သင်္ကြန်အလှမောင်နှင့် သင်္ကြန်အလှမယ်ပြိုင်ပွဲ ပြုလုပ်မည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်

ဓာတ်ပုံ - ရွှန်းရွှန်း

ရန်ကုန်၊ မတ်-၆

သင်္ကြန်အလှမောင်နှင့် သင်္ကြန်အလှမယ်ပြိုင်ပွဲပြုလုပ်မည့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel ၌ မတ် ၅ ရက် ညနေ ၄ နာရီက ပြုလုပ်ခဲ့သည်။

“ကျွန်မတို့တစ်တွေက သင်္ကြန်ကို ငယ်ငယ်ကတည်းက အမှားတွေကျူးလွန်ခဲ့တယ်။ မူးရူးနေပြီးတော့ မူးယစ်ဆေးဝါးတွေကြောင့် အပျော်မဟုတ်ဘဲ လွဲနေခဲ့ကြတယ်ပေါ့။ အခုခေတ်ကလေးတွေ တိုးတက်ပြီးတော့ကောင်းစေချင်လို့ အခုလိုလုပ်ခဲ့တာပါ။ Voting Photo ရိုက်ပြီးတာနဲ့ မနက်သွားညပြန် Camp ကို စဝင်ရပါမယ်။ ကျွန်မတို့က ပြိုင်ပွဲဝင်ဖို့တင်မကဘဲ လူမှုဆက်ဆံရေးမှာပါ အဆင်ပြေအောင်သင်ကြားပေးသွားမှာပါ။ သင်္ကြန်ဆိုတာကို သဘောကျတဲ့အတွက် အခုလိုမျိုးသင်္ကြန်အငွေ့အသက်တွေပါတဲ့ပွဲလေး လုပ်ဖြစ်တာပါ”ဟု Lucky Chocolate Art & Socialization Agency ဦးဆောင်သူ ချောကလက်က ဆိုသည်။

-Ads-
-Ads-

သင်္ကြန်အလှမောင်နှင့် သင်္ကြန်အလှမယ် (April Prince & April Princess Competition) ရွေးချယ်ပြိုင်ပွဲကို မတ် ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာ၌ ကြီးကျယ်ခမ်းနားစွာကျင်းပမည်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်သော အလှမောင်၊ အလှမယ်များအနေဖြင့် Round လေးခုဖြင့် ပြိုင်ပွဲဝင်ရမည်ဖြစ်ကြောင်း သိရသည်။

ပေးအပ်မည့်ဆုများအနေဖြင့် April Prince & April Princess ဆု၊ Mr.Thingyan & Miss Thingyan ဆု၊ 1st runner up (ကျား၊ မ)၊ 2nd runner up (ကျား၊မ)၊ 3rd runner up (ကျား၊ မ)၊ Best Catwalk ဆု (ကျား၊ မ)၊ Best Style ဆု (ကျား၊ မ)၊ Best Attractive ဆု (ကျား၊ မ)၊ Best Photogeni ဆု(ကျား၊ မ)၊ Best Thingyan Creation Dress ဆု (ကျား၊ မ) Best Smile ဆု (ကျား၊ မ) အစရှိသည့်ဆုများကို ဒိုင်းဆု၊ စလွယ်၊ ငွေသားဆုများအပြင် ကြော်ငြာကုမ္ပဏီများ၏ ဒိုင်းဆု၊ သရဖူ၊ စလွယ်နှင့် ဆုငွေများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

-Ads-
-Ads-