ချန်ပီယံလိဂ်သမိုင်းကောင်းကို ရီးရဲလ်အသင်း ထိန်းသိမ်းမည်ဟု နာဗက်စ်ဆို

ရီးရဲလ်ဂိုးသမား နာဗက်စ်က ရီးရဲလ်အသင်းသည် နောက်ဆုံး ငါးနှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်နိုင်ပြီးနောက် ချန်ပီယံလိဂ်သမိုင်း စာမျက်နှာကောင်းကို ထိန်းသိမ်းရန် လိုလားကြောင်း ပြောဆိုခဲ့ သည်။ ရီးရဲလ်အသင်းသည် ၂၀၁၄၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ချန်ပီယံလိဂ် ချန်ပီယံဆုများ ရယူနိုင်ခဲ့ပြီး မေ ၂၆ ရက် တွင် ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ တွင် ချန်ပီယံဆု ထပ်မံရယူနိုင်ခဲ့ပါက ချန်ပီယံလိဂ်ချန်ပီယံဆုကို သုံးနှစ်ဆက် တိုက်ရယူနိုင်သည့် ပထမဆုံးအသင်းဖြစ် လာမည်ဖြစ်သည်။

ရီးရဲလ်ဂိုးသမား နာဗက်စ်က အသင်းအနေဖြင့် အနိုင်ရလိုစိတ်ပြင်းထန်မှုကို ပြသနိုင်ခဲ့ကြောင်း၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ချန်ပီယံဆု ဆက်လက်ရယူနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂိုးသမား နာဗက်စ်က ‘ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်မှာ သမိုင်းမှတ်တိုင်တွေ စိုက်ထူခဲ့တယ်။ အသင်းဟာ ပြိုင်ပွဲပြီးဆုံးချိန်အထိ အနိုင်ရလိုစိတ်ကို ထိန်းသိမ်းရမှာ ဖြစ်တယ်။ ချန်ပီယံလိဂ် ချန်ပီယံဆုကို လက်လွတ်ဆုံးရှုံးခံဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ အသင်းဟာ အကောင်းဆုံး ပြင်ဆင်ရမယ်။ ပြိုင်ဘက်ကို လေးစားမှု ရှိရမယ်။၊ ဒါပေမဲ့ ကျွန်တော်တို့ဟာ ချန်ပီယံဆု ရယူနိုင်စိတ်အများကြီး ရှိပါတယ်’ဟု ပြောဆိုခဲ့သည်။

ရီးရဲလ်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့၌ ဘိုင်ယန်မြူးနစ်နှင့် နှစ်ဂိုးစီသရေကျခဲ့ရာ ပထမအကျော့က နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခြင်းကြောင့် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-သုံးဂိုးဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

-Ads-
-Ads-
-Ads-
-Ads-