တရုတ်နိုင်ငံ ကာရာအိုကေခန်းမီးလောင်မှု ၁၈ ဦး သေဆုံး

ဟောင်ကောင်၊ ဧပြီ-၂၄

တရုတ်နိုင်ငံတောင်ပိုင်းရှိ ကာရာအိုကေခန်းတစ်ခုတွင် မီးလောင်ကျွမ်းမှု ဧပြီ ၂၃ ရက်က ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးခဲ့ပြီး မီးရှို့သည်ဟု သံသယရှိသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်သူကို ဆုငွေပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကမ်းလှမ်းထားသည်။

ဂွမ်ဒေါင်းစီရင်စု ကင်ယမ်မြို့ရှိ သုံးထပ်အဆောက်အအုံတွင် သန်းခေါင်ယံအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာသည်။

အသက်(၃၂)နှစ်အရွယ်ရှိ လျူမျိုးနွယ်အမျိုးသားတစ်ဦးကို သံသယရှိသူအဖြစ် ထုတ်ဖော်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများလုပ် ဆောင်နေသည်။ ၎င်းအား ဖမ်းဆီးရမိရေးအတွက် သတင်းပေး နိုင်သူ မည်သူ့ကိုမဆို ဆုကြေးယွမ် နှစ်သိန်းပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကမ်းလှမ်းထားသည်။

သံသယရှိသူ လျူချွန်လူအတွက် ဆုကြေးတစ်ရပ်ကို ကမ်းလှမ်းရန် ကင်ယမ်ပြည်သူ့လုံခြုံရေးဗျူရိုက ဆုံးဖြတ်ခဲ့ပြီး ၎င်းမည်သည့်နေရာတွင် ရောက်ရှိနေကြောင်း သိရှိသည့် မည်သူမဆို လုံခြုံရေးအာဏာပိုင်များထံ ချက်ချင်းအကြောင်းကြားရန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မီးရှို့သည့် အဆိုပါအမျိုးသားသည် မီးလောင်ကျွမ်းခြင်း မဖြစ်ပွားမီ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ကာရာအိုကေခန်းမ၏ တစ်ခုတည်းသော ၀င်ပေါက်ကို ပိတ်ထားခဲ့ကြောင်း စီစီတီဗွီသတင်းဌာနက ဖော်ပြသည်။