နေပြည်တော်-ပြည် အဆန်ရထား တွဲချော်မှုဖြစ်ပွား

အောင်လံ၊ မေ-၂၇

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်နယ်မြေ ရဲစခန်း၏ တောင်ဘက် တစ်မိုင်ခွဲခန့်အကွာ ချောင်းကောက်ကျေးရွာအုပ်စု ကိုးပင်ကျေးရွာ အနီး ရထားလမ်း မိုင်တိုင် (၂၂၇/၇)နှင့် (၂၂၈/ ၀)အကြားတွင် နေပြည်တော်မှ ပြည် သို့ ရထားစက်ခေါင်းမောင်း ဦးခင်မောင်အေး၊ ရထားတွဲထိန်း ဦးမျိုးဦးတို့ မောင်းနှင်လာသည့် စက်ခေါင်းအမှတ် (RBE -5050) အမှတ် (၁၀၉)အတွဲနှစ်တွဲပါ အဆန်ရထားသည် ခရီး သည် ကျား ၂၃ ဦး၊ မ ၂၇ ဦး ပေါင်း ၅၀ တို့ အား တင်ဆောင်ပြီး မောင်းနှင်လာစဉ် ရထားစက် ခေါင်း ရှေ့ဘီးချော်၍ လမ်းဝဲဘက်ခြမ်းသို့ တိမ်း စောင်းသွားခဲ့သည်။

ရထားတွဲချော်မှုကြောင့် ရထားဝန်ထမ်းများနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရထားတွဲချော်မှုအား ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ရထားဝန်ထမ်းများကစက်မှုဌာန (နေပြည်တော်ရုံးချုပ်)သို့ တင်ပြဆောင်ရွက်ခဲ့ရာ ရန်ကုန်ဘူတာ သို့မဟုတ် တောင်တွင်းကြီးဘူတာမှ ရထားတွဲစက်ပြင်အဖွဲ့အား ကရိန်းရထားဖြင့် ရထားသံလမ်းပေါ်သို့ပြန်လည်မတင်ဆောင်ရွက်ရန် စေလွှတ်သွားမည်ဖြစ်ပြီး ရထားလမ်းပျက်စီးမှုအား ကိုးပင်ဘူတာမှ အငယ်တန်း အင်/ယာ (၁) ဦးတင်ဆွေဦးပါ ၀န်ထမ်း ၁၀ ဦး၊ ပြည်ရထားရဲတပ်ဖွဲ့စခန်းမှ ဒုတပ်ကြပ်ဝင်းဇော်ပါ တပ်ဖွဲ့ဝင်သုံးဦး၊ ကိုးပင်နယ်မြေရဲစခန်းမှ ရဲအုပ်မျိုးညွန့် ဦးစီးပါ တပ်ဖွဲ့ဝင်ခုနစ်ဦးမှ ရထားတွဲ ပြန်လည်ထွက်ခွာနိုင်ရေးနှင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီးခရီးသည်များအား ၎င်းတို့သွားရောက်လိုသည့် ခရီးစဉ်အတိုင်း သွားရောက်နိုင်ရေးအတွက် ရထားဝန်ထမ်းများက FAW ကားနှစ်စီးဖြင့် ကားဂိတ်အသီးသီးသို့ လိုက်လံစီစဉ်ပို့ဆောင်
ပေးခဲ့သည်။

-Ads-
-Ads-
-Ads-
-Ads-