ဖလားနှစ်လုံးအောင်မြင်မှုအတွက် ဂျူဗင်တပ် မြို့ပတ်အောင်ပွဲခံ

ဂျူဗင်တပ်အသင်းသည် ယခုရာသီ၌ ခုနစ်ရာသီဆက်တိုက် စီးရီးအေ ချန်ပီယံဆုအပြင် အေစီမီလန်ကို လေးဂိုး ပြတ်အနိုင်ရပြီး ကိုပါအီတာလီယာဖလားလည်း ရယူနိုင်ခဲ့ ခြင်းကြောင့် မေ ၂၀ ရက်
၌ အမိုးဖွင့်ဘတ်စ်ကားဖြင့် တူရင်မြို့ပတ်အောင်ပွဲခံခဲ့ရာ တစ်မြို့လုံးနီးပါး လမ်း
များအပြည့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ဂျူဗင်တပ်အသင်းသည် ပြီးခဲ့သည့် တစ်ပတ်က ရိုးမားနှင့် ဂိုးမရှိသရေ ကျပြီးကတည်းက စီးရီးအေချန်ပီယံဆုကိုရခဲ့ပြီးဖြစ်သော်လည်း ရာသီသိမ်းပွဲတွင်ဗီရိုနာကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူကာအသင်းမှ ဝါရင့်ဂိုးသမားကြီး ဘူဖွန်နှုတ်ဆက်ပွဲအဖြစ် ဘူဖွန်ကို ဝန်းရံဂုဏ်ပြုပေး
ခဲ့ကြသဖြင့် ဘူဖွန်အတွက် အကောင်းဆုံးနှုတ် ဆက်ပွဲဖြစ်ခဲ့သည်။

မြို့ပတ်အောင်ပွဲခံမှုတွင် ပရိသတ်များသည် ဘူဖွန်ကို ကျေးဇူးအထူးတင်
ကြောင်း ဟစ်ကြွေးခဲ့ကြပြီး နေ့အလင်းရောင်အောက်တွင်ပင် မီးကျည်မီးပန်းများပစ်ဖောက်အောင်ပွဲခံခြင်းဖြင့် ဂျူဗင်တပ်အသင်းကို ခမ်းနားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။