အဆိုတော်၊ သရုပ်ဆောင် နန့်ချစ်နဒီဇော်နှင့် တွေ့ဆုံခြင်း

ဓာတ်ပုံ - ရွှန်းရွှန်း

“တေးသံရှင်နန့်ချစ်နဒီဇော်သည် ၂၀၁၃ ခုနှစ်က အိပ်မက်ဆုံရာ Season 4 တွင် 1st Runner Up ဆုကို ရရှိခဲ့ ရာမှ အနုပညာလောကသို့ဝင်ရောက်လာပြီး “တေးသီငှက်တို့ဒဏ္ဍာရီ”တေးစီးရီးကို ဟန်ထူးဈာန်၊ ဝိုင်းလေးတို့နှင့် အတူ ထုတ်ဝေခဲ့သည်။ သူမသည် ဘယ်ရည်းစားကိုအချစ်ဆုံးလဲ ရုပ်ရှင်ဇာတ်ကားနှင့် MRTV-4 တွင် ပြသလျက်ရှိ သော ကံကံ၏အကျိုး၊ အတုံ့အလှည့် ရုပ်သံဇာတ်လမ်းတွဲတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ လက်ရှိတွင် Surprise အမည်ရှိ တစ်ကိုယ်တော်အယ်လ်ဘမ် ကိုလည်း ထွက်ရှိနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ သူမနှင့် တွေ့ဆုံစဉ် သူမ၏အနုပညာလုပ်ငန်းများအကြောင်း မေးမြန်းခဲ့သည် –

မေး – နန့်ချစ်ရဲ့ Surprise အခွေလေးအကြောင်း မိတ်ဆက်ပေးပါဦး။

ဖြေ – နန့်ချစ်က ဒီအခွေကို လုပ်နေတာကြာပါပြီ။ ၂၀၁၃ ခုနှစ် အိပ်မက်ဆုံရာပြိုင်ပွဲပြီးကတည်းကပေါ့။ ဒါကပထမဆုံး မြန်မာ တစ်ကိုယ်တော် အခွေလို့ပြောလို့ရပါတယ်။ ရှေ့မှာ ကရင်ဘာသာစကားနဲ့ ယာတ်ာအဲဉ်ဆိလို့ နာမည်ရတဲ့ တစ်ခွေ ထွက်ထားပါတယ်။

-Ads-
-Ads-

မေး – အချိန်အကြာကြီး ပြင်ဆင်ထားတဲ့ ဒီအခွေကိုရော စိတ်ကျေနပ်မှုရှိရဲ့လား။

ဖြေ – နန့်ချစ်က ဘာပဲဖြစ်ဖြစ် အရမ်းချေးများတယ်။ ဖိနပ်ဖြစ်ဖြစ် အဝတ်အစားပဲဖြစ်ဖြစ်ပေါ့နော်။ အရမ်းကိုချေးများတဲ့သူ ကိုယ်မကြိုက်ရင် လုံးဝလှည့်မကြည့်ဘူး။ အဲဒီတော့ သေချာပြင်ဆင်တယ်။ ဒီအခွေထဲမှာပါတဲ့သီချင်းတွေကို နန့်ချစ်အကုန် သဘောကျတယ်။ စိတ်ကျေနပ်မှုလည်း ရှိပါတယ်။ ဒီအခွေထဲမှာတော့ သီချင်း ၁၃ ပုဒ်၊ တစ်ပုဒ်ကတော့ Bonus အနေနဲ့ ထည့်ပေးထားတယ်။ နန့်ချစ်ကြိုက် ပြီးတော့မထည့် လိုက်ရတဲ့သီချင်းတွေလည်း အများကြီးရှိပါသေးတယ်။ ငါးပုဒ်၊ ခြောက်ပုဒ်လောက်ရှိတယ်။ အဲဒါတွေကို နောက်တစ်ခွေမှာ ထည့်ဖို့ ပြင်ဆင်နေပါတယ်။

မေး – ဒီအခွေထဲက အကြောင်းအရာလေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ – အကြောင်းအရာတွေကတော့ ထူးထူးဆန်းဆန်းတွေပါပဲ။ နန့်ချစ်ရဲ့သီချင်းတွေကို နားထောင်ကြည့်လိုက်တာနဲ့ တစ်ပုဒ်ပုဒ်ကတော့ ပရိသတ်ရင်ထဲကို ထိမယ်ဆိုတာ သေချာပါတယ်။ သီချင်းတစ်ပုဒ်ပုဒ်ကတော့ ခံစားချက်ချင်းတိုက် ဆိုင်မယ်လို့ထင်ပါတယ်။ အဆွေးသီချင်းဆိုလည်း လုံးဝအဆွေးပါ။ အဲဒါတွေအတွက် တေးရေးဆရာတွေကလည်း အကောင်းဆုံးပုံဖော်ပေးထားပါတယ်။ ဒီအခွေထဲမှာ Electro တစ်ပုဒ်ပါတယ်။ Pop သီချင်းဘက်ကို သွားထားတာ တွေလည်း ရှိပါတယ်။Band နဲ့ ဆိုထားတာတဲ့ပုံစံလေးတွေလဲပါပါတယ်။

မေး – ဒီအခွေထဲမှာ ကိုယ်တိုင်ရေးထားတာလေးတွေပါလား။

ဖြေ – ဒီအခွေမှာ နန့်ချစ်ကိုယ်တိုင်ရေးတာ နှစ်ပုဒ်ပါပါတယ်။ Bonus ပါတဲ့ I Love You ရယ် နှစ်ပုဒ်ပါ။ ကိုယ်ရေးထား တဲ့ နှစ်ပုဒ်ကတော့ ကိုယ့်ခံစားချက်အတိုင်းပါပဲ။ တေးရေးဆရာတွေ ရေးပေးထားတဲ့ သီချင်းတွေကလည်း ကိုယ်ခံစားဖူးတဲ့ အတိုင်းရေးပေးထားတဲ့ သီချင်းတွေပါပဲ။

