ဒုတိယမြောက်ဟော့ပေါ့ဆိုင် မွေးနေ့အမှတ်တရ သဉ္ဇာနွယ်ဝင်းဖွင့်

ရန်ကုန်၊ ဧပြီ-၉

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်း၏ (၂၈)နှစ်ပြည့်အမှတ်တရအနေဖြင့် ဒုတိယမြောက် Hot Pot City Alone ဆိုင်ဖွင့်ပွဲကို ရန်ကုန်မြို့ အလုံမြို့နယ် သစ်တောလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ဆိုင်နေရာ၌ ဧပြီ ၇ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

“ဒီနေ့က သဉ္ဇာ့ရဲ့မွေးနေ့လည်းဖြစ်သလို သားလေးရဲ့ ငါးလပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ တခြားဟာတွေလည်းလုပ်ချင် ပေမယ့် ဒီဆိုင်ဖွင့်ဖို့ကိုပဲ လုံးပန်းနေရတာပေါ့နော်။ သဉ္ဇာ့အမျိုးသားက ကိန်းဂဏန်းတွေကို အရမ်းတွက်ချက်တဲ့သူ တစ်ယောက်ပါ။ မွေးနေ့အမှတ်တရအနေနဲ့ ဒီဆိုင်လေးကိုလုပ်ပေးခဲ့တဲ့အတွက် အရမ်းလည်းကျေးဇူးတင်ပါတယ်” ဟု သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းက ပြောဆိုသည်။

ဆိုင်တွင် အသား၊ ငါးနှင့်ပင်လယ်စာများကို အလတ်ဆတ်ဆုံးစီစဉ်ပေးထားကြောင်း၊ အထူးအစီအစဉ်အဖြစ် မီနူးအသစ် အနေနှင့် ဒိန်ချဉ်နှင့်ရေခဲမုန့်ကို ထည့်သွင်းထားပြီး ဘီယာ Free သောက်သုံးခွင့်များလည်း ထည့်သွင်းထားကြောင်း၊ ဆိုင်ဖွင့်ပွဲနှင့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဧပြီ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် လာရောက်စားသုံးသူများကို ၅၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

Hot Pot City ပထမဆုံးဆိုင်ကို မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်တွင် ဖွင့်လှစ်ခဲ့ပြီး ယခုဆိုင်သည် ဒုတိယမြောက်ဆိုင်ဖြစ် ကြောင်း၊ ဘူဖေးလ်စတိုင်ဖြင့် ပြင်ဆင်ထားပြီး နံနက် ၁၁ နာရီမှ နောက်တစ်နေ့နံနက်၂ နာရီအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ ဧပြီလမှ ဩဂုတ်လအထိ လာရောက်စားသုံးသူများကို ကားသစ်တစ်စီး ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။