အာဆီယံယူ-၁၆ အမျိုးသမီးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် အကောင်းဆုံးကြိုးစားမည်ဟု နည်းပြချုပ်ဒေါ်စန်းစန်းသိန်းပြော

ရန်ကုန်၊ ဧပြီ-၃၀

အာဆီယံယူ-၁၆ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲကို ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၆ အသင်းနည်းပြချုပ် ဒေါ်စန်းစန်းသိန်းက အောင်မြင်မှုရရှိရန် အကောင်းဆုံးကြိုးစားမည်ဟု ပြောကြား ခဲ့သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ မြန်မာစသည့်အုပ်စု(ခ)မှ အသင်းများ၏ နည်းပြချုပ်များ တက်ရောက်ခဲ့ပြီး မြန်မာယူ-၁၆ အမျိုးသမီး နည်းပြချုပ်က ယခုကဲ့သို့ ပြောကြားခဲ့သည်။

-Ads-
-Ads-

‘ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအချိန်က ကစားသမားတွေရဲ့ စာမေးပွဲတွေနဲ့ တိုက်ဆိုင်နေတာကြောင့် ပြင်ဆင်ချိန် တိုတောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီပြိုင်ပွဲကနေရတဲ့ အတွေ့အကြုံတွေနဲ့ အာရှခြေစစ်ပွဲအောင်မြင်ဖို့ ကြိုးစားသွား မှာပါ’ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာယူ-၁၆ အမျိုးသမီးလက်ရွေးစင်အသင်းသည် အုပ်စု(က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ အသင်းတို့နှင့်အတူ ကျရောက်နေသည်။ အာဆီယံယူ-၁၆ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲများတွင် ပွဲကစားချိန်ကို တစ်ပိုင်း လျှင် မိနစ် ၄၀သာ ယှဉ်ပြိုင်ကစားရန် သတ်မှတ်ထားသည်။ ထို့ပြင် ဆီမီးဖိုင်နယ် ပွဲစဉ်များ၊ တတိယနေရာလုပွဲနှင့် ဗိုလ်လု ပွဲစဉ်များတွင် သာမန်ပွဲကစားချိန်အတွင်း သရေကျနေပါက အချိန်ပိုဆက်လက် ယှဉ်ပြိုင်ကစားစေမည်မဟုတ်ဘဲ ပင်နယ် တီအဆုံးအဖြတ်ကို တိုက်ရိုက်ခံယူရမည် ဖြစ်သည်။

-Ads-
-Ads-