မေး – ကိုယ်တိုင်သီချင်းတွေ ရေးတယ်ဆိုတော့ ဘယ်အချိန်လောက်က စရေးဖြစ်တာလဲ။

ဖြေ – နန့်ချစ် သီချင်းရေးရင်သံစဉ်ကို အရင်ဆုံးရှာတယ်။ပြီးတော့မှ စာသားထည့်တယ်။ အခက်အခဲကတော့ အများကြီး ရှိတာပေါ့နော်။ နန့်ချစ်က သီချင်းရေးတဲ့သူမှ မဟုတ်တာကိုး။ ရေးချင်တဲ့ အကြောင်းအရာလေးတွေရှိလာရင်တော့ သံစဉ် လေးတွေ အရင်ဆုံးရှာပြီးမှ သီချင်းစရေးပါတယ်။

မေး – ညီမဖြစ်သူနဲ့ဆိုထားတာ တစ်ပုဒ်ပါတယ်လို့ သိရပါတယ်။ အဲဒီသီချင်းလေးအကြောင်း ပြောပြပေးပါဦး။

ဖြေ – ညီမလေးနဲ့ဆိုထားတာက နေမင်းကြီးနဲ့ လမင်းသခင် သီချင်းပါ။ ဒီသီချင်းလေးက မိဘမေတ္တာအကြောင်း ရေးထား တဲ့ သီချင်းပါ။ ပြီးတော့ အမေနဲ့အဖေရဲ့ဆန္ဒကြောင့် ဒီသီချင်းလေး ကို ညီအစ်မနှစ်ယောက်ဆိုထားတာပါ။ ကိုယ်ကကိုယ့် မိဘကို ပြန်အော်မိရင်တောင် မျက်ရည်ကျလောက်တဲ့သီချင်းလေးပါ။ နေမင်းကြီးကတော့ အဖေပါ၊ လမင်းသခင်ကတော့ အမေပေါ့နော်။ အမေနဲ့ အဖေရဲ့မေတ္တာအကြောင်းကိုထဲထဲဝင်ဝင် စာသားလှလှလေးတွေနဲ့ ရေးထားတဲ့သီချင်းလေး တစ်ပုဒ်ပါ။

မေး – သီချင်းတွေလည်းဆို သရုပ်ဆောင်လည်း လုပ်တယ်ဆိုတော့ ဘယ်ဘက်ကို ပိုအားသန်လဲ။

ဖြေ – အားသန်တာကတော့ သီချင်းဆိုတာပါ။ သီချင်းဆိုတာ ကိုပဲဦးစားပေးပြီးတော့ လုပ်ဖြစ်မှာပါ။ တစ်ခါတစ်ခါ ကိုယ်နဲ့ လိုက်တဲ့ ကာရိုက်တာတွေနဲ့ကမ်းလှမ်းရင်တော့ လက်ခံပြီး ရိုက်ကူးဖြစ်မှာပါ။ ကိုယ်လုပ်နိုင်တယ်လို့ထင်တဲ့ ပုံစံမျိုးဆိုရင် ပေါ့။ နန့်ချစ်ပုံစံဆိုရင် Fighting ပုံစံမျိုးဆိုမရဘူး။ Drama ဆိုရင်တော့ နန့်ချစ်လုပ်နိုင်သလောက် အကောင်းဆုံးဖြစ် အောင်ကြိုးစားပြီး သရုပ်ဆောင်သွားပါမယ်။

မေး – ဘယ်အပိုင်းက ပိုပြီးခက်ခဲတယ်လို့ထင်လဲ။

ဖြေ – သရုပ်ဆောင်တဲ့အပိုင်းက ပိုခက်ခဲပါတယ်။ သင်တန်းတွေလည်း တတ်ထားတာမဟုတ်တော့ တော်တော်လေး ခက်ခဲတယ်။ သီချင်းဆို တာကတော့ အရင်ကတည်းက ဝါသနာပါတာဆိုတော့ အဆင်ပြေပါတယ်။

မေး – ဒီအခွေထွက်ပြီးရင်လုပ်မယ့်အနုပညာအလုပ်တွေ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ – အခွေထွက်ပြီးတော့ ဇွန် ၆ရက်မှာ ဩစတေးလျကို သွားရပါမယ်။ အဲဒီမှာ ပွဲသုံးပွဲလေးပွဲလောက်ဖိတ်ထားပါတယ်။ သီချင်းသွားဆိုပါမယ်။ တစ်လလောက်ကြာမယ်ဆိုတော့ MTV လေးတွေလည်း ရိုက်ခဲ့ဖို့ရှိတယ်။ သရုပ်ဆောင်အလုပ် အတွက် ကတော့ နန့်ချစ်ကို ကမ်းလှမ်းလာသမျှအကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ။

မေး – ပရိသတ်ကြီးအတွက် စကားလေးလက်ဆောင် ပြောပေးပါဦး။

ဖြေ – နန့်ချစ်ရဲ့ အနုပညာအစအိပ်မက်ဆုံရာမှာ ကတည်းကအားပေးနေတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မေ ၂၀ ရက် ညနေ ၃ နာရီမှာ အခုထွက်ရှိတဲ့ Surprise အခွေ Promotion ပွဲ လေးရှိပါတယ်။ ပရိသတ်ကြီးကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

-Ads-
-Ads-