သီချင်းများ ပြန်လည်သီဆိုတော့မည့် အေသင်ချိုဆွေ

ဓာတ်ပုံ-အေသင်ချိုဆွေဖေ့စ်ဘွတ်ခ်

ရန်ကုန်၊ မေ-၃၀

တေးသံရှင်အေသင်ချိုဆွေသည် ဂီတလောကနှင့် အဆက်အသွယ်ပြတ်နေပြီဖြစ်သော်လည်း ယခုအခါတွင် သီချင်းများ ပြန်လည်သီဆိုတော့မည်ဖြစ်ကြောင်း သိရသည်။

ပရိသတ်နှင့် သုံးနှစ်တာမျှ အဆက်အသွယ်ပြတ်နေခဲ့သည့် တေးသံရှင်အေသင်ချိုဆွေသည် ယခုအခါ သီချင်းများ စတင် စုဆောင်းနေပြီဖြစ်ပြီး သူမကိုအားပေးနေသော ပရိသတ်များရှိနေသေးသည့်အတွက် ဝမ်းသာကြောင်းလည်း သူမကပြော သည်။

-Ads-
-Ads-

“အေသင်က ပရိသတ်နဲ့ သုံးနှစ်လောက်ဝေးနေခဲ့တယ်။ အဲဒီအချိန်မှာ အေသင်က အခွေလည်း ထပ်မလုပ်ဖြစ်တော့ဘဲ ပရိသတ်နဲ့ဝေးနေခဲ့တယ်။ အနုပညာအလုပ်တွေ ပြန်ပြီးလုပ်ရမှာလည်း ယုံကြည်ချက်မရှိတော့ဘူး။ ပြီးတော့ အေသင်က ၀တဲ့မျိုးရိုးလည်းရှိတော့ အပြင်သွားရင်တောင် ရုပ်ဖျက်ပြီးသွားရတာမျိုးရှိတယ်။ အခုအချိန်မှာတော့ အစားလည်းလျှော့ စားတယ်။ ဝိတ်ထိန်းတယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာပြီ။ နောက်တစ်ခုက ကိုယ့်ကိုအားပေးနေ သေးတဲ့ ပရိသတ်တွေရှိနေသေးတယ်ဆိုတာ သိရတဲ့အတွက် အနုပညာအလုပ်တွေပြန်ပြီးလုပ်ဖို့ အင်အားတွေရှိလာ တယ်။ သီချင်းတွေလည်း ဆိုသွားဦးမှာပါ”ဟု တေးသံရှင်အေသင်ချိုဆွေက ပြောသည်။

တေးသံရှင်အေသင်ချိုဆွေသည် ပေါင် ၂၃၀ အထိ ဝိတ်တက်ခဲ့၍ စိတ်ဓာတ်ကျခဲ့သော်လည်း ယခုအခါတွင် သူမကိုအား ပေးနေသည့် ပရိသတ်များရှိနေသည့်အတွက် စိတ်အားမလျှော့ဘဲ သီချင်းများသီဆိုသွားမည်ဟုပြောသည်။ တေးသံရှင် အေသင်ချိုဆွေသည် ပေါက်တဲ့အိုး၊ အနီးဆုံးသူနမ်းမှာလားနှင့် Playboyz စသော တေးအယ်လ်ဘမ်သုံးခု ထွက်ရှိထား သည့် အဆိုတော်တစ်ဦးလည်း ဖြစ်သည်။

-Ads-
-Ads-