ထိုင်းရ​နောင်းလူသတ်​မှုတွင်​ သက်သေထွက်ဆို​ပေးရန်​ မြန်​မာအစိုးရပိုင်းက ငြင်းပယ်ခဲ့​ဟုဆို

ဓာတ်ပုံ - ကိုဖြိုး

ရန်​ကုန်​ မတ်​ – ၁၂

ထိုင်းနိုင်​ငံ၊ ရ​နောင်းလူသတ်​မှုတွင်​ စွပ်​စွဲခံရသည့်​ မြန်​မာ​ရွှေ့​ပြောင်းအလုပ်​သမား​များအတွက်​ မြန်​မာအလုပ်သမား သံအရာရှိဟောင်းမှ သက်သေထွက်ဆို​ပေးရန်​ ထိုင်းရှေ့နေများကောင်စီ၏ မေတ္တာရပ်ခံချက်​ကို မြန်​မာအစိုးရပိုင်းက ငြင်းပယ်ခဲ့​ကြောင်း ပညာ​ရေးနှင့်​ ဖွံ့ဖြိုးတိုးတက်​​ရေး ​ဖောင်​​ဒေးရှင်း(ထိုင်း)မှ အမှု​ဆောင်​ဒါရိုက်​တာ ဦးထူးချစ်​က ​ပြောသည်။

ယ​နေ့နံနက်​ပိုင်းက ရန်​ကုန်​မြို့၊ Orchid ဟိုတယ်​၌ ပြုလုပ်​ခဲ့သည့်​ ရ​နောင်းလူသတ်​မှုသတင်းစာရှင်းလင်းပွဲတွင်​ ယင်းသို့​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

-Ads-
-Ads-

” အဲဒီအချိန်​တုန်းက အလုပ်​သမားသံအရာရှိ ဦးလှထွန်းက အခင်းဖြစ်​ပွားတဲ့​နေရာကို ​ရောက်​ခဲ့တယ်​။ ဆို​တော့ အလုပ်​သမားသံအရာရှိက သက်​​သေအ​နေနဲ့ အများကြီး အကျိုးရှိတယ်။ ဒါ​ပေမယ့်​ သက်​​သေအ​နေနဲ့ လာ​ရောက်​ထွက်​ဆို​ပေးဖို့ မဖြစ်​နိုင်​ဘူး။အ​ဝေးက​နေ ထွက်​ဆို​ပေးနိုင်​မယ်​လို့ အလုပ်​သမားဝန်​ကြီးဌာနက အ​ကြောင်းပြန်​ခဲ့ပါတယ်​ “ဟု ဦးထူးချစ်ကဆိုသည်​။

အဆိုပါအမှုတွင်​ အငြင်းပွားဖွယ်​ဖမ်းဆီးခံရသည့်​ မြန်​မာအလုပ်​သမား ​လေးဦးအတွက်​ သံတမန်​​ရေးအရ ကူညီ​ပေးရန်​ အစိုးရပိုင်းတာဝန်​ရှိသူများကို ​​တောင်းဆိုခဲ့​သော်​လည်း ပူး​ပေါင်း​ဆောင်​ရွက်​ခြင်း မရှိခဲ့ဟု ၎င်းက​ပြောသည်​။

” အမှုမှာ ပါတဲ့ က​လေးသုံး​ယောက်​က တနင်္သာရီတိုင်း​ဒေသက တချို့က ​ကော့​သောင်း၊ တချို့က ဘိတ်​က ။ အဲဒီမှာရှိတဲ့ ဝန်​ကြီးချုပ်​၊ အမျိုးသားလွှတ်​​တော်​အမတ်​၊ တိုင်း​ဒေသကြီးလွှတ်​​တော်​အမတ်​၊ တိုင်း​ဒေသကြီးလွှတ်​တော်အမတ်​​တွေကိုလည်း အမှုအ​ခြေအ​နေ​တွေကို ​ကူညီ​ပေးဖို့ ပြောပြခဲ့တယ်​။အ​တွေ့အကြုံအရ အစိုးရကို ချဉ်းကပ်​မှု​မေတ္တာရပ်​ခံမှု လုပ်​ခဲ့တယ်​။ကျန်​တဲ့က​လေးတစ်​​ယောက်​က မန္တ​လေးတိုင်း​၊ ပုသိမ်​ကြီးမြို့နယ်​က ဖြစ်​တယ်​။ မန္တ​လေးတိုင်းဝန်​ကြီးချုပ်​၊ ပုသိမ်​ကြီးမြို့နယ်​အမတ်​၊ မန္တ​လေးတိုင်းလွှတ်​​တော်​ဥက္ကဋ္ဌ​ရော ဒီအ​ကြောင်းကို အသိ​ပေးခဲ့ပါတယ်​။ နိုင်ငံ​​တော်အတိုင်ပင်​​​ခံရုံးအထိ စာ​ပေးပို့ခဲ့တယ်​။ဒီကိစ္စက လိပ်​ကျွန်းအမှုလိုမျိုး သံတမန်​​ရေးအရ ကူညီ​ပေးပါလို့ ​မေတ္တာရပ်​ခံခဲ့တယ်​ “ဟုဆို၎င်းကသည်​။

၂၀၁၅ ခုနှစ်​၊ စက်​တင်​ဘာလက မြန်​မာ-ထိုင်းနယ်​စပ်​မြို့ဖြစ်​​သော ထိုင်း၊ ရ​နောင်းခရိုင်​၊ စွိုင်​လုံကျင်းရပ်​ကွက်​​နေ အသက်​ ၁၆နှစ်​အရွယ်​ ထိုင်းမြန်​မာကပြား မိန်းက​လေးတစ်​ဦး အသတ်​ခံရမှုဖြစ်​ပွားခဲ့သည်​။အမှုဖြစ်​ပြီး တစ်​လအကြာတွင်​ မြန်​မာအလုပ်​သမား ​လေးဦးဖြစ်​​သော မောင်​​ကျော်​စိုးဝင်း အသက်​ ၁၅နှစ်​၊ ​မောင်​မိုးဇင်​​အောင်​ အသက်​၁၆နှစ်​၊ ​မောင်​စိန်​ကတုံး အသက်​၂၃နှစ်​နှင့်​ မောင်​​ဝေလင်း အသက်​ ၂၁နှစ်​တို့ကို ပူး​ပေါင်းကြံစည်​သတ်​ဖြတ်​မှု၊ လူမြင်​ကွင်းမှာ တရားမဝင်​လက်​နက်​ကိုင်​​ဆောင်​မှု၊လိမ်​လည်​ထွက်​ဆိုမှု တို့ဖြင့်​ ထိုင်းရဲတပ်​ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်​သည်​။၎င်းတို့ကို လာမည့်​ မတ်​ ၂၉ရက်​တွင်​ ရ​နောင်းခရိုင်​တရားရုံးက အမိန့်​ချမှတ်သွားမည်​ဟု သိရသည်​။

သတင်း-မင်းဟိန်း
ဓာတ်​ပုံ-ကိုဖြိုး

-Ads-
-Ads-