လက်ထပ်ပွဲကျင်းပမယ့်နေရာနဲ့ နေ့ရက်ကို ကြေညာလိုက်တဲ့ ကစ်ဟာရင်တန်နဲ့ ရို့စ်လက်စ်လိုင်း

Game of Thrones ရုပ်သံဇာတ်လမ်းတွဲရဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ကစ်ဟာရင်တန်နဲ့ ရို့စ်လက်စ်လိုင်း တို့ဟာ လက်ထပ်ပွဲကျင်းပမယ့်နေရာနဲ့ ကျင်းပမယ့်နေ့ရက်ကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

သူတို့စုံတွဲဟာ ဇွန်၂၃ရက်မှာ စကော့တလန်နိုင်ငံ အပ်ဘာဒင်းရှိုင်းယားဒေသက ဟန်တလေမှတ်ပုံတင်ရုံးမှာ လက်မှတ် ရေးထိုးပြီးတဲ့နောက် လက်ထပ်ပွဲကျင်းပမှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၂ခုနှစ်က စိတ်ကူးယဉ်ဆန်ဆန် သူရဲကောင်းဇာတ်လမ်းတွဲကို ရိုက်ကူးချိန်မှာ ဆုံတွေ့ခဲ့တာဖြစ်ပြီး ဒီဇာတ်ကားမှာ သူတို့က ချစ်သူတွေဖြစ်တဲ့ Jon Snow နဲ့ Ygritte တို့ နေရာက ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါ တယ်။ သူတို့ရဲ့ စေ့စပ်သတင်းကိုတော့ ပြီးခဲ့တဲ့နှစ်က တိုင်းမ် သတင်းစာမှာ ဖော်ပြခဲ့တာပါ။

စကော့တလန်ရဲ့ အလှပဂေးရို့စ်က အသက် (၃၁)နှစ်ရှိပြီဖြစ်သလို ကစ်ကလည်း (၃၁) နှစ်ပါပဲ။ သူတို့နှစ်ဦးဟာ Game of Thronesဇာတ်ကားမှာ လူကြိုက်အများဆုံး သရုပ်ဆောင်တွေဖြစ်တယ်ဆိုပေမယ့် တခြားဇာတ်လမ်းတွဲတွေ မှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။