
ဈေးကွက်ပေါက်ဈေးအရ GDP ၃၁၁၆၀
နိုင်ငံခြားသို့အသားတင်ပေးရသောဝင်ငွေ ( – ) ၂၀၅
ဈေးကွက်ပေါက်ဈေးအရ GDP ၃၀၉၅၅
တန်ဖိုးလျော့ ( – ) ၄၇
ဈေးကွက်ပေါက်ဈေးအရ NNP ၃၀၉၀၈

လေ့ကျင့်ထားရန် အတွက်ပုစ္ဆာများ
၁။ ပေးထားသောဇယားမှ ကုန်စည် X အတွက် ဝယ်လိုအား၏ဝင်ငွေအလျော့အတင်းနှင့် ဈေးနှုန်းအလျော့အတင်းများကို တွက်ချက်သုံးသပ်ပါ။


၃။ အောက်ပါဖြစ်ရပ်များသည် သက်ဆိုင်ရာကုန်စည်ဈေးကွက်၏ အားမျှခြေအပေါ် မည်သို့အကျိုးသက်ရောက်စေမည်ကို ပုံများဆွဲ၍ သုံးသပ်ပါ။

(၁) သကြားဈေးနှုန်းတက်လာခြင်းနှင့် ကြံသကာရောင်းလိုအားဈေးကွက်
(၂) ရာသီဥတုဖောက်ပြန်ခြင်းနှင့် သီးနှံဈေးကွက်
(၃) အီဘိုလာရောဂါဖြစ်ပွားခြင်းနှင့်အသားဈေးကွက်
(၄) သားရေဈေးနှုန်းတက်လာခြင်းနှင့် သားရေအိတ်ဈေးကွက်
၎။ ငွေကြေးပမာဏ M သည် ကျပ် ၈၀၀၊ ဈေးနှုန်း P သည် ၅ ကျပ်နှင့် ကုန်စည်အရေအတွက် T သည် ၄၀၀ ဖြစ်ပါက
(၁) အပေးအယူလုပ်သည့်တန်ဖိုး R နှင့် ငွေကြေးလှည့်ပတ်မှုအချိန် V ကိုရှာပါ။
(၂) M သည် ၁၀%၊ T သည် ၂၅%တိုးလျှင်
(က) V သည် ပုံသေဖြစ်လျှင် M, T နှင့် P ကို ရှာပါ။
(ခ) V သည် ၁၅ ဖြစ်လျှင် P ကို ရှာပါ။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသူများ ဘာသာစုံစိတ်ကြိုက်အမှတ်ရပြီး စိတ်ကြိုက်တက္ကသိုလ်ရောက်ပါစေ။