အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ စတင်

ရန်ကုန်၊ မေ-၁၈

မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၄၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲကို မေ ၁၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ပြိုင်ပွဲခန်းမ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် အမြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ယင်းပြိုင်ပွဲမှ မြန်မာပြည် စစ်တုရင် ချန်ပီယံ ထွက်ပေါ်လာမည်ဖြစ်သည်။ ပြိုင်ပွဲကို ပထမအဆင့်လက်ရည်စစ်ပြိုင်ပွဲ၊ ဒုတိယအဆင့် လက်ရည်စစ်ပြိုင်ပွဲတို့မှ လက်ရည်စစ်အောင်မြင်လာသူ ၁၂ ဦးနှင့် ပြီးခဲ့သည့် (၄၃)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲမှ မြန်မာ့လက်ရွေးစင် ကစားသမားလေးဦး၊ စုစုပေါင်း ၁၆ ဦး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

-Ads-
-Ads-

ပါဝင်ယှဉ်ပြိုင်သော ကစားသမားများမှာ (၁) IMဝင်းဇော်ထွန်း၊ (၂) FMကျော်လင်းနိုင်၊ (၃) IMနေဦးကျော်ထွန်း၊ (၄) ရဲလင်းထိုက်၊ (၅) မြတ်မင်း၊ (၆)FM သက်နောင်၊ (၇)IMမျိုးနိုင်၊ (၈)IMမြင့်ဟန်၊ (၉)ဌေးမင်းလွင်၊ (၁၀)ညီညီလွင်၊ (၁၁)အောင်ပိုင်စိုး၊ (၁၂) ဝံ့သူ၊ (၁၃) သန်းမင်းလှိုင်၊ (၁၄)FMဖြိုးချစ်၊ (၁၅)မျိုးထက်၊ (၁၆)ခင်သန်း၊ တို့ ဖြစ်ကြသည်။

ပြိုင်ပွဲကို မေ ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုကြေးများအဖြစ် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်း၊ စတုတ္ထဆု ကျပ်တစ်သိန်း ချီးမြှင့်သွားမည် ဖြစ်သည်။

-Ads-
-Ads-