မိသားစုဝင်သုံးဦးပါဝင်ဖန်တီးထားသည့် ထာဝရအမေဇာတ်ကားဖြင့် အကယ်ဒမီရခဲ့ပါက သားဖြစ်သူအပျော်ဆုံးဖြစ်မည်ဟု ဒါရိုက်တာစင်ရော်မောင်မောင် ပြော

ဓာတ်ပုံ-စင်ရော်မောင်မောင်ဖေ့စ်ဘွတ်ခ်

ရန်ကုန်၊ မတ်-၂၂

ဒါရိုက်တာစင်ရော်မောင်မောင်၊ မေသန်းနုနှင့် ၎င်းတို့၏သားဖြစ်သူ မင်းသန့်မောင်မောင်တို့ မိသားစုဝင်သုံးဦး ပါဝင်ဖန်တီးထားသည့် ထာဝရအမေဇာတ်ကားဖြင့် အကယ်ဒမီရခဲ့ပါက သားဖြစ်သူအပျော်ဆုံးဖြစ်မည်ဟု ဒါရိုက်တာစင်ရော်မောင်မောင်က ပြောဆိုသည်။

“သားရဲ့တောင်းဆိုချက်အရ ထာဝရအမေဇာတ်ကားကို ရိုက်ဖြစ်ခဲ့တာဆိုတော့ ထာဝရအမေဇာတ်ကားနဲ့ အကယ်ဒမီဆုရခဲ့ရင် သားဖြစ်သူ (မင်းသန့်မောင်မောင်)က အပျော်ဆုံးဖြစ်မှာပါ။ နောက်ပြီးတော့ ဒီဇာတ်ကားနဲ့ပဲ အကယ်ဒမီဆု တစ်ဆုတည်းရခဲ့မယ်ဆိုရင်တောင် မင်းသမီးဆုနဲ့ မဆင့်ကိုရစေချင်ပါတယ်” ဟု ၎င်းက အကယ်ဒမီခံစားချက်ကို ပြောဆိုသည်။

-Ads-
-Ads-

ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးထားသော ထာဝရအမေရုပ်ရှင်ဇာတ်ကားဖြင့် ဒါရိုက်တာဆု၊ ဇာတ်ကားဆုနှင့် မင်းသမီးဆုများရနိုင်ကြောင်း သတင်းများထွက်ပေါ်နေ၍ ၎င်းက ယင်းဇာတ်ကားဖြင့် မင်းသမီးဆုကိုသာ ပိုလိုချင်ကြောင်းပြောဆိုခြင်းဖြစ်သည်။

“သားကလည်း ဒီဇာတ်ကားမှာ သူကတွဲဖက်ဒါရိုက်တာအနေနဲ့ ပါဝင်ထားတာဆိုတော့ သူကလည်းစိတ်လှုပ်ရှားနေတယ်။ ကျွန်တော်တို့မိသားစုဝင်သုံးဦးရဲ့ အမှတ်တရဇာတ်ကားလည်းဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ မဆင့်ကို အကယ်ဒမီပေးချင်တယ်။ နောက်မင်းသန့်ရဲ့အမေအဖြစ်နဲ့ကို အားပေးချင်တာပါ” ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

-Ads-
-Ads-