အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၏မွေးနေ့ပွဲ ပါတီဌာနချုပ်တွင် ပြုလုပ်ပေး

ရန်ကုန်၊ မတ်-၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၏ အသက် (၉၁)နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့ရာ ပါတီတာဝန်ရှိသူများ၊
လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မွေးနေ့မင်္ဂလာအခမ်းအနားတွင် တာဝန်ရှိသူများက မွေးနေ့ကိတ်ခွဲ၍ အဖွဲ့ချုပ်နာယက ဦးတင်ဦး၏နေအိမ်သို့ သွားရောက်ပို့ဆောင်ပေးခဲ့ပြီး ဂါရ၀ပြု
ကန်တော့ခဲ့ကြသည်။

-Ads-
-Ads-

ဦးတင်ဦး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် NLDပါတီ ဌာနချုပ်တွင်လည်း
ထောပတ်ထမင်း၊ ကိတ်မုန့်နှင့်ရေခဲမုန့်များ ဧည့်ခံကျွေးမွေးခဲ့သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးအနေဖြင့် ၎င်း၏မွေးနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရွှေခေါင်းလောင်းတစ်လုံး လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများက ဦးတင်ဦးထံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဓာတ်ပုံတစ်ပုံကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

-Ads-
-Ads-